Friday, June 19, 2015

နိုင်ငံတော် သီချင်းကို စတင်ခဲ့သူ (သို့မဟုတ်) ဝိုင်အမ်ဘီ သခင်တင်

ဝိုင်အမ်ဘီ သခင်တင် 

* ၀ိုင်အမ်ဘီ ဆရာတင်ကို ခရစ်နှစ် ၁၈၉၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်နေ သီပေါမင်း၏ အမှုထမ်း သွေးသောက်ကြီးဟောင်း ဦးရန်အောင်နှင့်ဇနီး ဒေါ်သိန်းတို့ ဖြစ်သည်။ ငယ်နာမည်မှာ မောင်တင်ဖြစ်ပြီး မွေးချင်း ၃ ဦးအနက် အလတ်ဖြစ်သည်။ အစ်မမှာ မမိ ဖြစ်ပြီး ညီမမှာ မငါ့မ ဖြစ်သည်။

Wednesday, June 10, 2015

Root .. Root .. .. .. ?


Blog ကို ပစ်ထားမိတာ တော်တော်ကိုကြာနေမိပီ ။ Link တွေလည်းသေကုန်ပီထင်တယ် ။ လိုတာရှိရင်ပြောပေါ့ဗျာ ။ End User တွေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ Phone နဲ့ ပတ်သက်တာကို ရေးရင်း ပြန်စလိုက်ပါရစေ ။ ဖုန်းကိုင်တဲ့သူတော်တော်များများ မရင်းနှီးချင်ပဲ ရင်းနှီးလာတဲ့ စာလုံးရှိတယ် အဲ့ဒါဘာလဲဆိုတော့ Root ဆိုတာပေါ့ ။ Android ဖုန်းတွေမှာ ဖုန်းရဲ့ Build in မပါတဲ့ Font ၁ မျိုးမျိုးပဲဖြစ်ဖြစ် သာမာန် User အတွက်မလိုအပ်ဖူးထင်လို့ ထည့်မထားတာတွေ ပိတ်ထားတာတွေကျော်ဖို့ Root ဆိုတာကြီးလုပ်ဖို့လိုနေတယ် ။ IOS မှာတော့ Jailbreak လုပ်တယ်ပေါ့ ။ Android အကြောင်းပြောမှာမို့ Root ကိုပဲပြောပြပါမယ် ။ ဒါပြောလို့ ကျွန်တော်က ဖုန်းပညာရှင်မဟုတ်ပါဘူး ။ (လုံးဝမဟုတ်ပါဘူး) Computer နယ်ပယ်မှာတော့ ကျင်လည်ဖူးပါတယ် ။ အနည်းငယ်သိပါတယ် ။ ကိုယ်သိသလောက်ရေးမှတ်ထားတာ တခြားသူလည်း သိရအောင်ရေးတာဖြစ်တဲ့အတွက် မှားယွင်းမှုလေးတွေရှိရင် တောင်းပန်ပါတယ် ။ ပြန်လည် ပြောကြားပေးနိုင်ပါတယ် ။

Thursday, October 16, 2014

Android 5.0 ( Lollipop ) မှာ တိုးလာတဲ့ Feature တွေထဲမှာ စိတ်ဝင်စားစရာကောင်းတာက Language မှာ Burmese ပါလာတာပဲ ။ အရင်က Myanmar Unicode Font ကိုပဲ Support ပေးခဲ့တာပါ ။ ခု ကျတော့ Language အနေနဲ့ ပါလာတယ်ဆိုတော့ Device ၁ ခုလုံး Burmese လို ချိန်းလို့ရမယ်လို့ မျှော်လင့်မိပါတယ် ။

