Friday, May 31, 2013

၁၅၀၀ ကျပ်တန် MEC Tel mobile အင်တာနက် Setting


ခက်ပါဘူး ။ မသိရင် ပြန်ကြည့်လို့အဆင်ပြေအောင် ရေးတင်ပေးလိုက်တာပါ ။

Name – နာမည် ကြိုက်ရာထည့်ပါ ။

APN – #777

Proxy – ဘာမှမထည့်ပါ

Port – ဘာမှမထည့်ပါ

Talking SMS and Caller ID

မတင်ပေးဖြစ်တာလည်း ကြာပီ ။ blog ကိုမဖွင့်ဖြစ်တာလည်းကြာပီ ။ ဒီနေ့ အသိ ၁ ယောက်က ဖုန်းခေါ်ရင်ခေါ်တဲ့ နာမည်လေး အော်ပေးတာ တောင်းလို့လိုက်ရှာရင်း တခါတည်း တခြား ဘော်ဒါတွေလိုချင်တယ်ဆိုရင်လည်း သုံးလို့ရအောင်တင်ပေးလိုက်ပါတယ် ။ Talking SMS and Caller ID ပါ ။ ဒီကောင်လေးက Ringtone ထဲကနေ Caller နာမည်ကို ခေါ်ပေးနိုင်သလို ။ Ringtone ကို Silent လုပ်ထားပီး သူ့ကြည်းလည်း အသံထွက်ခိုင်းလို့ရပါတယ် ။

Thursday, May 30, 2013

မဟာဆန် အမှတ်တရ

မဟာဆန် အမှတ်တရ

အတာကြောက်တဲ့ ပိတောက်
မဟာဆန်မှ ရောက်တယ်
သစ္စာရှိမှုနဲ့ နှိုင်းခံခဲ့ရတဲ့ ပိတောက်
အတိတ်မှာ ပျောက်လေတယ်
ခုမနက် ရောင်းတန်းတင်ခံရတာ တွေ့လေတော့လည်း
သည် ပိတောက်ကို သနားမိလေတယ် ။


==================
အရိပ်စူး (26-May-2013)
==================

မရဲသည့်ငါ

မရဲသည့်ငါ

ငါ့ကောင်းကင် တိမ်မပါဘူး
ငါ့ဘာသာ မလိမ်ပါဘူး
အလွမ်းရင်မှာ မဆူးစေဖို့
မလှမ်းခင် ရင်ကိုနှိုးခိုက်
လျှောက်လှမ်းရမည့် ခရီး
ကြောက်လွန်းလှ တဲ့ကိုယ်
သတ္တိမရှိဘူး ဆိုချင်ဆို
ခံနှိုင်ရည်စွမ်း ပျောက်နေသည်မို့
မနမ်းရှိုက်ဝံ့သည့်
ဆူးများသည့် ပန်း

==================
အရိပ်စူး
==================

လွတ်လပ်မှု

လွတ်လပ်မှု

ကောင်းကင်ကို မော့ကြည့်
စကား ၁ ခွန်း လွှတ်တင်လိုက်တယ်
မသိသလို နှုတ်ဆိတ်လွန်းတယ်
ကွာဝေးမှုလား ဂရုမစိုက်မှုလား
သူငယ်ချင်း လည်ပင်းဖတ်
စကား ၁ ခွန်း ကြွယ်လိုက်တယ်
အယုတ်တ အနတ္တ တွေပြည့်လို့
ဒါပေမယ့် ... ငါ ကလေးအရယ်နဲ့

=======================
အရိပ်စူး
=======================