Thursday, August 30, 2012

WritePad (Android)


Android တွေ ပေါ်လာတယ် သုံးရတာလည်း အဆင်ပြေတော့ လူသုံးတွေလည်းများလာတယ် ။ ဒါပေမယ့် keypad လေးတွေက သေးတာက ၁ မျိုး .. လက်ကွက် မရလို့ စိတ်ညစ်ရတာက ၁ မျိုးနဲ့ .. စာရိုက်ဖို့ဆို စိတ်ညစ်စရာတွေ စကြုံတာပါပဲ ။ ကိုယ့်လက်ရေးကို သိမ်းပေးထားတဲ့ Notepad App တွေ ၁ ပုံ ၁ ပင်ကြီး ဆိုပေမယ့် သိမ်းထား ပြန်ကြည့်ဖို့ပဲ အဆင်ပြေတယ် .. စာပို့ဖို့တွေ .. အွန်လိုင်းမှာ Web Address တို့လို Computer က သိဖို့ ကျတော့ စိတ်ပျက်စရာဖြစ်တာပေါ့ .. အဲ့ဒါကိုဖြေရှင်းပေးနိုင်မယ့် App ကတော့ WritePad ပဲ ဖြစ်ပါတယ် ။

Wednesday, August 22, 2012

WiFi File Explorer Pro (Android)


ဖုန်းထဲက Data တွေ PC ထဲကို အသွင်းအထုတ်ဆိုရင် Cable ကြီး ရှာရတာ တော်တော် စိတ်ညစ်ဖို့ကောင်းတဲ့ ပြဿနာပဲ ။ အဲ့တော့ Cable မလိုပဲ Data အသွင်း အထုတ် အဆင်ပြေဖို့ နည်းလမ်းရှာတော့ Data Transfer က ၃ မျိုးရှိတယ် ။ (Infared ကတော့ ဟောင်းသွားပီ/ Cloud System ကိုတော့ မပြောတော့ဘူး ကျွန်တော်တို့အတွက်နည်းနည်းဝေးနေသေးလားလို့ :) ) အဲ့ ၃ မျိုးက Cable / Bluetooth / Wifi . ခုက cable ပြဿနာကြောင့်ဆိုတော့ Cable ကို ဖယ်ထားလိုက်မယ် ။ အဲ့တော့ Bluetoot နဲ့ Wifi . Bluetooth ကလည်း Data Transfer ကို မကြိုက်ဘူးဗျာ ။ နည်းတယ် ။ အဲ့တော့ Wifi ပဲ သုံးတာ အဆင်ပြေမယ်ပေါ့ ။

Monday, August 20, 2012

Unlocker 1.9.0 32x64 (Portable)

Unlocker ၁ ခါ ၁ လေ ဖျက်လို့မရဘူး ။ Virus လည်းမဟုတ်ဘူး .. ဘာကြောင့်မှန်းလည်း မသိဘူး။ အဲ့လို မျိုးတွေ ဖြစ်ဖူးသလား ။ အဲ့ဒါက ကို ဖျက်ချင်တဲ့ File က System File တွေ ထဲမှာ ဝင် Run နေလို့ပါ ။ ဥပမာ Explorer ထဲမှာပေါ့ ။ အဲ့လို ဆို မင်းဖျက်ချင်တဲ့ File က မပိတ်ရသေးလို့ Run နေလို့ ဆိုပီး Error ပြပီး ဖျက်လို့မရဖြစ်နေတတ်ပါတယ် ။ ကိုယ်ဖျက်ချင်ပါတယ်ဆိုမှ ဖျက်လို့မရရင်တော်တော်လေး စိတ်ဆိုးစရာပါ ။ အဲ့တော့ Windows Task Manager ထဲဝင် Run နေတယ်လို့ ထင်နေတာလေးတွေ လိုက်ဖျက် နဲ့ ရှုပ်နေရော ။ Explorer ကို တန်းပီး End process လုပ်ရင်တော့ ဖြစ်ပါတယ် ။ ဒါပေမယ့် သိတဲ့အတိုင်း အားလုံး ပျက်ပီးမှ ပြန်ပေါ်မယ်ဆိုတော့ မဟုတ်ရင် စိတ်ညစ်စရာလေ ။ အဲ့တော့ Unlocker လေးက အကောင်းဆုံး ဖြေရှင်းပေးပါ့မယ် ။

The Expendables 2 (2012)


