Tuesday, July 31, 2012

This Means War (2012)

 This Means War (2012) -Action | Comedy | Romance - အပျင်းပြေကြည့်ကောင်းတဲ့ ဇာတ်ကားလေး ၁ ခု ဖြစ်ပါတယ် ။
ဇာတ်ကားလေးကတော့ အရမ်းခင်တဲ့ ဘော်ဒါ ၂ ယောက် မိန်းကလေး ၁ ယောက်ထဲကို သွားကြိုက်တဲ့အကြောင်းပါ။မိန်းကလေး ကလည်း အတွဲ လိုချင်တယ်ပေါ့ .. ယောက်ျားလေး ၂ ယောက် ကတော့ အကြောင်းစုံ သိနေတယ် .. မိန်းကလေးကတော့ ဘာမှ မသိဘူး ... ယောက်ျားလေး ၂ ယောက်က SPY တွေ .. သူတို့နဲ့ ရန်ဘက် ကြီး ပါလာတော့ .. .. .. ကြည့်ကြည့်လိုက်ပါဦး .. ကျွန်တော့် သူငယ်ချင်း ညွှန်လို့ ကြည့်ဖြစ်လိုက်တာ .. တော်တော်ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ ပါးပါး ဇာတ်လမ်း ၁ ပုဒ်ပါပဲ .. ကြည့်မယ်ဆို Link ကတော့

*********>>> Watch <<<*********

Monday, July 30, 2012

1 Mobile Market (Android)


1 Mobile Market ဆိုတာ တခြားတော့မဟုတ်ပါဘူး .. Internet ရှိတယ်ဆို Free App တွေ Free Games တွေ လိုက်ရှာပီး ဒေါင်းလို့ရနိုင်တဲ့ Site လေး ၁ ခုပါပဲ .. သူ့ထဲမှာ ပြထားသမျှ အားလုံး အားလုံး က Free တွေ ကြည်းပဲ .. လိုက်ရှာနိုင်ဖို့တော့လိုတယ်လေ .. သွင်းထားတဲ့ ထဲက Apps တွေ သူ့ထဲမှာ Update ပေါ်ပီဆိုလည်း alert ပေးသေးတယ်လေ ..  Free တွေကြည်းစုထားတာ ဖြစ်တဲ့ အတွက် ကြိုက်နေပီ ပိုက်ဆံ ပေးရမယ်ဆိုတဲ့ ကိစ္စ ရှင်းသွားတယ် .. ဖုန်းထဲကနေ တိုက်ရိုက်လှမ်းပီး ရှာလို့ ဒေါင်းတဲ့ Site လေးပေါ့ .. App လေးထည့်ထားမယ်ဆို တခါတည်း Auto Update တွေပြတာ လှမ်းရှာတာ လုပ်လို့ ကောင်းတာပေါ့ ... Site ရဲ့ လင့်လေးကတော့ http://www.1mobile.com/app/market/
Apk လေး လိုချင်တယ်ဆိုရင်တေ့ အပေါ်က ပုံလေးကို နှိပ်ပီး ရယူနိုင်ပါတယ် ..

