Wednesday, June 26, 2013

MP3 TAG (Portable)


အလုပ်တွေများနေတာနဲ့ ဘာမှလည်းမတင်ဖြစ်ဘူး ။ စိတ်တွေကလည်း ညစ်နေတယ် ။ Post လေး ၁ ခုတော့ တင်ချင်လွန်းလို့ ဖျစ်ညစ်တင်လိုက်ပါတယ် ။ Mp3Tag ပါ ။ Online ကနေ ပိုက်ဆံနဲ့ တန်းဝယ်ထားတဲ့ mp3 တွေ ဆိုရင် Cover pic တွေ အဆိုတော်နာမည်တွေ အစရှိသဖြင့်ပါပီးသားပါ ။ ကျွန်တော်တို့ကျတော့ ကိုယ့်ဘာသာ ချုံ့ထားတာဖြစ်ဖြစ် တခြားက ရတာပဲ ဖြစ်ဖြစ် မမှန်ဘူးဆို ပြင်ဖို့လိုလာပီ ။ ဘယ်မှာ သိသာလဲဆိုရင် ဖုန်းတွေမှာ သီချင်းကို ပါလာတဲ့ Origianl Player နဲ့ ဖွင့်ပီဆိုတာနဲ့ တချို့တွေက သူတို့ပုံတွေတင်ထားတယ် ။ အဆိုတော်နာမည်မပါတာ ။ Album Name မပါတာနဲ့ လွယ်လွယ်ကူကူ Album - Artist နဲ့ဖွင့်မရတတ်ဘူးဖြစ်တတ်ပါတယ် ။

Re-Enable 2.0 Portable


 ဒီ software လေး က virus ကြောင့် disable  ဖြစ်သွားတဲ့ Task Manager , Registry , Ms-Config , Folder Options etc..တို့ကို ပြန်ပြီး enable လုပ်ပေးတဲ့ software လေးဖြစ်ပါတယ်

Friday, June 21, 2013

Root With Framaroot


Root လုပ်တဲ့ app တွေ အများကြီးပါ ။ ဒါပေမယ့် apk က နေ Root ပြန်လုပ်လို့ရတာတော့ ခုမှ စတွေ့ဖူးတယ် ။ ကျွန်တော် အတွေ့အကြုံ နည်းတာလည်းဖြစ်နိုင်ပါတယ် ။ Root တဲ့ apk လေး နာမည်က Framaroot ပါ ။ Galaxy Note 8.0 လေးကို ပထမတုန်းက မြန်မာစာဖတ်လို့ရတော့ Root မလုပ်ပဲ သုံးနေတာ .. မနေ့က တချို့ apk တွေသုံးမရ - Game တွေ ခိုးမရ - နဲ့ ICS မှာ မြန်မာစာမှားနေတာလေးတွေ အမှန်ဖြစ်တဲ့ Browser တွေ့တော့ Root လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ ။ အဲ့တော့ Root ဖို့ရှာတယ်ပေါ့ဗျာ ။ E root နဲ့ စမ်းလိုက်သေးတယ် ။ ဒုံရင်းပါပဲ ။ မရပါဘူး ။

Wednesday, June 19, 2013

AirDroid


ဟို တစ်နေ့က ရုံးက အကို ၁ ယောက်နဲ့ ဖုန်းအကြောင်းစကားပြောဖြစ်ရင်း ဖုန်းကို Computer ကနေ sms ပို့တာ ဖုန်းခေါ်တာတို့ လုပ်တာကို အရင် Smart ဖုန်းတွေမှာ လုပ်ဖြစ်တာပြောဖြစ်ပါတယ် ။ အဲ့ဒီတော့ ဖုန်းဝင်လာရင် Computer မှာ လာပြရင် Computer ကနေ sms လှမ်းပို့တာတို့ ဖုန်းခေါ်တာတို့ကို Computer နဲ့ ချိတ်ထားပီး တန်းခေါ်ဖို့တွေးမိပါတယ် ။ အဲ့ဒါနဲ့ ရှာကြည့်တော့ app တွေ အများကြီးတွေ့တာပဲ ။ အဲ့ထဲမှာ မှ ကောင်းတဲ့ app လေး ၁ခုနဲ့ မိတ်ဆက်ပေးပါ့မယ် ။ AirDroid ဆိုတဲ့ apk လေးပဲ ဖြစ်ပါတယ် ။