The Expendables 2 (2012) -  Action | Adventure - ၁၇ ရက်နေ့မှာ ထွက်တာပါ ။ The Expendables ပထမကား အတိုင်းပါပဲ ။ နာမည်ကြီး မင်းသားတွေ အများကြီးနဲ့ ရိုက်ထားတဲ့ Action ကား ၁ ကား ဖြစ်ပါတယ် ။ တချို့တချို့ပြောသလိုပါပဲ မည်သို့ မည်ပုံ ပြုလုပ်လိုက်သည်မသိ လူဆိုးများ မြေပေါ်တွင် လဲလှောင်းသွားလေတော့သည် လိုမျိုးပါပဲ :) // ပစ်လိုက် ချလိုက်တာ အလွန့်အလွန် ပါပဲဗျာ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ရှင် ဝါသနာပါသူတွေ ကြည့်သင့်တဲ့ ကား ၁ကားပဲပေါ့ ။ ကြည့်မယ်ဆို Link ကတော့ ....
*************** >>> Watch <<< ***************

Sunday, August 19, 2012

ဖုန်းဝယ်မယ်ဆိုရင် စစ်ဆေးသင့်တဲ့အချက်လေးတွေ



ပထမဦးဆုံးတော့ Call Quality ဆိုတဲ့ ဖုန်းခေါ်ဆိုမှု အရည်အသွေးကို စစ်သင့်ပါတယ်။ တချို့ဖုန်းတွေက ဖုန်းကောင်းဖြစ်ပေမယ့် အသံအရည်သွေး ညံ့တယ်ဗျ။ တစ်ခါတစ်လေတော့ အသံတိတ်တဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်းကြားရပေမယ့် အပြင်ထွက်လိုက်ပြီးတော့ ဆူညံတဲ့ပတ်ဝန်းကျင်မှာကျင် ကောင်းကောင်းမွန်မွန် မကြားရတော့ဘူးဗျ။ ဒါကြောင့်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဖြစ်စေ ဆူညံတဲ့ပတ်ဝန်းကျင်ဖြစ်စေမှာ ကောင်းကောင်းကြားရဖို့ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။

USB Disk Security 6.2


USB Stick တွေ အသုံးများတယ် သုံးတယ်ဆိုရင် ရှိထားသင့်တဲ့ Software လေး ၁ ခုပါ။ တော်ရုံတန်ရုံ လောက်တော့  Computer ထဲ မလိုတာတွေ မရောက်တော့ဘူးပေါ့။ သူက Stick မှာ ပါလာတဲ့ Autorun လို ဖိုင်တွေကို စစ်ပေးပါတယ် ။ Auto Delete လုပ်ပေးတယ် ။

IDM 6.12 Beta build 5 - FULL (Silent Install)

Internet Download Manager (IDM) - ဒါလည်း Window သုံးတဲ့ သူတွေအတွက် . Online ပေါ်မှာရှိနေတာလေးတွေကို ဒေါင်းဖို့ အဆင်အပြေဆုံးဖြစ်တဲ့ Software လေး ၁ ခု ဆိုလည်းမမှားပါဘူး ။ YouTube လိုနေရာမျိုးတွေ ။ ကြည့်လို့ နားထောင်လို့ ရတဲ့ နေရာ အားလုံးနီးပါး Download လုပ်ဖို့ အဆင်အပြေဆုံးဖြစ်ပါတယ် ။ ဒါ သုံးရင်တော့ တခြား Network အတွင်းမှာ ရှိတဲ့ Connection တွေ ကျသွားလောက်အောင်ကို Download လုပ်ပေးပါတယ် ။ ခု တင်ပေးထားတာက Silent Install ပါ ။ Run လိုက်ရုံနဲ့ Register ပါလုပ်ပီးသား ဖြစ်နေမှာပါ ။ Install လုပ် Crack ဖြစ်ဖြစ် Serial Key ထည့်တာ ဖြစ်ဖြစ် လုပ်တာမျိုး ခက်ခဲတာ အဆင်မပြေတာ နဲ့ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေ။

Friday, August 17, 2012

Revo Uninstaller Pro 2.5.8 (Portable)

Computer မှာပါလာတဲ့ Build In - Add or Remove Program မဟုတ်ပဲ .. Third Party ထဲက Uninstaller ထဲမှာ အကြိုက်ဆုံး Software ၁ ခုဖြစ်ပါတယ် ။ အတွင်းထဲအထိ သေသေချာချာ ဖြတ်ပေးနိုင်ပါတယ် ။ ဘယ်လောက်အခြေအနေလောက်ထိပဲ ဖြစ်စေချင်တယ်ဆိုတာကိုလည်း ရွေးပေးလို့ရပါသေးတယ် ။ လွယ်လွယ်ကူကူ သုံးလို့ အဆင်ပြေတဲ့ Uninstaller ၁ ခုဆိုရင်လည်း မမှားပါဘူး ။ Portable လေး ရှာပီး တင်ပေးထားပါတယ် ။ အောက်မှာ သူရဲ့ လုပ်ဆောင်ချက်တွေကို ဖတ်ကြည့်လိုက်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ် ။

WinRAR 4.20 Final (x86-x64)


WinRar ဆိုတာ ကွန်ပျူတာ ၁ လုံးမှာ ရှိသင့်တဲ့ Software ၁ ခုထဲမှာ အပါအဝင်ဖြစ်ပါတယ် ။ Online ပေါ်မှာ File တွေ Share တယ်ဆိုရင်လည်း Rar လုပ်ပီး Share ကြပါတယ် ။ Password ပိတ်ထားတယ်ဆိုရင်လည်း အထဲက Data တွေ File တွေ Virus ရန်က ကင်းဝေးစေပါတယ် ။ တချို့ဖိုင်တွေကိုလည်း တော်တော်လေး ကျုံ့သွားအောင်လုပ်ပေးနိုင်ပါတယ် ။ File Size တအားကြီးနေတယ်ဆိုလည်း ကိုယ်လိုချင်တဲ့ Size ဖြစ်အောင်ခွဲလို့ရပါတယ် ။ ဥပမာ- 7 GB လောက်ရှိတဲ့ ရုပ်ရှင်ဖြစ်ဖြစ် .. Data တွေ ဖြစ်ဖြစ် DVD Burn မယ်ဆို ပြဿနာရှိလာပါပီ ။ ခွဲသယ်လို့မရတာလေးတွေပေါ့ ။ အဲ့ဒါဆို File Size 4 GB လောက် File ခွဲလိုက်မယ်ဆို File ၂ File ခွဲထွတ်လာပီး ကူးသွားလို့အဆင်ပြေပါတယ် ။ လိုရင်လိုသလို အသုံးချလို့ Software လေး ၁ ခုလည်းဖြစ်ပါတယ် ။

Wednesday, August 15, 2012

Sign Into Multiple Same-Service Accounts

၁ ခါ ၁ လေ အကောင့် ၂ ခု .. ဒါမှ မဟုတ် ၂ ခုထက်ပိုရှိနေတတ်တဲ့ Accounts တွေ ရှိနေတတ်တယ် .. အဲ့လိုမျိုးဆို Gmail ဆိုရင်တော့ Add Account လိုမျိုး သူ့မှာ ပါလာတဲ့ Function သုံး ဖြေရှင်းလိုက်လို့ရပါတယ် ။ တခြား Service တွေ မှာ အဲ့လို Function တွေ မပါခဲ့ဘူးဆို Browser ၂ ခု ၃ ခု ဖွင့်ပီး သုံးရမလိုဖြစ်နေတတ်ပါတယ် .. အဆင်မပြေဘူးပေါ့ဗျာ .. အဲ့တော့ Browser ၁ ခု ထဲမှာ အကောင့် တွေ ခွဲတွေ သုံးလို့ရအောင်လုပ်တဲ့ နည်းလေးတွေ ရှိပါတယ် ။ အများဆုံး သုံးဖြစ်တဲ့ Browser ၃ ခု ဖြစ်တဲ့ ကျွန်တော်လည် သုံးနေကျ  (1) Chrome  (2) Mozillz (Firefox)  (3) Internet Explorer (IE) တို့ မှာ ဘယ်လိုသုံးလို့ရလည်း ဆိုတာပါ ။



Sunday, August 12, 2012

The Lorax (2012)


The Lorax (2012) - Animation | Comedy | Family - မနေ့ ညကမှ ကြည့်ဖြစ်လိုက်တဲ့ ကာတွန်းကားလေး ဖြစ်ပါတယ် .. ဇာတ်ကားလေးက ပညာပေးလေးတွေပါ ပါနေတယ် .. ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ ရှိတဲ့ သင်ပင်တွေရဲ့ တန်ဖိုးလေးတွေကိုပါ ပြချင်တာလည်း ပါမယ်ထင်ပါတယ် .. သီချင်းလေးတွေနဲ့ ခပ်မြူးမြူး ဇာတ်ကားလေးဖြစ်တယ် .. မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် .. ဇာတ်ကောင်လေးတွေက အစ ချစ်ဖို့ကောင်းပါတယ် .. ကြည့်မယ်ဆို Link ကတော့ ....

******************* >>> Watch <<< *******************

Postal Codes Of Yangon


အွန်လိုင်းမှာ အကောင့်တစ်ခု registration လုပ်ရင်ပဲ ဖြစ်ဖြစ် ဘာလုပ်ညာလုပ်ရင်ပဲ ဖြစ်ဖြစ် registration form တော်တော်များများမှာ Zip Code/ Postal Code ဆိုတာကြီးက ပါပါနေတော့ အဲ့နေရာမှာ ဘာဖြည့်ရမှန်း မသိဘူးဗျ။ အစက မသိတုန်းကတော့ ရန်ကုန်ဆိုတော့ ဖုန်းနံပါတ်ကုတ် ၀၁ လားလို့။

Thursday, August 9, 2012

Traktor Digger (Android)



ဒါလည်း ဥာဏ်ကစားရတဲ့ Game လေး ၁ ခုပါပဲ .. ကိုယ်ကတော့ စက်ကြီးတွေ နေရာကနေ ဝင်ကစားပေးရမှာပေါ့ .. သူလိုချင်တဲ့ ရွှေတုံးလေးကို တင်ရမယ့်ကားပေါ် ရောက်အောင်ပို့ပေးရမှာဖြစ်ပါတယ် ..

One touch Drawing (Android)

One touch Drawing ဆိုတဲ့ အတိုင်း ၁ ချက်ထိပီးပီဆို မလွှတ်တမ်း သူဖြစ်စေချင်တဲ့ ပုံစံ တွေအဖြစ် မျဉ်းကြောင်းလေး နဲ့ ဆက်ဆွဲသွားရမယ့် ကစားနည်းလေးပဲ ဖြစ်ပါတယ် .. ခေါင်းသုံး ပီး ကစားရတဲ့ ကစားနည်း ၁ မျိုးလည်းဖြစ်တော့ ခေါင်းသုံးဆော့ရတာသဘောကျတဲ့သူတွေ အကြိုက်တွေ့နိုင်တယ် .. သချာင်္သမားတွေ လည်း သဘောကျ ကြမယ်ထင်ပါတယ် ..

My Way (2011)

My Way (2011) <KOREA> - Action | Drama | History - Korea ကားပါ .. တော်တော်လေးကို ကောင်းတဲ့ ဇာတ်လမ်း ၁ ခု ဖြစ်ပါတယ် .. ကိုရီးယား ကောင်လေး နဲ့ ဂျပန်ကောင်လေး ၂ ယောက်ရဲ့ ငယ်စဉ်ဘဝက စပီး ပြိုင်ဆိုင်လာတာကို ရိုက်ပြထားတာပါ ... အပြေးသန်တဲ့ ကောင်လေးတွေဖြစ်သလို အပြေးပြိုင်ပွဲတွေမှာ အပြိုင်အဆိုင် ၂ ယောက်လည်း ဖြစ်ပါတယ် .. စစ်ကားလေး ဆိုလည်းမမှားပါဘူး .. ၂ ယောက်က နိုင်ငံ ၃ နိုင်ငံ အတွက် စစ်မှုတောင် ထမ်းလိုက်ရပါသေးတယ် .. နောက်ဆုံး အချိန်ထိ အသက်ရှင်ဖို့ ဘယ်လို ကြိုးစားရုန်းကန်ရတယ်ဆိုတာ ကို ရိုက်ပြထားတဲ့ ဇာတ်ကား ၁ ခုလည်း ဖြစ်ပါတယ် .. ကြည့်မယ်ဆိုရင် Link ကတော့ ...

************* >> Watch (Part-1) << *************
************* >> Watch (Part-2) << *************

Brain Cube HD - Premium (Android)



နာမည်ကိုက Brain Cube .. ခေါင်းသုံးပီး ဆော့တာတွေ ကြိုက်တဲ့ သူတွေ အတွက်နောက်ထပ် ဂိမ်းလေး ၁ ခုပါပဲ .. ဒီလိုပုံစံ Idea တူ ဂိမ်းတွေ အများကြီးလည်း ထွက်ဖူးပါတယ် .. ဒါက HD လို့ ဆိုထားတော့ ပိုလည်း ကြည်တာပေါ့ .. အေးဆေး ခေါင်းသုံးပီး ဆော့တဲ့ သူတွေ အကြိုက်တွေ့မယ့်ဂိမ်း ၁ မျိုးပဲ ဖြစ်ပါတယ် ။

Wednesday, August 8, 2012

Sprinkle (Android)


မီးသတ်ရမယ့် ဂိမ်းလေးပဲ .. ဆော့ရတာ ကောင်းပါတယ် .. မြန်လည်းမြန်ရမယ် .. တွေးလည်းတွေးရမယ် .. ကျွမ်းကျင်မှုလည်းလိုတယ် .. အခန်းလိုက်ဆော့ရတဲ့ ဂိမ်းလေးပါပဲ ...

ကာတွန်း နှင့် ကောမစ် ရေးဆွဲနည်း (ကာတွန်း- အောင်ရှိန်)

အနီးအဝေးသဘောတွေ .. ဇာတ်ကောင်အက်ရှင်တွေ .. ကောက်ကြောင်းတွေ ကို ရှင်းပြထားတဲ့ ဆရာကြီး ဦး အောင်ရှိန် ရဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ် .. ကျွန်တော်မှာ ရှိနေတာတော့ ကြာပါပီ ... ကားတွန်းတွေ စိတ်ဝင်းစားတယ် လေ့လာချင်ရင် အောက်က Download Link လေးကို နှိပ်ပီး ရယူနိုင်ပါတယ် ..

Tuesday, August 7, 2012

Step Up Revolution (2012)


Step Up Revolution (2012)- Drama | Music | Romance- Dance ကား ကြိုက်တဲ့ သူတွေ အတွက်ပေါ့ .. အထူးသဖြင့် Underground Dance ပေါ့ .. လမ်းဘေးအက လို့လည်း ပြောကြတာပဲ .. ခု အပတ်အတွက် ရုံတင်နေတဲ့ ကားလည်းဖြစ်ပါတယ် ..ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေး ၁ ခုဖြစ်မယ်ထင်တာပါပဲ .. အရင် Set Up ကားတွေလိုပဲ ကောင်းမယ်လို့ထင်ရတာပဲလေ .. ကြည်တော့မကြည်သေးပါဘူး .. ကြည့်မယ်ဆို Link ကတော့ ....

***************** >>> Watch <<< *****************

Unblock Me Free


အေးအေးဆေးဆေး နဲ့ ဦးနှောက် သုံးပီးဆော့ရတာကို ဝါသနာပါလား?

တနေ့က လက်ဘက်ရည်ဆိုင် ထိုင်နေရင်း သူငယ်ချင်း ရဲ့ ဖုန်းထဲမှာ ဆော့မိပီး သဘောကျလို့ ရှာပီး တင်ပေးလိုက်ပါတယ် ..

Monday, August 6, 2012

2012 August 5 အတွက် .. .. ..

၁ နှစ်ပြည့်မြောက်


၁ နှစ်ပြည့်မြောက် 
အလွမ်းမပျောက်
သတိ တရ
ကိုယ်တိုင်တူးဖော်
ကြာသော် မမေ့နိုင်
ခင်သော သူငယ်ချင်းမို့
ရုပ်နမ် ခွာသော်
စိတ်နမ် ကျန်၍
အမှတ်ရမြဲ ရှိခဲ့သည်

Friday, August 3, 2012

မြန်မာ အကြွေစေ့များ

Design ၁ ခုလုပ်နေရင် ၁၀ ပြားစေ့ပုံ လိုချင်လို့ ဘော်ဘော်တွေ ဆီက လိုက်တောင်းရင်း အကြွေစေ့ပုံတွေ တော်တော်များများ ရလိုက်တယ် ။ အချို့ အကြွေစေ့တွေ ဆို မြင်တောင် မမြင်ဖူးဘူး . သူငယ်ချင်းတွေလည်း မြင်ရအောင် ပြလိုက်ပါတယ် .. (၅၀ တန်အကြွေစေ့ပါမလာဘူး .. သိသလောက်ကတော့ ။ ဒီထဲမှာ မပါတာတွေ ရှိရင်လည်း ပို့ပေးစေလိုပါတယ် )

LONGMAN (Dictionary of Contemporary English)


