Friday, March 8, 2013

Text to Voice ( Use Notepad )


ဒါလေး ကတော့ Computer ကနေ ကိုယ်ရေးလိုက်တဲ့ စာသားကို အသံပြန်ထွက် ပေးအောင် Notepad ကိုအသုံးပြုတဲ့ နည်းပဲ ဖြစ်ပါတယ် ။ Notepad ကနေ တခါတည်း ပုံသေရေးထားတဲ့ Text ကို Run လိုက်တာနဲ့ အသံထွက်ပေးတဲ့ နည်းနဲ့ ကိုယ်ကြိုက်တာ ရေးထည့်ပီး ပြန်အသံထွက်ပေးတဲ့ နည်း ၂ မျိုးကိုလုပ်ပြပါ့မယ် ။ ကျွန်တော်လည်း ဒီ နည်း ၂ ခုပဲ သိလို့ပါ ။ သိတယ်ဆိုရင် ပြန် Share ပေးပါဦး ။ :D
၁ ။ အရင်ဆုံး Notepad ကိုဖွင့်ပါ ။


Dim speaks, speech
speaks="Welcome to Bless Kiss "
Set speech=CreateObject("sapi.spvoice")
speech.Speak speaks

ကို ကူးထည့်ပါ ။
အဲ့ဒီမှာ "" လေးထဲ က စာသားလေးတွေကို ကိုယ်ပြောစေချင်တဲ့ စာသားလေးတွေရေးရမှာဖြစ်ပါတယ် ။
ပီးရင် Name.vbs //    *.vbs နဲ့ သိမ်းရပါမယ် ။
vbs ဆိုတာ Microsoft ရဲ့ base script extension လေးပဲ ဖြစ်ပါတယ် ။
ခုဏက သိမ်းထားတဲ့ File လေးကို Run လိုက်ရင် Welcome to Bless Kiss ဆိုတဲ့ Audio Voice Message လေးရပီဖြစ်ပါတယ် ။



၂ ။ ဒီ ၁ ခုကတော့ အပေါ်က ၁ ခုကို Input box လေးသုံးပီး အဲ့ထဲမှာ ရိုက်ထည့်လိုက်တဲ့ စာသားလေးတွေကို ပြန်ပြောစေတာပဲ ဖြစ်ပါတယ် ။ အမှန်ကတော့ Input box လေး ထပ်သုံး ပီး အပေါ်က အတိုင်း စာသားတွေကို Input ကနေ ၁ ဆင့် ပြောစေတဲ့ သဘောပဲ ဖြစ်ပါတယ် ။

Notepad ကိုဖွင့်ပါ ။


Dim Message, Speak
Message=InputBox("Enter text","Speak")
Set Speak=CreateObject("sapi.spvoice")
Speak.Speak Message

ကို ကူးထည့်လိုက်ပါ ။
ပီးရင် Name.vbs //    *.vbs နဲ့ သိမ်းရပါမယ် ။
vbs ဆိုတာ Microsoft ရဲ့ script extension လေးပဲ ဖြစ်ပါတယ် ။
သိမ်းထားတာလေးကို Run လိုက်မယ်ဆိုရင် Input box လေးကနေ တဆင့် ရိုက်ထည့်လိုက်ပီး OK နှိပ်လိုက်ရင် ကိုယ်ရေးထားတဲ့ စာလေးတွေကို ပြန်ပီး အသံထွက်ဖတ်ပေးပါလိမ့်မယ် ။  Script အကြောင်းနားလည် တဲ့သူတွေ အတွက် ဒါက ဘာမှ မဟုတ်ပါဘူး ။ မှားနေတာလေးတွေ ရှိရင်လည်း ပြန်ပြောပေးပါဦး ။ ကျွန်တော်လည်း ဘာမှ သိပ်မသိပါဘူး ။ အားလုံး အဆင်ပြေကြပါစေ ။



No comments:

Post a Comment