Friday, July 27, 2012

ဖုန်းရေထဲလွတ်ကျခြင်း


မနေ့က ညနေက မိုးတွေ အရမ်းရွာတယ် .. မိုးရေထဲ ထွက်တဲ့ ကျွန်တော်က ဖုန်းကို ခါးကြားထဲ ထိုးတာ အကျင့် ၁ ခုလိုဖြစ်နေတယ် ..
 အဲ့လိုနဲ့ လမ်းလျှောက်ရင်း ဖုန်းက ခါးကြားကနေ ရေအိုင်ထဲကို ခုန်ဆင်းသွားလေရဲ့ .. ကျတယ်ဆိုတာ နဲ့ ချက်ချင်းကြီး ရေအိုင်လေးထဲက ဖုန်းကို ကောက်တယ် ..
ပီးတော့ ဖုန်း Battery ကို ဆွဲဖြုတ်လိုက်တယ် ... မိုးလုံးတဲ့ နေရာကို ရောက်တော့မှ ဖုန်းကို ကြည့်တော့ ရေ နည်းနည်းပဲ စိုတယ် .. အဲ့တော့ ရေကို ခြောက်အောင်သုတ် .. အသိတွေက ဖုန်းကို မဖွင့်ဖို့ပြောပေမယ့် ဖုန်းကို Battery တတ်တယ် .. ပြန်ဖွင့်လိုက်တယ် .. Sony >> Xperia ဆိုတာ ပေါ်ပီး ပြုတ်ကျသွားတယ် .. နောက် ၁ ခါ ထပ်ဖွင့်တော့ Safe Mode ကနေတတ်တယ် .. ပီးတော့ ပြန်ပြုတ်ကျသွားတယ် .. ဖုန်းကလည်းတော်တော်ပူနေပီ .. ရှော့စ် ဖြစ်ရင်ပြဿနာဆိုပီး အိမ်ရောက်မှ စမ်းတော့မယ်ဆိုပီး တွေးလိုက်တယ် .. ဖုန်းကို ရေ သိပ်မဝင်ဘူးပဲ ထင်တာပါပဲ ..
အိမ်ရောက်တော့ Hair Dryer နဲ့ မှုတ်တော့ Camera မှာ ရေငွေ့လေးတွေ တွေ့တယ် ဖွင့်တော့ အဲ့လိုပဲ ပြုတ်ကျကျသွားတာပဲ .. ပါဝါ ကျွေးကြည့်တယ် မထူးခြားနားပဲ .. အဲ့တော့ အသိ ၁ ယောက်ပြောဖူးတဲ့ အတိုင်း ဒီတိုင်းထားမယ့်အစား .. ဆန်ပုံးထဲ ကို ထည့်ထားလိုက်တယ် .. အဲ အဲ့မှာ မေးစရာရှိတယ် .. ဘာဖြစ်လို့ ဆန်အိုးထဲ ထည့်လဲဆို .. ဆန်ဆိုတာ ရေငွေ့တွေကို စုပ်လို့ပါ .. အဲ့လိုလဲ သိထားပါတယ် .. မှန်ချင်မှလည်း မှန်မှာပါ .. အဲ့လိုနဲ့ ညက နေလည်းမကောင်းချင်တာနဲ့ စောစော အိပ်လိုက်တယ် ..
မနက်ရောက် တော့ မျက်စိပွင့်တာနဲ့ သတိရတာ ဖုန်းကိုပါ .. အဲ့ဒါနဲ့ချက်ချင်းသွားယူ Battery တပ် ဖုန်းကိုဖွင့် .. .. .. .. Sony >> Xperia ပိတ်သွားပါလေရော .. Screen တတ်တော့ Screen ဘာမှမဖြစ်ဘူး .. လက်နဲ့ ထိရင် အလင်းရောင်အလုပ်လုပ်တယ် .. Touch လည်းမဖြစ်သေးဘူး .. ဖုန်းရဲ့ Logo တွေလည်း တတ်သေးတယ် .. ရှော့စ် အကြီးကြီးလည်းမဖြစ်ဘူး .. Loading ဆွဲမတင်နိုင်ဘူး .. ပြုတ်ပြုတ်ကျတယ် .. Battery အားက ဆွဲတင်မပေးနိုင်တာလား ?? ?? ?? ပါဝါကျွေးလိုက်ပါတယ် .. Battery အားသွင်းနေတဲ့ ပုံလေးပေါ်လာတယ် မဆိုးဘူး မပျက်လောက်သေးဘူး .. ပါဝါဖွင့်လိုက်ပါတယ် .. OK ဗျာ တတ်သွားပါပီ .. အဆင်ပြေသွားပါပီ .. ဖုန်းကဒ်ကိုတော့ အားဖြည့်ပီးမှ ထည့်လိုက်ပါတယ် .. အားလုံး အဆင်ပြေသွားပါပီ .. တော်သေးတာပေါ့ ..လခထုတ်တာနဲ့ ဖုန်းပြင်ခ (ဝါ) ဖုန်း ၁ လုံးထပ်ဝယ်ရမယ့် ဘေးကလွတ်သွားပီလေ .. :) ကျွန်တော်ဖြစ်တဲ့ အကြောင်းလေးလို ခပ်ဆင်ဆင်ဘော်ဒါတွေများ ဖြစ်ခဲ့မယ်ဆိုရင် စမ်းကြည့်ကြပါလားဗျာ ..

Thursday, July 26, 2012

Shutdown Timer (Command)

ကွန်ပျူတာကို ဖွင့်ထားပီး သီချင်းလေးဖွင့်ထားမယ် .. အိပ်ပျော်သွားတဲ့အချိန်လောက် သက်မှတ်ထားတဲ့ အချိန် ၁ ခုရောက်မှ Auto Shutdown ချချင်တယ် ..  အဲ့လိုမျိုး ဆို ဘယ်လိုလုပ်ရမလဲ တွေးဖူးတဲ့ အချိန် များရှိလား .. ?? ?? ?? အခု Command ထဲက နေ Auto Shutdown လုပ်တဲ့ နည်းလေး ရေးပေးလိုက်ပါတယ် ..
ကျွန်တော် Computer စသုံးတုန်းက Software တွေလည်း ကောင်းကောင်းမသုံးတတ် မရှာတတ် ခင်တုန်းက တော်တော်သိချင်ခဲ့တာလေးပေါ့ ..
ခု ကျွန်တော်တို့ ဘယ်လို Command က နေ Shutdown ချမလဲ ပြောပြပါမယ် ..