Splashtop Remote Desktop HD


Remote Desktop app တွေတင်ဖူးပါတယ် ။ Computer ကို လှမ်းပီး Remote လှမ်းလုပ်တဲ့ Apk ၁ ခုပါ ။ ရှိတာတွေလည်း အများကြီးပါပဲ ။ ဒီ ၁ ခုက Function လေးတွေ တော်တော်ကောင်းပါတယ် ။ Window - Mac - Ubuntu တွေကို Remote လှမ်းသုံးလို့ တော်တော်အဆင်ပြေတဲ့ App လေး ၁ ခုပါ ။

Friday, June 7, 2013

Change System font Style in Window 8


Window 8 မှာက အရင် Window တွေလို System font style တွေ လွယ်လွယ်ကူကူချိန်းလို့ မရတော့ဘူး ။ ဥပမာ - Icon က font style ကို ဇော်ဂျီ နဲ့ ရိုက်ထားလို့ ဇော်ဂျီနဲ့ ပေါ်ချင်တယ်ဆို window 7 မှာ Control Panel -> Personalize -> Window Color -> Advanced -> Icon မှာ Zawgyi-One ဆိုပီး ပြင်လိုက်တာနဲ့ icon တွေမှာ ဇော်ဂျီ နဲ့ ရိုက်ထားတာ မြင်ရပီ ။ ဒါပေမယ့် window 8 ကျတော့ Window Color ထဲဝင်ပီးရော Advanced ပျောက်နေရော ။ လိုက်ရှာတော့လည်း မတွေ့တော့ဘူး ။ လွယ်လွယ်ကူကူ မပြင်စေချင်လို့လား မလိုအပ်ဘူးထင်လို့လားမသိ ဖြုတ်လိုက်တယ် ။ ကျွန်တော်သိသလောက်ပေါ့လေ ။ အဲ့တော့ အဲ့လိုနေရာမျိုးတွေကို ပြင်ဖို့အတွက် Zawgyi သုံးတယ်ဆို လိုအပ်လာပါပီ ။ Window 8 မှာက Default က Myanmar Unicode ပါပီးသားဆိုတော့ မြန်မာစာပေါ်သယောင်နဲ့ - Myanmar Unicode နဲ့ မရိုက်ပဲ Zawgyi နဲ့ ရိုက်မိတယ်ဆို ဘာတွေပေါ်မှန်းမသိဖြစ်သွားတာပဲ ။ Zawgyi Zawgyi ဘာလို့ပြောနေလဲဆိုတော့ ခုချိန်ထိ Zawgyi က Internet font လောက မှာ စိုးမိုးနေဆဲဆိုတော့ ပြောဖြစ်တာပါ ။ အမှန်က ကိုယ်ကြိုက်တဲ့ Font style ပြောင်းပေါ့ဗျာ ။

Wednesday, June 5, 2013

Notepad++ 6.3.3 Portable


Notepad++ ဆိုတာကို End User တွေထက်စာရင် Coder တွေ ကပိုသိမယ်ထင်တယ် ။ Html ရေးရင်လည်း အဆင်ပြေတာပဲ ။ Webpage source တွေ code တွေကြည့်မယ်ဆိုသုံးဖြစ်တယ် ။ တော်တော်လေးကိုအဆင်ပြေတဲ့ Notepad လေးပေါ့ ။ တော်ပါပီ အာမရှည်တော့ပါဘူး ။ :)

Monday, June 3, 2013

Adobe PhotoShop Cs6 Extended portable 97 MB


Blog ကိုလှည့်မကြည့်တာလည်းကြာပီ ။ ဘာမှလည်းတိုးတတ်မှုမရှိတာကြာပီ ။ သင်္ကြန်ပတ်ဝန်းကျင်ကစ ခုထိ ဘော်ဒါတွေ ကိစ္စတွေလုပ် ပျော်ပါးနေတာနဲ့တင် ပိုက်ဆံရတဲ့အလုပ်တောင် စိတ်မပါတပါနဲ့ လုပ်နေရင်း ဘာမှကိုသေချာ မလုပ်ဖြစ်ဘူးဖြစ်နေတယ် ။ ခုတော့ Adobe PhotoShop Cs6 Portable လေးတင်းပေးလိုက်ပါတယ် ။ PS သမားတွေ ဆောင်ထားရင် ဆင်ပြေတာပေါ့ ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ ။