Thursday, March 28, 2013

How disable and enable usb ports (Without Software)


Post ၁ ခုလောက်လည်း တင်ချင်တယ် ။ ဘာတင်ရမလဲ ဆိုတာလည်းမသိ ။ အပျင်းကလည်းတစ်နေသေးတယ် ။ ဘော်ဒါ ၁ ယောက်က သူ့ စက်မှာ Usb port တွေကို ပေးမသုံးချင်လို့တဲ့ ။ မကူးစေချင်တာလည်း ဖြစ်မှာပေါ့ ။ အဲ့ဒါဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုလို့ Software တွေလည်း မပေးချင်တာနဲ့ Register မှာ ဝင်ပြင်တဲ့ ဟာလေးနဲ့ Command ကနေ ပြောင်းတဲ့ ဟာလေးကို တွေ့လို့ပြန် Share ပေးလိုက်ပါတယ် ။ ၁ ခုခု ဆို Software ဆိုတာကြီး ကိုတန်းတ နေရတာ အလုပ်ရှုပ်တယ်လို့ ခံစားမိလာလို့ပါ ။ တတ်နိုင်သလောက် ကိုယ့် PC ထဲက ဟာနဲ့ ပဲ လုပ်လို့အဆင်ပြေရင် ကောင်းတယ်လို့ထင်တာပဲ ။ ၁ ခုတော့ ရှိတယ် ကိုယ့်စက်ကို ဝင်ကိုင်ခွင့်ပေးလိုက်ပီ ဆိုကတည်းက ပြန်ပီး hack သွားလို့ရနိုင်တယ် ဆိုတာတော့ မမေ့နဲ့ပေါ့ဗျာ ။ ဘာလို့လဲ ဆိုတော့ ကိုယ့် စက်၁ခုလုံးတောင် သုံးခွင့်ပေးထားမိတာကိုး ။ ထားပါတော့ ခု ကတော့ Admin Right ကနေလုပ်ရမယ့် ဟာလေးတွေဖြစ်ပါတယ် ။

Sunday, March 24, 2013

You have been denied permission to access this folder.


Network မှာ Folder တွေကို Share ပေးတဲ့အခါမှာ ကိုယ်ပေးလိုက်တဲ့ အပိုင်း Folder ထဲမှာမှ ကိုယ်မပေးချင်တဲ့ Folder တွေ ကို Permission ပိတ်ထားတတ်ကြတယ် ။ ဒါမှမဟုတ်လည်း User အများကြီးသုံးတဲ့ စက်မှာ ကိုယ်ကပဲ ဝင်လို့ရအောင် Security ပိုင်းအရ Permission တွေပိတ်ထားလို့ရတယ် ။ ဒီ User နဲ့ ဝင်မှပဲ ရမယ် ။ တခြားသူကို မရအောင်ပေါ့ ။ အဲ့အချိန်မှာ Window Version တင်တာပဲ ဖြစ်ဖြစ် Window ထပ်တင်တာပဲ ဖြစ်ဖြစ်လုပ်လိုက်တဲ့ အချိန်မှာ ကိုယ် Permission တွေ ပေးထားခဲ့တဲ့ Folder တွေက ဝင်မရပဲ ဖြစ်သွားတတ်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ Owner ပြောင်းသွားတဲ့အတွက် သူက ကိုယ့်ကို ပိုင်ရှင်မှန်းမသိတော့တဲ့ အတွက် Security အရ ပေးဝင်ခွင့်မပေးတော့တာပဲ ဖြစ်ပါတယ် ။ အဲ့လိုမျိုး ကျွန်တော့်အသိ ၁ ယောက် ဖြစ်တော့ အလွယ်ဆုံး ဘယ်လို ဖြေရှင်းရမလဲ လိုက်ရှာရင်း တွေ့တာလေး Share ပေးလိုက်ပါတယ် ။ ကိုယ်ဖြစ်ခဲ့ရင်ပဲ ဖြစ်ဖြစ် အသိမိတ်ဆွေတွေ ဖြစ်ခဲ့ရင်ပဲ ဖြစ်ဖြစ် အသိပညာအနေနဲ့ မှတ်ထားချင်ပဲ ဖြစ်ဖြစ် အဆင်ပြေအောင်ပါ ။