Dictionary ဆိုတာ ကျွန်တော်တို့ အတွက် လိုအပ်နေဆဲ အရာ၁ခုဖြစ်ပါတယ် .. ဖုန်းထဲမှာလည်း တော်တော်များများ Dictionary ထည့်ထားကြပါတယ် .. လိုခြင်ကြပါတယ် .. ဒါပေမယ့် .. Dictionary Applications တွေ တင်ပီး Run ကြည့်တော့မှ လိုချင်တဲ့ စာလုံးမရှိတာရယ် .. Online လိုတာရယ် ဆိုတာတွေက စိတ်ကို ကသိကအောင့် တော်တော်ဖြစ်ပါတယ် .. ဖုန်းတွေမှာ Internet တွေ ရနေပီဆိုတာတောင် Offline Mode ကို ပိုလိုချင်ပီး တောင့်တ မယ်လို့လည်းထင်ပါတယ် .. ခု ကျွန်တော်တင်ပေးမယ် Dictionary ကတော့ LONGMAN ပါ ..

iStund 2 (Android)

I-phone တွေ မှာ လည်းဆော့လို့ရတဲ့ Game ပါ Flash Games လေးတွေ တော်တော်များများ ဆော့လို့ရတဲ့ Miniclip က ထုတ်ထားတဲ့ Game လေးဖြစ်ပါတယ် .. iStund 2 ပါ .. ဖုန်းကို ဘယ်ညာ ယိမ်းပီး ဆော့ရတဲ့အတွက် ဆော့လို့ကောင်းတဲ့ Game ၁ခုပါ .. 

File Size က 20.39 MB ဆိုတော့ ပေါ့ပေါ့ ပါးပါးနဲ့ ဆော့လို့ ကောင်းတဲ့ ဂိမ်း ၁ မျိုးလည်းဖြစ်ပါတယ် ..

Ted (2012)


Ted (2012) - Comedy ၊ Fantasy - ဒီ ၁ ပတ်ရဲ့ ဝင်ငွေ အကောင်းဆုံး ကားထဲမှာ ပါပါတယ် .. ဇာတ်လမ်းကတော့ Teddy Bear အရုပ်ကလေးနဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် .. လူနဲ့ အရုပ်တွဲရိုက်ထား တဲ့ ကားလေးပဲပေါ့ ။ Family ကြည့်ကောင်းမယ့် ဇာတ်လမ်းလေး ၁ ကားလည်း ဖြစ်ပါတယ် .. ကြည့်မယ်ဆို Link ကတော့ ......

*************** >> Watch << ***************

MX Player (Android)



ဖုန်းထဲမှာ Original Player ပဲ ရှိသေးတယ် .. ဘာမှ မသွင်းရသေးဘူး .. တချို့ Video Format တွေလည်း ကြည့်လို့မရဘူး .. စာတန်းထိုးတွေ လည်း ကြည့်မရဘူး .. ဖြစ်နေတဲ့ သူတွေ ဖြေရှင်းဖို့အတွက် MX Player ရှိပါတယ် .. MX Player က Video Format ဖိုင် တော်တော်များများကို ဖွင့်နိုင်တယ် .. အရှေ့ကို သွားတာ နောက်ကို သွားတာ လည်း အဆင်ပြေတယ် .. အလင်းရောင် တိုးမယ် လျှော့မယ် .. ဆိုရင်လည်းလွယ်ကူတယ် .. အသံ အတိုးအချဲ့လည်း လွယ်ကူတယ် .. သိပ်လည်းမလေးပါဘူး ..

Wednesday, August 1, 2012

IM+ Pro (Android)


Facebook, Skype, MSN/Live Messenger, Google Talk, Yahoo!, AIM/iChat .. များလိုက်တာကွာ .. သင့်ရဲ့ များလှစွာသော အကောင့်တွေကို သုံးဖို့ ဖွင့်ဖို့ IM+Pro လေးရှိမယ်ဆို အဆင်ပြေမယ်ထင်ပါတယ် .. :) .. 
IM+ Pro မှာ အကောင့် တွေ အများကြီး ၁ ခါတည်းဖွင့်ထားလို့ရတယ် .. လိုတာဖွင့်မယ် မလိုတာ ပိတ်ထားမယ် .. ဖုန်းဖွင့်ပီး IM+ Pro ဖွင့်လိုက်တာနဲ့ တင်အားလုံးကို အကောင့်တွေ ဖွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပါပီ .. Chat ဖို့အတွက်တော့ အဆင်အပြေဆုံးလို့ ပြောရမလိုပါပဲ ..