Thursday, March 28, 2013

How disable and enable usb ports (Without Software)


Post ၁ ခုလောက်လည်း တင်ချင်တယ် ။ ဘာတင်ရမလဲ ဆိုတာလည်းမသိ ။ အပျင်းကလည်းတစ်နေသေးတယ် ။ ဘော်ဒါ ၁ ယောက်က သူ့ စက်မှာ Usb port တွေကို ပေးမသုံးချင်လို့တဲ့ ။ မကူးစေချင်တာလည်း ဖြစ်မှာပေါ့ ။ အဲ့ဒါဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုလို့ Software တွေလည်း မပေးချင်တာနဲ့ Register မှာ ဝင်ပြင်တဲ့ ဟာလေးနဲ့ Command ကနေ ပြောင်းတဲ့ ဟာလေးကို တွေ့လို့ပြန် Share ပေးလိုက်ပါတယ် ။ ၁ ခုခု ဆို Software ဆိုတာကြီး ကိုတန်းတ နေရတာ အလုပ်ရှုပ်တယ်လို့ ခံစားမိလာလို့ပါ ။ တတ်နိုင်သလောက် ကိုယ့် PC ထဲက ဟာနဲ့ ပဲ လုပ်လို့အဆင်ပြေရင် ကောင်းတယ်လို့ထင်တာပဲ ။ ၁ ခုတော့ ရှိတယ် ကိုယ့်စက်ကို ဝင်ကိုင်ခွင့်ပေးလိုက်ပီ ဆိုကတည်းက ပြန်ပီး hack သွားလို့ရနိုင်တယ် ဆိုတာတော့ မမေ့နဲ့ပေါ့ဗျာ ။ ဘာလို့လဲ ဆိုတော့ ကိုယ့် စက်၁ခုလုံးတောင် သုံးခွင့်ပေးထားမိတာကိုး ။ ထားပါတော့ ခု ကတော့ Admin Right ကနေလုပ်ရမယ့် ဟာလေးတွေဖြစ်ပါတယ် ။
<< 1 >>
win_key+r(run) > regedit ဆိုရင် Register Editor ထဲရောက်သွားပါမယ် ။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\UsbStor ရွေးပီး ဝင်ပါ ။
UsbStor ရောက်ပီဆိုရင် ဘေးက box ထဲမှာ Start ကိုရှာပီး Double Click နဲ့ ဝင်ပါ ။
Value data မှာ 4 ကို ပြောင်းပါ ။ ပီးရင် OK နှိပ်ပါ ။ စက်ကို restart လုပ်ပီးရင် USB port တွေ Disable ဖြစ်သွားပါပီ ။ 
* Value data မှာ 3 ပြန်ပြောင်းလိုက်ရင် Enable ပြန်ဖြစ်ပါတယ် ။

Command >>

Disable
 reg add HKLM\SYSTEM\CurrentControlSet\Services\UsbStor /v "Start" /t REG_DWORD /d "4" /f 

Enable
 reg add HKLM\SYSTEM\CurrentControlSet\Services\UsbStor /v "Start" /t REG_DWORD /d "3" /f 

*******************************************

<< 2 >>
Usbstor.pnf နဲ့ Usbstor.inf ကို deny access လုပ်ခြင်းဖြင့်လည်း Usb port တွေကို Enable / Disable လုပ်ခြင်း

Command >>

Disable

 cacls %windir%\Inf\Usbstor.pnf /d user 
 cacls %windir%\Inf\Usbstor.inf /d user 


Enable


 cacls %windir%\Inf\Usbstor.pnf /p user:R 
 cacls %windir%\Inf\Usbstor.inf /p user:R 

မှားနေတာ ရှိတယ်ဆိုလည်း ပြောပြပေးပါဦး ။ အားလုံး ပဲ အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ။

No comments:

Post a Comment