Friday, June 19, 2015

နိုင်ငံတော် သီချင်းကို စတင်ခဲ့သူ (သို့မဟုတ်) ဝိုင်အမ်ဘီ သခင်တင်

ဝိုင်အမ်ဘီ သခင်တင် 

* ၀ိုင်အမ်ဘီ ဆရာတင်ကို ခရစ်နှစ် ၁၈၉၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၅၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ တနင်္လာနေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်နေ သီပေါမင်း၏ အမှုထမ်း သွေးသောက်ကြီးဟောင်း ဦးရန်အောင်နှင့်ဇနီး ဒေါ်သိန်းတို့ ဖြစ်သည်။ ငယ်နာမည်မှာ မောင်တင်ဖြစ်ပြီး မွေးချင်း ၃ ဦးအနက် အလတ်ဖြစ်သည်။ အစ်မမှာ မမိ ဖြစ်ပြီး ညီမမှာ မငါ့မ ဖြစ်သည်။

Wednesday, June 10, 2015

Root .. Root .. .. .. ?


Blog ကို ပစ်ထားမိတာ တော်တော်ကိုကြာနေမိပီ ။ Link တွေလည်းသေကုန်ပီထင်တယ် ။ လိုတာရှိရင်ပြောပေါ့ဗျာ ။ End User တွေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ Phone နဲ့ ပတ်သက်တာကို ရေးရင်း ပြန်စလိုက်ပါရစေ ။ ဖုန်းကိုင်တဲ့သူတော်တော်များများ မရင်းနှီးချင်ပဲ ရင်းနှီးလာတဲ့ စာလုံးရှိတယ် အဲ့ဒါဘာလဲဆိုတော့ Root ဆိုတာပေါ့ ။ Android ဖုန်းတွေမှာ ဖုန်းရဲ့ Build in မပါတဲ့ Font ၁ မျိုးမျိုးပဲဖြစ်ဖြစ် သာမာန် User အတွက်မလိုအပ်ဖူးထင်လို့ ထည့်မထားတာတွေ ပိတ်ထားတာတွေကျော်ဖို့ Root ဆိုတာကြီးလုပ်ဖို့လိုနေတယ် ။ IOS မှာတော့ Jailbreak လုပ်တယ်ပေါ့ ။ Android အကြောင်းပြောမှာမို့ Root ကိုပဲပြောပြပါမယ် ။ ဒါပြောလို့ ကျွန်တော်က ဖုန်းပညာရှင်မဟုတ်ပါဘူး ။ (လုံးဝမဟုတ်ပါဘူး) Computer နယ်ပယ်မှာတော့ ကျင်လည်ဖူးပါတယ် ။ အနည်းငယ်သိပါတယ် ။ ကိုယ်သိသလောက်ရေးမှတ်ထားတာ တခြားသူလည်း သိရအောင်ရေးတာဖြစ်တဲ့အတွက် မှားယွင်းမှုလေးတွေရှိရင် တောင်းပန်ပါတယ် ။ ပြန်လည် ပြောကြားပေးနိုင်ပါတယ် ။