Monday, February 18, 2013

Hide Data Behind Image (Using Cmd & WinRar)



Data တွေကို ဖျောက်ထားမယ် ။ ပုံလေး ၁ ပုံအနေနဲ့ပေါ့ ။ နည်းနည်းများရှုပ်သွားလား  မသိဘူး ? ဟုတ်ပါတယ် အမှတ်တမဲ့ ကြည့်လိုက်မယ်ဆိုရင် ပုံလေး ၁ ပုံပါပဲ ။ ပုံလေးရဲ့ နောက်မှာမှ Rar နဲ့ သိမ်းထားတဲ့ Data တွေ အများကြီးထည့်ထားတဲ့ နည်းလေးပါပဲ ။ ပုံလေးကို ဖွင့်ကြည့်လိုက်မယ်ဆိုရင်လည်း ပုံမှန်ပုံလေး ၁ ပုံအနေနဲ့ပဲ ရှိနေမှာပါ ။ အဲ့တော့ ပုံလေးတွေဖြစ်ဖြစ် Data လေးတွေကို Rar နဲ့ချုံ ပီးတော့ ပုံလေး ၁ ပုံအဖြစ်ပြောင်းတဲ့ နည်းလေးပါ ။

ပထမဆုံး အခု Tutorial လေးလုပ်ဖို့အတွက် Folder လေး ၁ ခု လုပ်လိုက်ပါ ။
Screenshots ဆိုတဲ့ Folder လေးလုပ်ပီး အထဲမှာ Hide ချင်တဲ့ ပုံလေးတွေ ထည့်ထားလိုက်ပါတယ် ။ တခြား Data တွေ ဆိုလည်းဖြစ်ပါတယ် ။
ကိုယ့် Hide ချင်တဲ့ Data တွေ အားလုံးကို Select လုပ်လိုက်ပီး Right Click > Add to archieve .. ဆိုပီး Rar နဲ့ ချုံ ဖို့အတွက်ရွေးလိုက်ပါမယ် ။

Archieve name ကို ကိုယ်ကြိုက်တာပေးလိုက်ပါ။ Test_Hide ဆိုပီး ပေးလိုက်ပါတယ် ။ ပီးရင် OK နှိပ်လိုက်ရင် Test_Hide.rar ဆိုတဲ့ Data တွေ ချုံ့ထားတဲ့ File ရလာပါမယ် ။

Shirt + Right Click > Open Command window here ကို Folder ထဲက လွတ်တဲ့ ၁ နေရာရာမှ ရွေးလိုက်ပါ ။ 
Shirt + Right Click ကနေ Open Command window here ဆိုတာက အလွယ်နည်းပါ ။ အမှန်ကတော့ ခုရောက်နေတဲ့နေရာကို Command ကနေ ၁ ဆင့်ချင်းစီ လည်းသွားလို့ရပါတယ် ။ ဒါကတော့ အမှားလည်းနည်းပီး တန်းပီးရောက်သွားလို့ပါ ။ အထိက ကတော့ ဒီ Folder လမ်းကြောင်းထိ Command ရိုက်ပီးလုပ်ဆောင်လို့ရအောင်ပါ ။ 
ခုလုပ်ဆောင်နေတဲ့  D:\Screenshots> ထဲကိုရောက်လာပီဆိုရင် 

Copy /b Ok.jpg + Test_Hide.rar Ok_pichide.jpg

Ok.jpg ကတော့ ကိုယ်ဖျောက်ထားတဲ့ အရာတွေကို ထွက်လာမယ့် ပုံအနေနဲ့ ပြရင်ပေါ်စေချင်တဲ့ ပုံပါ ။ 
Test_Hide.rar ကတော့ ကိုယ်ဖျောက်ချင်တဲ့ Data တွေချုံ့ထားတဲ့ Rar ဖိုင်လေးပါ ။
Ok_pichide.jpg ကတော့ နောက်ထပ်ထွက်လာမယ့် ပုံရဲ့နာမည်ပဲဖြစ်ပါတယ် ။
command ကလုပ်နေတဲ့ process ပီးသွားပီဆိုရင် Ok_pichide.jpg ဆိုပီး ပုံလေး ၁ ပုံထွက်လာပါပီ ။


Ok_pichide.jpg ဆိုတဲ့ ပုံထဲမှာ Data တွေ အားလုံးရောက်နေပီ ဖြစ်တဲ့အတွက် တခြား File တွေ အားလုံးကို ဖျက်ပလိုက်လို့ရပါပီ ။ Ok_pichide.jpg ကို ဖွင့်ကြည့်လိုက်ရင် ပုံ ၁ ပုံ အနေနဲ့ ပဲ မြင်ရမှာပါပဲ ။ ပြန်ပီး ဖြည်ချင်တယ်ဆိုရင် Ok_pichide.jpg မှာ Right Click > Open with > WinRAR Archieve ကိုရွေးလိုက်ရင် WinRAR ထဲကိုရောက်သွားပါလိမ့်မယ် ။ အဲ့ဒီမှာ ကိုယ်ဖျောက်ထားတဲ့ Data တွေ တန်းစီပေါ်လာလိမ့်မယ် ။ Extract to ဆိုပီး ကိုယ်ပြန်ဖော်ချင်တဲ့နေရာရွေးလိုက်ရင် ဖျောက်ထားတဲ့ Data တွေ ပြန်ပေါ်လာပါလိမ့်မယ် ။

သိပီးသားသူတွေလည်းရှိမှာပါ . တအားကြီး အသေးစိတ်ဖြစ်သွားလားမသိဘူး ။ အဆင့်တွေမှားမှာ ဆိုးလို့ပါ ။ ရေးရင်း ရေးရင်းနဲ့ E တွေ တောတောရောပီး ပါသွားတယ် :)  မြန်မာလိုဆို သိပ်အဆင်မပြေလို့ ။ E သိပ်ကောင်းတယ် ဆိုပီးပြောတာမဟုတ်ဘူးနော် .. တော်တော်ကို ညံ့တဲ့သူပါ ။ Folder တွေ Data တွေကို မြန်မာလို ဘာသာမပြန်တတ်လောက်အောင်ကို ညံ့လို့ပါ :D ။ အားလုံးအဆင်ပြေကြပါစေ ။

No comments:

Post a Comment