Friday, March 8, 2013

How To Lock and Unlock (Without Software)


Folder တွေ ကို ဘာ Software မှ မပါပဲ Lock / Unlock လုပ်တာလေးပါ ။ ဒီ Lock / Unlock ဆိုတာက Folder ကို ပိတ်ထားတာမဟုတ်ပဲ ဖျက်လို့မရအောင်လုပ်ထားတာ ဖျက်လို့ ပြန်ရအောင်လုပ်တာ ကို ပြောချင်တာပါ ။ ဘယ်နေရာမှ အသုံးဝင်လဲဆိုရင်တော့ ကိုယ်မဖျက်စေချင်တဲ့ Folder တွေ ရှိတယ် မှားဖျက်မိမှာ ဆိုးတဲ့အချိန်မှာ သုံးထားရင် အသုံးဝင်ပါတယ် ။ Lock လုပ်လိုက်ရင် Control Panel ထဲမှာ သွားမှတ်ထားမယ် ။ Unlock လုပ်လိုက်ရင်တော့ Control Panel ထဲက နေပြန်ဖျက်ပေးလိုက်တာပါ ။ ဒါလေး စမ်းတုန်းက Lock လုပ်တာကတော့ အဆင်ပြေပါရဲ့ ။ Unlock ပြန်လုပ်ရင် ချက်ချင်းကြီး ပြန်ဖျက်လို့မရတာမျိုးဖြစ်ပါတယ် ။ Window explorer ကို Restart ပြန်လုပ်မှ အဆင်ပြေပါတယ် ။ ကလိချင်တဲ့သူတွေ ကလိလို့ရအောင်နဲ့ သတိထားလို့ရအောင်ပါ ။
Lock File (Folder ကို Lock / Delete မရအောင်လုပ်ခြင်း)

Win+R > notepad
Notepad ထဲကို အောက်က Code ကူးထည့်လိုက်ပါ ။

ren<space>bk<space>bk.{21E2020-3AEA-1069-A2DD-08002B30309D}

Notepad ကို Save မှတ်ပါ ။ Lock.bat ။ Lock နာမည်နေရာမှာ ကြိုက်တာပေးလို့ရပါတယ် ။ Extension ကတော့ .bat ပဲ ဖြစ်ရပါမယ် ။
ရလာတဲ့ bat file လေးကို Lock လုပ်ချင်တဲ့ Folder ထဲကူးထည့်ပါ ။ ကူးထည့်ထားတဲ့ bat file လေးကို Run လိုက်ရင် Folder က Lock ကျသွားပီး Delete လုပ်လို့မရတော့ပါဘူး ။

×××××××××××××××××××××××××××××××××××××××

Unlock File (Folder ကို Lock / Delete မရအောင်လုပ်ထားတာကို ပြန်ရအောင်လုပ်ခြင်း)


Win+R > notepad
Notepad ထဲကို အောက်က Code ကူးထည့်လိုက်ပါ ။

ren<space>bk.{21E2020-3AEA-1069-A2DD-08002B30309D}<space>bk

Notepad ကို Save မှတ်ပါ ။ Unlock.bat ။ Unlock နာမည်နေရာမှာ ကြိုက်တာပေးလို့ရပါတယ် ။ Extension ကတော့ .bat ပဲ ဖြစ်ရပါမယ် ။
ရလာတဲ့ bat file လေးကို Lock.bat နဲ့ lock လုပ်ထားတဲ့ Folder ထဲကူးထည့်ပါ ။ ကူးထည့်ထားတဲ့ bat file လေးကို Run လိုက်ရင် Lock.bat နဲ့ lock လုပ်ထားတာကို ပြန်ပီး unlock လုပ်ပေးပါလိမ့်မယ် ။ အဲ့လို Unlock လုပ်တဲ့ bat ကို run တဲ့အချိန် ချက်ခြင်းကြီး unlock မဖြစ်တတ်ပါဘူး ။ window explorer ကိုပြန်ပီး restart လုပ်မှ ပြန်ရတတ်ပါတယ် ။

ကလိခြင်းသည်အောင်မြင်ရ၏ တဲ့ ။ :D ကျွန်တော်ကတော့ ကလိတာဝါသနာပါတယ် ။ စမ်းချင်တဲ့ သူတွေ စမ်းလို့ရအောင်ပါ ။ ကျွန်တော်ရေးထားတာလေးတွေ မှားနေတာရှိရင် ပြန်ထောက်ပြပေးပါဦး ။ အားလုံး ပျော်ရွှင်နိုင်ကြပါစေ ။

No comments:

Post a Comment