Wednesday, March 20, 2013

MyLanViewer Network/IP Scanner


Network scan တွေကို တွေ့လိုက် ကြိုက်လိုက် တင်ပေးလိုက်နဲ့ တော်တော်လေးကို များလာပီ ။ :P
ကိုယ့် Network မှာ သုံးနေတဲ့ စက်တွေရဲ့ Detail လေးတွေ တော်တော်လေးကို တွေ့နိုင်ပါတယ် ။ဒါလေးလည်း တော်တော်လေးကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်တဲ့ IP scanner လေးပဲ ဖြစ်ပါတယ် ။ သုံးရတာလည်း လွယ်ပါတယ် ။ ပြထားတဲ့ Detail လေးတွေကလည်း တော်တော်လေးကို ပြည့်စုံတာတွေ့ရပါတယ် ။ UI လေးကလည်း မဆိုးဘူးဗျ ။

Auto Power-on & Shut-down


Shut-down ကတော့ Schedule နဲ့ ပေးတာ Command လောက်နဲ့တင်အဆင်ပြေပေမယ့် Schedule နဲ့ Power On ဖို့အတွက်တော့ ခေါင်းစားဖူးတယ် ။ (ကျွန်တော်တော့ Command နဲ့ Power On ကို Schedule မပေးတတ်ဘူး ) ဒါလေးကတော့ Power On / Shut down တွေကို Schedule နဲ့ အလွယ်တကူပေးထားလို့ရတဲ့ Software လေး ၁ ခုပဲ ဖြစ်ပါတယ် ။

Tuesday, March 19, 2013

Connectify Hotspot Pro


ခု ၁ လော အလုပ်တွေကလည်းများတယ် ။ Connection တွေကလည်း ၁ ဖုန်းဖုန်း ။ တတ်နေတာတော့ မဟုတ် ကျနေတာ ။ အဲ့လိုနဲ့ ပဲ ဘာမှ မတင်ဖြစ်တာကြာနေပီ ။ ခုတော့ အားတုန်းလေး ၁ ခုခု တင်ပေးမလို့ တွေးနေတုန်း Connection တွေကလည်း ကျကျ နေတတ်တာကြောင့် Connection တွေ ပေါင်းတာလေး တင်ပေးလိုက်ပါတယ် ။ ပုံမှန် Connection တွေကို ပေါင်းမယ်ဆိုရင် OS မှာ Setting တွေကို ကလိနေရတာနဲ့ ပဲ End User တွေ အတွက် လုံးလုံးကို အဆင်မပြေဘူး ။ အဲ့တော့ Connection တွေကို လွယ်လွယ်ကူကူပေါင်းလို့ အဆင်ပြေတဲ့ Connectify Hotspot လေးကို Share လိုက်ပါတယ် ။ ဒါလေးက Hostspot လည်း ပြန်လွှင့်ပေးတာ အဆင်ပြေတယ် ။

Tuesday, March 12, 2013

Wireless Network Watcher


ကိုယ်ရဲ့ Network က လေးနေလို့လား ။ ဒါဆိုဘယ်သူတွေ သုံးနေလဲ ? ကိုယ့် သုံးနေတဲ့ Network ထဲမှာ ဘယ် ၂ ယောက်သုံးနေလဲ ဆိုတာမျိုးသိချင်တယ်ဆိုရင် Command ကနေ net view ဖြစ်ဖြစ်ကြည့်လို့ရတယ်ဆိုတာ သိပီးသားဖြစ်မှာပါ ။ ဒါပေမယ့် net view က အပြည့်အစုံ မဖော်ပြနိုင်ပါဘူး ။ Ping Request ပိတ်ထားတဲ့ စက်တွေလိုမျိုးပေါ့ ။ ထားလိုက်ပါတော့ ခုပြောချင်တာကတော့ ကိုယ့် Network ထဲမှာ သုံးနေတဲ့ စက်တွေ အားလုံးကို သေချာ သိနိုင်တဲ့ Software လေး ၁ ခုပဲဖြစ်ပါတယ် ။

