Sunday, March 24, 2013

You have been denied permission to access this folder.


Network မှာ Folder တွေကို Share ပေးတဲ့အခါမှာ ကိုယ်ပေးလိုက်တဲ့ အပိုင်း Folder ထဲမှာမှ ကိုယ်မပေးချင်တဲ့ Folder တွေ ကို Permission ပိတ်ထားတတ်ကြတယ် ။ ဒါမှမဟုတ်လည်း User အများကြီးသုံးတဲ့ စက်မှာ ကိုယ်ကပဲ ဝင်လို့ရအောင် Security ပိုင်းအရ Permission တွေပိတ်ထားလို့ရတယ် ။ ဒီ User နဲ့ ဝင်မှပဲ ရမယ် ။ တခြားသူကို မရအောင်ပေါ့ ။ အဲ့အချိန်မှာ Window Version တင်တာပဲ ဖြစ်ဖြစ် Window ထပ်တင်တာပဲ ဖြစ်ဖြစ်လုပ်လိုက်တဲ့ အချိန်မှာ ကိုယ် Permission တွေ ပေးထားခဲ့တဲ့ Folder တွေက ဝင်မရပဲ ဖြစ်သွားတတ်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ Owner ပြောင်းသွားတဲ့အတွက် သူက ကိုယ့်ကို ပိုင်ရှင်မှန်းမသိတော့တဲ့ အတွက် Security အရ ပေးဝင်ခွင့်မပေးတော့တာပဲ ဖြစ်ပါတယ် ။ အဲ့လိုမျိုး ကျွန်တော့်အသိ ၁ ယောက် ဖြစ်တော့ အလွယ်ဆုံး ဘယ်လို ဖြေရှင်းရမလဲ လိုက်ရှာရင်း တွေ့တာလေး Share ပေးလိုက်ပါတယ် ။ ကိုယ်ဖြစ်ခဲ့ရင်ပဲ ဖြစ်ဖြစ် အသိမိတ်ဆွေတွေ ဖြစ်ခဲ့ရင်ပဲ ဖြစ်ဖြစ် အသိပညာအနေနဲ့ မှတ်ထားချင်ပဲ ဖြစ်ဖြစ် အဆင်ပြေအောင်ပါ ။
ကျွန်တော် Window မှာ Error တွေဖြစ်ခဲ့ရင် ဖြစ်နိုင်ရင် Software တွေ မသုံးချင်ပါဘူး ။ Manual ရှင်းရတာပဲ သဘောကျပီး Safe ဖြစ်တယ်လို့ ခံစားရလို့ပါ ။ Software ဆိုတာ က ထမင်းပေါင်းအိုးလိုပဲ ။ ဆန်လေးထည့် ရေးလေး သတ်မှတ်သလောက်ထည့် ။။ အချိန်တန်ရင် မီးလေးပြ ပီးသွားပါလိမ့်မယ် ။ ဒါပေမယ့် ကိုယ့်ဘာသာ ထမင်းကို ဒီတိုင်းချက်တဲ့အခါ ထမင်းရည်လည်းရတယ် ။ မီးအပူအအေးလည်း သတိထားရတယ် ။ အဲ့လိုပဲ ထမင်းကလည်း ကိုယ်လိုသလိုပုံသွင်းလို့ရသလို ကိုယ်လုပ်ခဲ့တဲ့ အဆင့်တွေကိုလည်း ဘယ်အချိန်ဘာဖြစ်လည်း သိသွားရတယ် ။ အဲ့လို မလုပ်တတ်ရင်တောင် သိထားရင် မဆိုးဘူးလို့မြင်မိတယ် ။ အာဖောတာလည်း များသွားပီ ။ လုပ်နိုင်တဲ့ နည်းလေးတွေထဲက ကျွန်တော်သိတဲ့ နည်းလေးတွေပါ ။


<< 1 >>
1 . ကိုယ် Ownership ပေးချင်တဲ့ Folder မှာ Right Click > Properties.
2 . Click Security tab > Click Advanced > Click Owner tab.
3 . Clikc Edit , ခု ကိုယ်ကိုင်နေတဲ့ Administrator ကိုရှာပီး ရွေးပေးပါ ။
4 . Ownership ထဲကို ရောက်သွားမယ် ။ Folder အတွင်းထဲက Folder ခွဲတွေ File ခွဲတွေကိုပါ ပိုင်ရှင်သဘောမျိုးပေးချင်တယ်ဆိုရင် , Replace owner on subcontainers and objects ဆိုတဲ့ Check box လေးကို ရွေးပေးပါ ။
5 . Apply or OK နှိပ်လိုက်ရင် အဆင်ပြေပါလိမ့်မယ် ။

