Monday, October 1, 2012

Google Goggles



ပုံလေး ၁ ပုံကို တွေ့လိုက်တယ် ။ မြင်ကွင်း ၁ ခု တွေ့လိုက်တယ် ။ အဲ့ဒါက ဘာလဲ ? ဘာနဲ့ တူလဲ ? သိချင်ပါလား ? လွယ်ပါတယ် Goggles ဆိုတဲ့ apk လေး သုံးလိုက်ပေါ့ ...
Goggles အတွက် ကျွန်တော် Post တင်မယ်ဆိုပီး ရှာတော့ အပေါ်က ကြေညာထားတာလေး တွေ့ပီး အလွန်ကို သဘောကျသွားတယ် ။ အရမ်းကို ထိရောက်တယ် ။ ကိုယ်မြင်လိုက်တာကို Google ကနေ သေချာ ရှာပေးနိုင်တယ် ဆိုတာ ကို ပြနေပါတယ် (ကျွန်တော့်အထင်သက်သက်ပါ)
Google ကတော့ သူ့ Search Engine မှာ ပုံနဲ့ ရှာတာကို Support ပေးထားတာ ကြာပီ ။ သုံးဖြစ်ကြလားတော့ မသိဘူး ။ မြန်မာနိုင်ငံက Data တွေ Online ပေါ်မှာ နည်းနေသေးတဲ့ အတွက် သိပ်မသုံးဖြစ် သုံးလို့ အဆင်မပြေ မတွင်ကျယ်သေးတာဖြစ်နိုင်ပါတယ် ။ ကျွန်တော်တော့ တော်တော် ကြိုက်တဲ့ App လေးပဲ ဖြစ်ပါတယ် ။ ကိုယ့်စက်ထဲမှာ သိမ်းထားတဲ့ Online ပေါ်က ဒေါင်းထားတဲ့ ပုံလေးတွေ ကို Quality ကောင်းတာဖြစ်ဖြစ် ။ ပုံလေးအကြောင့် Detail သိချင်တာဖြစ်ဖြစ် ဒီ App လေးသုံးလိုက်တယ်ဆိုအဆင်ပြေသွားပါလိမ့်မယ် ။

Handwrite ( Google )


Mobile App တော့လည်း မဟုတ်ပါဘူး ။ မသိသေးတဲ့ သူတွေ များရှိခဲ့ရင် သိစေချင်တဲ့ ဆန္ဒလေး နဲ့ ရေးတင်ပေးလိုက်ပါတယ် ။ ဒီနေ့ ဘာရယ်မဟုတ် You Tube ထဲ ဝင်မွှေရင်း Google ဘက် ၁ ချက် လှည့်ကြည့်မိတယ် ။ ထူးထူးခြားခြား Google က Browser App လေး ၁ ခု ရှိနေတာ ကိုတွေ့လိုက်ပါတယ် ။ ဘာမှ Install လုပ်စရာမလိုပဲ Setting လေး ပြင်လိုက်ရုံနဲ့ ကိုယ့်ရဲ့ Touch Screen လေးမှာ လက်နဲ့ ရေးပီး ရှာလို့ရတာလေးပါ ။ Android လို့မသုံးပဲ Touch လို့ ရေးလိုက်ရလဲဆိုတော့ သူက OS Application မဟုတ်ပဲ Search Engine ရဲ့ Original Setting လေးကို ဖွင့်သုံးရလို့ပဲ ဖြစ်ပါတယ် ။ Android ရော IOS ရော ၂ ခုလုံးမှာ သုံးလို့ရပါတယ် ။