Convert FAT32 to NTFS With Command (Without Formatting or Losing Data)


Fat 32 ကနေ Ntfs ကို ချိမ်းဖို့ လိုလာတဲ့ အချိန်တွေက 4GB ထက်ကြီးတဲ့ File ကို Copy လုပ်ပီးထည့်တော့မယ်ဆိုမှ ပြဿနာက စတော့တာပါပဲ ။ ပုံမှန်အားဖြင့် Pen Drive တွေ စပေါ်တုန်းက 4GB လောက်တုန်းက 4GB ထက်ကြီးတဲ့ File ကူးဖို့ဆိုတာလည်းမရှိပါဘူး ။ နောက်ပိုင်း 16GB တို့ 32GB တို့ ပေါ်လာတဲ့အချိန်ကျမှ ISO ပဲ ဖြစ်ဖြစ် Mp4 လို ဖိုင် Size အကြီးတွေကူးတော့မှ သိသာလာတာပါပဲ ။ Window တွေ စတုန်းကတော့ Fat သုံးလာပေမယ့် နောက်ပိုင်းမှာ Window က ntfs system ကိုပြောင်းသုံးလာပါတယ် ။ Mac ကတော့ ကျွန်တော်သိသလောက် ခုချိန်ထိ fat သုံးတုန်းလို့ပဲ သိပါတယ် ။ ထားပါတော့ ဖောတာလည်း နည်းနည်းများသွားပီ ။ အဲ့လို ကိုယ် Data သိမ်းမယ့် System က Fat လည်းဖြစ်နေပီ ။ Data တွေလည်း မပျက်ချင် ။ သိမ်းရမယ့်နေရာလည်းမရှိ ။ Software ကလည်း ဘာသုံးရမှန်း မသိဘူးဆိုရင်တော့ စိတ်ညစ်စရာ အခြေအနေ ကိုရောက်သွားပါပီ။ ခုပြောမယ့် fat32 to ntfs ကတော့ convert command လေးပဲ ဖြစ်ပါတယ် ။

Friday, March 8, 2013

IObit Unlocker 1.0


အရှေ့ Post ၁ ခုမှာ Folder တွေကို Delete လုပ်လို့မရအောင် ။ Delete လုပ်လို့ရအောင် bat file လေးတွေနဲ့ ဆေးထိုးထားတယ် ။ :D ဒါလေးကတော့ Delete လုပ်လို့ မရအောင်လုပ်ထားတာမဟုတ်ပဲ ဒီတိုင်းဘယ်လိုမှ ကို ဖျက်လို့ နာမည်ပြင်တာတို့ လုပ်လို့မရဘူးဖြစ်နေတာ ။ တခြား System file ထဲမှာ အလုပ်လုပ်နေလို့ Delete / Rename စသဖြင့် Permission ပိတ်နေတာကိုကို Unlock လုပ်ပေးတဲ့ Software လေး ၁ခုပဲ ဖြစ်ပါတယ် ။ Window xp လောက်တုန်းကတော့ i locker လေး သုံးဖြစ်ပေမယ့် 7 / 8 တို့ကျတော့ အဆင်မပြေတော့ဘူး ။ ဒီကောင်လေးကတော့ window xp ကအစ 8 အထိ အဆင်ပြေပါတယ် ။ ကျွန်တော်ကတော့ ခု Window 8 နဲ့ စမ်းတာအဆင်ပြေပါတယ် ။

How To Lock and Unlock (Without Software)


