Wednesday, June 10, 2015

Root .. Root .. .. .. ?


Blog ကို ပစ်ထားမိတာ တော်တော်ကိုကြာနေမိပီ ။ Link တွေလည်းသေကုန်ပီထင်တယ် ။ လိုတာရှိရင်ပြောပေါ့ဗျာ ။ End User တွေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ Phone နဲ့ ပတ်သက်တာကို ရေးရင်း ပြန်စလိုက်ပါရစေ ။ ဖုန်းကိုင်တဲ့သူတော်တော်များများ မရင်းနှီးချင်ပဲ ရင်းနှီးလာတဲ့ စာလုံးရှိတယ် အဲ့ဒါဘာလဲဆိုတော့ Root ဆိုတာပေါ့ ။ Android ဖုန်းတွေမှာ ဖုန်းရဲ့ Build in မပါတဲ့ Font ၁ မျိုးမျိုးပဲဖြစ်ဖြစ် သာမာန် User အတွက်မလိုအပ်ဖူးထင်လို့ ထည့်မထားတာတွေ ပိတ်ထားတာတွေကျော်ဖို့ Root ဆိုတာကြီးလုပ်ဖို့လိုနေတယ် ။ IOS မှာတော့ Jailbreak လုပ်တယ်ပေါ့ ။ Android အကြောင်းပြောမှာမို့ Root ကိုပဲပြောပြပါမယ် ။ ဒါပြောလို့ ကျွန်တော်က ဖုန်းပညာရှင်မဟုတ်ပါဘူး ။ (လုံးဝမဟုတ်ပါဘူး) Computer နယ်ပယ်မှာတော့ ကျင်လည်ဖူးပါတယ် ။ အနည်းငယ်သိပါတယ် ။ ကိုယ်သိသလောက်ရေးမှတ်ထားတာ တခြားသူလည်း သိရအောင်ရေးတာဖြစ်တဲ့အတွက် မှားယွင်းမှုလေးတွေရှိရင် တောင်းပန်ပါတယ် ။ ပြန်လည် ပြောကြားပေးနိုင်ပါတယ် ။


Root .. ဖုန်းပညာရှင်တွေက အမြစ်တူးတယ်လို့လည်ခေါ်ကြတယ် ။ သစ်ပင် ၁ ပင်ရဲ့ အထိက အပိုင်းက အမြစ်တွေဖြစ်ပါတယ် ။ အမြစ်ကိုတူးလိုက်ရင်ဖြစ်ဖြစ် မျိုး၁ခုခု နဲ့စပ်လိုက်ရင်ဖြစ်ဖြစ် ပြောင်းလဲနိုင်တဲ့ အပင် ၁ခုလုံးရဲ့ အထိကက အမြစ်ပါပဲ ။ ဒီလိုပဲ Android ရဲ့ အတွင်းပိုင်း System တွေ ပြင်ဖို့ Admin Level  ရယူဖို့ Root လုပ်ဖို့လိုပါတယ် ။ တကယ်ကို အသေးစိတ်ကျွမ်းကျင်သူတွေအတွက်တော့ Root မရသေးပေမယ့် ဝင်ပြင်နိုင်လောက်အောင်လုပ်နိုင်စွမ်းရှိပါတယ် ။ ဒါပေမယ့် ပုံမှန် အသုံးပြုသူအတွက်က တော့ Root အရင်လုပ်ရမယ်လို့ပဲ မှတ်ထားတာပိုကောင်းပါတယ် ။ Computer ၁ လုံးသင်အသုံးပြုပီဆိုရင်လွတ်လွတ်လပ်လပ် အသုံးပြုနိုင်ဖို့ လုပ်ချင်တာလုပ်ဖို့ Adminstrator ဖြစ်မှရပါမယ် ။ အဲ့လိုပဲ Admin Level ရှိသူက လုပ်ချင်တာလုပ်လို့ရတဲ့အတွက် သိတတ် ကျွမ်းကျင်သူလုပ်ရင် ဘာမှမဖြစ်ပေမယ့် System ပိုင်းထိအောင် ပြင်နိုင်ပြောင်းနိုင်တဲ့အတွက် မကျွမ်းကျင်သူအတွက် Error ဆိုတာတွေ ရှိလာဖြစ်လာနိုင်မှာပဲဖြစ်ပါတယ် ။

Root လုပ်တာဆိုတာ တရားဝင် သာမာန် User ကို အသုံးပြုဖို့ ခွင့်ပြုထားတာမဟုတ်လို့ စနစ် ၁ခုကို ချိုးဖောက်လိုက်ပီး အသုံးပြုခွင့် ရယူလိုက်တာပဲဖြစ်ပါတယ် ။ Hack တဲ့ သဘောဆန်တယ်လို့မြင်မိပါတယ် ။ဒီအတွက် ကိုယ်ချိုးဖောက်လိုက်တဲ့ နည်းလမ်းက ဘယ်လိုလဲ .ဘယ်နေရာ ကနေအသုံးပြုခွင့်ရယူလိုက်တာလဲ ။ ဒီ့အတွက် ကိုယ့်ရဲ့ လုံခြုံရေး စည်းဘယ်လောက်ကျိုးသွားပီလဲ ဆိုတာ သိဖို့ အတော်လေးကို ကျွမ်းကျင်နားလည်သူမှ သာသိရှိနိုင်မှာဖြစ်ပါတယ် ။ ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကောင်းဖြစ်လာနိုင်တာကို ကြိုတင်လက်ခံနိုင်ဖို့လိုအပ်ပါတယ် ။ Root လုပ်တဲ့ နည်းမျိုးစုံရှိပါတယ် ။ ခုနောက်ပိုင်း 1 Click Root တွေပေါ်လာပါပီ ။ ခလုတ် ၁ ချက်နှိပ်လိုက်ရုံနဲ့ Root ရပီ Super User သွင်းပီးသားပဲ ။ ဖုန်းကနေ တိုက်ရိုက် Root access ရယူနိုင်တာ ရှိသလို Pc သုံးပီး ရယူနိုင်တာတွေလည်းရှိပါတယ် ။ ဘာကောင်းတယ် ဘယ်ဟာ Error ရှိတယ်ဆိုတာ ပြောဖို့ ခက်လွန်းပါတယ် ။ ဖုန်းတွေ အမျိုးအစားမတူ System မတူ တာ ထွက်လာတဲ့ Version တွေမတူတာကြောင့် ဘာကသေချာရတယ် . ဘယ်ဟာကမရဘူးဆိုတာ လည်းပြောမရပါဘူး ။ ဒါပေမယ့် ခုနောက်ပိုင်း တရုတ်က Root ပိုင်းမှာ ပိုကောင်းနေတယ်လို့ ပြောလို့ရအောင် 1 Click Root တွေပိုထွက်လာပီး အဆင်ပြေပြေ သုံးနိုင်လာတာတွေ့ရပါတယ် ။ တချို့ 1 Click Root ရတဲ့ Link လေးတွေ Share လိုက်ပါတယ် ။ အားလုံးပဲ အဆင်ပြေကြပါစေ ။


No comments:

Post a Comment