Tuesday, March 12, 2013

Convert FAT32 to NTFS With Command (Without Formatting or Losing Data)


Fat 32 ကနေ Ntfs ကို ချိမ်းဖို့ လိုလာတဲ့ အချိန်တွေက 4GB ထက်ကြီးတဲ့ File ကို Copy လုပ်ပီးထည့်တော့မယ်ဆိုမှ ပြဿနာက စတော့တာပါပဲ ။ ပုံမှန်အားဖြင့် Pen Drive တွေ စပေါ်တုန်းက 4GB လောက်တုန်းက 4GB ထက်ကြီးတဲ့ File ကူးဖို့ဆိုတာလည်းမရှိပါဘူး ။ နောက်ပိုင်း 16GB တို့ 32GB တို့ ပေါ်လာတဲ့အချိန်ကျမှ ISO ပဲ ဖြစ်ဖြစ် Mp4 လို ဖိုင် Size အကြီးတွေကူးတော့မှ သိသာလာတာပါပဲ ။ Window တွေ စတုန်းကတော့ Fat သုံးလာပေမယ့် နောက်ပိုင်းမှာ Window က ntfs system ကိုပြောင်းသုံးလာပါတယ် ။ Mac ကတော့ ကျွန်တော်သိသလောက် ခုချိန်ထိ fat သုံးတုန်းလို့ပဲ သိပါတယ် ။ ထားပါတော့ ဖောတာလည်း နည်းနည်းများသွားပီ ။ အဲ့လို ကိုယ် Data သိမ်းမယ့် System က Fat လည်းဖြစ်နေပီ ။ Data တွေလည်း မပျက်ချင် ။ သိမ်းရမယ့်နေရာလည်းမရှိ ။ Software ကလည်း ဘာသုံးရမှန်း မသိဘူးဆိုရင်တော့ စိတ်ညစ်စရာ အခြေအနေ ကိုရောက်သွားပါပီ။ ခုပြောမယ့် fat32 to ntfs ကတော့ convert command လေးပဲ ဖြစ်ပါတယ် ။
ခုလုပ်တဲ့ နည်းက Data မပျောက်ဘူး ဆိုပေမယ့် ၁ နေရာရာမှာ သိမ်းထားနိုင်ရင်တော့ ပိုကောင်းပါတယ် ။ Backup လုပ်ထားတယ် ဆိုတာက ဘယ်တော့မှ မမှားဘူးလေ ။

FAT 32 to NTFS

1 - My Computer ကနေ ကိုယ် ပြောင်းချင်တဲ့ Device ရဲ့ Drive letter ကို မှတ်ထားပါ ။  ( Eg - (g:) )

2 - Win+r (or) run > cmd ဆိုပီး OK နှိပ်လိုက်ပါ ။ Command box  ပေါ်လာပါမယ် ။

3 - chkdsk g: /f  ဆိုပီး Enter နှိပ်ပါ ။ chkdsk ဆိုတာကတော့ ကိုယ်လုပ်မယ့် Device ကို စစ်ဆေးတဲ့ command ပါ ။ (g: ဆိုတာက ကိုယ်ပြောင်းမယ့် Device ရဲ့ letter ပါ)

4 - Convert G: /FS:NTFS ဆိုပီး Enter နှိပ်ပါ ။ G ကို Fat ကနေ Ntfs ကို ပြောင်းနေပါပီ ။ ခဏစောင့်ပီးရင် successful ဆိုပီး ပီးသွားပါလိမ့်မယ် ။

5 - ကိုယ်ပြောင်းလိုက်တဲ့ Device မှာ Right Click > properties ဆိုပီး ကြည့်လိုက်ရင် File System မှာ NTFS ဆိုပီး ပြောင်းပီးသားဖြစ်နေပါပီ။


ဒီနည်းနဲ့တော့ NTFS ကနေ FAT 32 ကိုပြန်ပြောင်းလို့ မရပါဘူး ။ ပြန်ပြောင်းချင်တယ်ဆိုရင်တော့ Format ရိုက်ပီး Convert ပြန်လုပ်မှပဲ ရပါလိမ့်မယ့် ။

format G: /FS:FAT32

 အားလုံး ပျော်ရွှင်နိုင်ကြပါစေ ။

No comments:

Post a Comment