ပထမဆုံး ( WindowKey+R ) or ( Start > Run ) or ( Start > cmd ) ကနေ Command Box ပေါ်လာအောင် လုပ်လိုက်ပါမယ် ..

Flash Light Torch LED HD


အလင်းရောင်မရှိတဲ့နေရာတွေ .. လှေကားမီးတွေ ပိတ်နေလို့ပဲ ဖြစ်ဖြစ် အရေးပေါ် အလင်းရောင်လိုချင်ရင် သုံးလို့ အဆင်ပြေမယ့် Application လေးပဲဖြစ်ပါတယ်



Wednesday, July 25, 2012

Web site များပေါ်မှ သီချင်းများ .. ဗီဒီယိုများကို Add on သုံးပြီး Download လုပ်ခြင်း ( You tube )

ကျွန်တော့်ကို အသိတွေ သူငယ်ချင်းတွေ MTV တွေ Song တွေ Download လုပ်ရင် ဘယ်လိုလုပ်ရမလဲ ခဏခဏလာမေးတာ ကြုံလို့ ဒီ ၁ ခါ မသိသေးတဲ့သူတွေ သိသွားအောင် ရေးပေးလိုက်ပါတယ် ... ဘယ်လို Down ရမလဲဆိုတာပေါ့ .. ခုလုပ်ပြပေးမှာကတော့ Firefox သုံးတဲ့သူတွေအတွက် Free .. Addon လေး သုံးနည်းပါ .. Add on နာမည်လေးကတော့ Video DownloadHelper ပါ ။

The Dark Knight Rises (2012)

The Dark Knight Rises (2012) : 2012 July 20 မှာ ပြသတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ် ..
Batman ဇာက်ကားတွေ ကြိုက်တဲ့ သူတွေ အတွက်ပေါ့ .. အကြည်တော့မဟုတ်သေးပါဘူး .. အကြည်လိုချင်ရင် ရတာနဲ့ ထပ်တင်ပေးပါမယ် .. မကြည်သေးလည်း ကြည့်မယ်ဆိုရင် ကြည့်လို့ရအောင် Link လေး တင်ပေးလိုက်ပါတယ် ..

*****************>> Watch <<*****************

Tuesday, July 24, 2012

Link2SD ( ဖုန်းထဲမှ Appများကို SD ထဲကို တတ်နိုင်သလောက်ရွှေ့မယ် *Root* *Android* )


ဖုန်းဝယ်ပီး App တွေ Install လုပ် .. Game တွေ Install လုပ်တော့မှ .. '' ငါ့ဖုန်းက Internal Storage  တော်တော်နည်းတယ်ကွာ '' ဆိုတဲ့ သူငယ်ချင်းတွေအတွက် အနည်းငယ်ပို အဆင်ပြေလာမယ့် နည်းလမ်း ၁ ခုပြောပြပါမယ် .. သုံးရမယ့် App ကတော့ Link2SD ဆိုတာလေးပါပဲ .. သူက Apk ဖိုင်လေးကို Run လိုက်ရုံနဲ့တော့ တန်းသုံးလို့မရဘူး .. ဘာဖြစ်လို့လဲဆိုတော့ SD Cardထဲမှာ သွားသိမ်းမှာလေ .. အဲ့တော့ SD Card လေး မှာ သွားပြင်ရတာလေးတော့ရှိတယ် .. အနည်းငယ်အလုပ်ရှုပ်တယ်ပေါ့ .. ဒါပေမယ့် .. ဖုန်းလေးမှာ App တွေ ခပ်များများသွင်းဖို့ .. ပိုပီး Space တွေ များဖို့ဆိုရင်တော့ လုပ်ရမှာပဲ ပေါ့ .. မဟုတ်လား ?? ?? ??  :)   * Root လုပ်ထားပီးသား ဖြစ်ရပါမယ် ။

စတင်ခြင်း

၂၅-၀၇-၂၀၁၂ ရက်နေ့တွင် စတင်ပြုလုပ်သည်။