Monday, September 15, 2014

Sony Xperia Z ( 10.5.1.A.0.283 _ 4.4.4 ) CWM + Root ** Unlock


Xperia Z ရဲ့ နောက်ဆုံး Firmware ဖြစ်ဖို့များပါတယ် ။ သူ့ရဲ့ Spec တွေနဲ့ဆိုရင် Kitkat ကို ထပ်မကျော်တော့လောက်ဘူး ။ Sony ရဲ့ နာမည်ကြီး Z series ရဲ့ ပထမဆုံး နာမည်အကြီးဆုံး Z ရဲ့ နောက်ဆုံး Firmware Version တွေ ဖြစ်မှာပါ ။ Z မှာ 4.4.4 ကို ပြောင်းလိုက်တဲ့အချိန်မှာ 10.5.1.A.0.283 အနေနဲ့ ထွက်လာပါတယ် ။ ခုထွက်ထွက်လာခြင်းတော့ Lock ဖုန်းတွေ အတွက်ဆိုရင် Root ရဖို့ Kernal အနိမ့်ပြန်ဆင်းပီး One Click Tool ၁ခုခုနဲ့ ဖောက်ပီး Kernal ပြန်တတ်တာရယ် ။ Unlock တွေ အတွက်တော့ Unlock Boot လုပ် CWM တင်တာရယ်ပဲ ရှိပါသေးတယ် ။ (ကျွန်တော်သိသလောက်ပေါ့) 

Tuesday, February 18, 2014

[4.3] Sony Xperia Myanmar Font Manual Install ( Zawgyi font ) ** Root **


Sony မှာ သူများထက်စိတ်ညစ်ရတာဆိုလို့ မြန်မာ ဖောင့်ပဲရှိတယ် ။ ကျွန်တော့်အတွက်ပေါ့ ။ အဆင်ပြေလည်း သူများတွေ အဆင်ပြေပီးမှ အဆင်ပြေတယ် ။ ဒါပေမယ့် ဘာဖြစ်ဖြစ် Sony Crazy အတွက်တော့ ဒါက စာမဖွဲ့လောက်ပါဘူး ။ :)
4.3 ကနေ စပီး Sony Xperia မှာလည်း မြန်မာစာ ပါလာပီး ဖြစ်ပါတယ် ။ ဒါပေမယ့် ပါလာတဲ့ ပိတောက် ဖောင့်က Unicode ဖောင့် ပြောရမယ်ဆို Standard ၁ခုရှိနေပီးဖြစ်တဲ့ font ပါ။ ဒါပေမယ့် ကျွန်တော်တို့ အသုံးအများဆုံး ဖောင့်က Zawgyi font ဆိုတော့ တိုင်ပတ်တာပေါ့ ။ အဲ့တော့ Zawgyi ပြန်ပြောင်းမှ အဆင်ပြေတယ် ။
ခုရေးပေးတာ Font Changer တွေ မသုံးပဲ Manual .. Root Explorer လေးကနေ System ထဲ သွားထည့်တာကိုပြောပါမယ် ။ အမှန်ကတော့ Bath file တို့ apk တို့ကနေ ပြောင်းလိုက်လို့ရပေမယ့် ကိုယ်မသိလိုက်တာလည်းပါတယ် ။ ၁ခုခု error တတ်လာပီဆိုလည်း ပြန်မရှင်းတတ်တာတွေကြောင့် Manual တင်တာလေးကိုပြောပြပါမယ် ။ Error တတ်လို့ ပြန်မရှင်းတတ်တာ ကျွန်တော့် ညံ့ဖြင်းမှုပါ ။