Folder တွေ ကို ဘာ Software မှ မပါပဲ Lock / Unlock လုပ်တာလေးပါ ။ ဒီ Lock / Unlock ဆိုတာက Folder ကို ပိတ်ထားတာမဟုတ်ပဲ ဖျက်လို့မရအောင်လုပ်ထားတာ ဖျက်လို့ ပြန်ရအောင်လုပ်တာ ကို ပြောချင်တာပါ ။ ဘယ်နေရာမှ အသုံးဝင်လဲဆိုရင်တော့ ကိုယ်မဖျက်စေချင်တဲ့ Folder တွေ ရှိတယ် မှားဖျက်မိမှာ ဆိုးတဲ့အချိန်မှာ သုံးထားရင် အသုံးဝင်ပါတယ် ။ Lock လုပ်လိုက်ရင် Control Panel ထဲမှာ သွားမှတ်ထားမယ် ။ Unlock လုပ်လိုက်ရင်တော့ Control Panel ထဲက နေပြန်ဖျက်ပေးလိုက်တာပါ ။ ဒါလေး စမ်းတုန်းက Lock လုပ်တာကတော့ အဆင်ပြေပါရဲ့ ။ Unlock ပြန်လုပ်ရင် ချက်ချင်းကြီး ပြန်ဖျက်လို့မရတာမျိုးဖြစ်ပါတယ် ။ Window explorer ကို Restart ပြန်လုပ်မှ အဆင်ပြေပါတယ် ။ ကလိချင်တဲ့သူတွေ ကလိလို့ရအောင်နဲ့ သတိထားလို့ရအောင်ပါ ။

folder lock 7.1.8


File တွေ Folder တွေ Drives တွေ ပိတ်ထားချင်တယ် တခြားသူ ဖွင့်မကြည့်စေချင်ဘူးဆို သုံးလို့ ကောင်းတဲ့ Software လေး ၁ ခုပဲ ဖြစ်ပါတယ် ။ Drives တွေ ကို ပိတ်ချင်တယ်ဆိုရင် Window Vista နောက်ပိုင်းကနေ Window မှာ ကိုယ်ပိုင် ပါလာပီးသားဖြစ်တဲ့ Bitlocker ကို သုံးလို့တော့ရပါတယ် ။ ဒါပေမယ့် Encrypt လုပ်တာတော့ တော်တော်ကြာတယ်လို့ထင်တာပဲ ။ ဒါလေးကတော့ Lock တွေ Encrypt တွေ လုပ်တဲ့အထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Software လေး ၁ ခုပဲ ဖြစ်ပါတယ် ။

Text to Voice ( Use Notepad )


ဒါလေး ကတော့ Computer ကနေ ကိုယ်ရေးလိုက်တဲ့ စာသားကို အသံပြန်ထွက် ပေးအောင် Notepad ကိုအသုံးပြုတဲ့ နည်းပဲ ဖြစ်ပါတယ် ။ Notepad ကနေ တခါတည်း ပုံသေရေးထားတဲ့ Text ကို Run လိုက်တာနဲ့ အသံထွက်ပေးတဲ့ နည်းနဲ့ ကိုယ်ကြိုက်တာ ရေးထည့်ပီး ပြန်အသံထွက်ပေးတဲ့ နည်း ၂ မျိုးကိုလုပ်ပြပါ့မယ် ။ ကျွန်တော်လည်း ဒီ နည်း ၂ ခုပဲ သိလို့ပါ ။ သိတယ်ဆိုရင် ပြန် Share ပေးပါဦး ။ :D

Thursday, March 7, 2013

Text To Speech # Voice # -- (Balabolka)


ဒါလေးကတော့ Text to speech ပြောင်းပေးနိုင်တဲ့ software လေးပဲ ဖြစ်ပါတယ် ။ အသံထွက်ကိုလည်း Voice အနေ နဲ့ သိမ်းထားလို့ရပါတယ် ။ Eng စာအုပ်တွေကို ဖတ်ခိုင်းပီး နားထောင်းတာမျိုး အသံထွက် ဘယ်လိုထွက်မလဲ ဆိုတာမျိုးကို ကြမ်းဖြင်း အသံထွက်ပေးနိုင်တဲ့ App လေးပဲ ဖြစ်ပါတယ် ။ Window ကနေ ဘာ Software မှ မလိုပဲ script ရေးပီး အသံထွက်ခိုင်းလို့ ရပေမယ့် End User တွေအတွက် Software လေးတွေက ပိုအဆင်ပြေတတ်ပါတယ် ။ voice အနေနဲ့ သိမ်းဖို့အတွက် ကျတော့ ဒါလေးတွေက ပိုအဆင်ပြေတာပေါ့ ။