<< 2 >>
TakeOwn
ကိုယ်က Administrator ဖြစ်နေရမယ်နော် ။ ကိုယ်ပြန်ပီး ပိုင်ရှင်ပြန်ဖြစ်ချင်တဲ့ Permission ပြန်ဖြည်ချင်တဲ့ နေရာမှာ Right Click > Open command window here ကိုရွေးပါ  (အမှန်က ကိုယ်ရောက်နေတဲ့နေရာကို လွယ်လွယ်ကူကူရောက်ချင်လို့ ဒီလိုလုပ်တာပါ ။ ကိုယ် permission ပြင်ချင်တဲ့အရာက ကိုယ်ရောက်နေတဲ့နေရာနားမှာမဟုတ်ရင် path ပါ ပါသွားရင် အမှားများမှာ ဆိုးလို့ပါ )
Command box ပေါ်လာပီဆိုရင်

 takeown /f <filename> /r /d y 

/f               filename ရေးချင်တဲ့အတွက်သုံးတဲ့ command ပါ
/r              ခုရွေးပေးလိုက်တဲ့ File တွင်းဘက် အပိုင်းတွေကိုမှာ ညွှန်ချင်လို့ပါ
/d y            /r အတွက် အတွင်း File တွေအတွက် <filename> မှာပေးခဲ့တဲ့ Action မျိုးကို ဆက်လုပ်ဖို့အတွက် အားလုံးကို အတည်ပြုလိုက်တာပါ။

ကျွန်တော်ရေးထားတာတွေ အနည်းငယ်မှားနိုင်ပါတယ် ။ ကိုယ့်ဘာသာ သေချာ သိချင်တယ်ဆိုရင် takeown /? ဆိုပီး ရိုက်လိုက်တာနဲ့ သူကနေလုပ်ဆိုင်နိုင်တဲ့ function တွေကိုထုတ်ပြပါလိမ့်မယ် ။

အဲ့လိုရိုက်ပီးလို့ Enter နှိပ်လိုက်ပီဆိုရင် အောက်မှာ ကိုယ် permission ချိန်းလိုက်တာကို Success ဆိုပီး လုပ်ခဲ့တာတွေကို ပြပါလိမ့်မယ် ။
(*File name မှာ Space မပါရင် ဒီတိုင်းရေးလို့ရပေမယ့် Space တွေပါလာရင် "--" နဲ့ရေးရပါတယ် )

<< 3 >>
ICACLS
ကိုယ်က Administrator ဖြစ်နေရမယ်နော် ။ ကိုယ်ပြန်ပီး ပိုင်ရှင်ပြန်ဖြစ်ချင်တဲ့ Permission ပြန်ဖြည်ချင်တဲ့ နေရာမှာ Right Click > Open command window here ကိုရွေးပါ  (အမှန်က ကိုယ်ရောက်နေတဲ့နေရာကို လွယ်လွယ်ကူကူရောက်ချင်လို့ ဒီလိုလုပ်တာပါ ။ ကိုယ် permission ပြင်ချင်တဲ့အရာက ကိုယ်ရောက်နေတဲ့နေရာနားမှာမဟုတ်ရင် path ပါ ပါသွားရင် အမှားများမှာ ဆိုးလို့ပါ )
Command box ပေါ်လာပီဆိုရင်

 icacls <foldername> /grant administrators:F /T 

icacls ကလည်း Administrators group full permission အတွက် သုံးလို့ရပါတယ် ။
/T            အတွင်းပိုင်းထိ လုပ်ဆောင်ချက်တွေ ပြုလုပ်ချင်တဲ့အတွက်သုံးတာပါ ။

ကျွန်တော်ရေးထားတာတွေ အနည်းငယ်မှားနိုင်ပါတယ် ။ ကိုယ့်ဘာသာ သေချာ သိချင်တယ်ဆိုရင် calcs /? ဆိုပီး ရိုက်လိုက်တာနဲ့ သူကနေလုပ်ဆိုင်နိုင်တဲ့ function တွေကိုထုတ်ပြပါလိမ့်မယ်
(*File name မှာ Space မပါရင် ဒီတိုင်းရေးလို့ရပေမယ့် Space တွေပါလာရင် "--" နဲ့ရေးရပါတယ် )

ကျွန်တော်ရေးထားတဲ့ နေရာမှာ အမှားတွေရှိနိုင်ပါတယ် ။ အသိတွေထဲမှာ ဖြစ်တဲ့ပြဿနာလေးတွေကို ရှင်းပီး အဆင်ပြေရင်ပြေသလိုပြန်လည်ရေးပေးတာဖြစ်တဲ့အတွက် ဂဂဏဏ မသိတာတွေလည်းရှိနိုင်ပါတယ် ။ အဲ့တော့မှားနေတာလေးတွေ ရှိနေရင် ပြန်ပြင်ပေးပါ ။

အားလုံးပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ။

No comments:

Post a Comment