Sony Xperia Z (C6602-C6603) - [ CWM & ROOT ] ** Unlock **


Sony Xperia Z ကို CWM တင်ပီး Root လုပ်တဲ့ နည်းလေးပါ ။ ဒီ Page လေးက ကိုယ့်အတွက် ကိုယ်မှတ်ထားသလားအောက်မေ့ရတယ် ။ ၁ခုခု မေ့နေပီဆိုပြန်ကြည့် ပြန်လုပ်နဲ့ အဆင်တော့ပြေသား ။ Online မှတ်ထားတဲ့နေရာလေး ကိုဖြစ်ရော ။
Xperia Z မှာ [4.3]  10.4.B.0.569 - 10.4.1.B.0.101 က စပီး Unlock လုပ်ပီးမှာ Root လုပ်ဖို့အဆင်ပြေပါတယ် ။ ကျွန်တော်သိသလောက်အခုအချိန်ထိပေါ့ ။
*#*#7378423#*#* > Service info > Configuration > Rooting Status မှာ
_Bootloader unlock allowed မှာ Yes ဆိုရင် Unlock မလုပ်ရသေးပါဘူး ။ 
_Bootloader unlock မှာ Yes ဆိုရင် Unlock လုပ်ပီးသားပါ ။
Xperia Z ကို Root လုပ်ဖို့ Unlock မလုပ်ရသေးဘူးဆိုရင် ပထမဆုံး Unlocking The BootLoader လုပ်ရပါမယ် ။

Tuesday, January 21, 2014

How to Enable .. Windows 8 Sidebar Gadgets


ထင်ပါတယ် Blog ကို ပြစ်ထားတာ ၁ နှစ်နီးပါးလောက်ရှိရောပေါ့ .. ကျွန်တော်က အရူးဆိုတော့ ရေးချင်တဲ့ စိတ် အကူအညီတောင်းတဲ့သူတွေရှိမှ ကိုယ်သိချင်တာရှိမှ ရှာဖြစ်တင်ချင်စိတ်ဖြစ်တာဆိုတော့ မတင်ဖြစ်တာတွေလည်းပါတယ် ။ အဲ့တော့ ဒီနေ့ အသိ ၁ ယောက်က Window 8 မှာ 7 လို Gadget လေးထားချင်တယ်တဲ့ အထိက လူတော်တော်များများ ကြည့်ချင်တာ Meter တွေပေါ့ CPU တို့ Network တို့ ကြည့်ရတာ အဆင်ပြေတယ်လေ ။ ရိုးရိုး မပြချင်လို့ Enable လုပ်ထားတယ် ထင်လို့ ဘယ်လိုဖွင့်ရမလဲ ရှာကြည့်တော့ .. Window 8 မှာ Microsoft ကိုက ဖြုတ်ပလိုက်တာတဲ့ ။

Friday, November 29, 2013

Android Package File ​တွေက​နေ Source Code ​တွေ​မွှေခြင်း

ဖုန်းနဲ့တင်​လိုက်​တယ်​ဆို​တော့ ရှည်​ရှည်​​ဝေး​ဝေး မ​ရေး​တော့ပါဘူး။ လိုအပ်​တဲ့ဖိုင်​​တွေကို Download လုပ်​ပါ။ ပြီး​တော့ ​ဒီ Tutorial ​လေးကြည့်​လိုက်​ပါ။ :P

Wednesday, July 10, 2013

မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၂)

မနေ့က Webcam Finder လို App ရဲ့လုပ်ဆောင်ချက်လေးဖောထားတာ ။ ဒီနေ့တော့ ထပ်ပီးတော့ Call Locater လို App မျိုးလေး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်သလောက်လေ့လာဖူးသလောက် တတ်နိုင်သလောက်လေး ဆက်ဖောပါမယ် ။ Call Locate ပြတယ် ဆိုတဲ့ App မျိုးဆိုတာ လူတိုင်းနီးနီး လိုချင်ကြတဲ့ App လေးမလား ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်နဲ့ ပြောနေတဲ့ သူတစ်ယောက် ဘယ်မှာ ရှိနေမလဲ သိချင်ကြတယ် ။ ကိုယ်ဂရုစိုက်တဲ့သူဆို ပိုသိချင်ကြတာလူ့သဘာဝပဲလေ ။ အဲ့တော့ Call Locate ဆိုတာနဲ့ တော်တော်များများ သဘောကျကြတာပဲလေ ။ တကယ်တော့ ဖုန်းခေါ်လိုက်ရုံနဲ့ သိဖို့ဆိုတာက လွယ်မယောင်နဲ့ ခက်တယ်ဗျ ။ လွယ်လွယ်ကူကူ သိနိုင်ဖို့ ခက်တယ်လို့ ယေဘူရ ပြောပါရစေ။