Wednesday, July 10, 2013

မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၂)

မနေ့က Webcam Finder လို App ရဲ့လုပ်ဆောင်ချက်လေးဖောထားတာ ။ ဒီနေ့တော့ ထပ်ပီးတော့ Call Locater လို App မျိုးလေး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်သလောက်လေ့လာဖူးသလောက် တတ်နိုင်သလောက်လေး ဆက်ဖောပါမယ် ။ Call Locate ပြတယ် ဆိုတဲ့ App မျိုးဆိုတာ လူတိုင်းနီးနီး လိုချင်ကြတဲ့ App လေးမလား ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်နဲ့ ပြောနေတဲ့ သူတစ်ယောက် ဘယ်မှာ ရှိနေမလဲ သိချင်ကြတယ် ။ ကိုယ်ဂရုစိုက်တဲ့သူဆို ပိုသိချင်ကြတာလူ့သဘာဝပဲလေ ။ အဲ့တော့ Call Locate ဆိုတာနဲ့ တော်တော်များများ သဘောကျကြတာပဲလေ ။ တကယ်တော့ ဖုန်းခေါ်လိုက်ရုံနဲ့ သိဖို့ဆိုတာက လွယ်မယောင်နဲ့ ခက်တယ်ဗျ ။ လွယ်လွယ်ကူကူ သိနိုင်ဖို့ ခက်တယ်လို့ ယေဘူရ ပြောပါရစေ။
ကျွန်တော်သိတဲ့ Knowledge အရပြောပါ့မယ့် လိုအပ်ချက်များ ရှိနိုင်မယ်လို့လဲ သိပါတယ် ။ လုံးဝ မသိတာထက်စာရင် အနည်းငယ်သိတာက ပိုမလားလို့ပေါ့ဗျာ ။ ဖုန်းဆက်လိုက်တယ် ။ ဖုန်းလက်ခံတဲ့သူ ဖုန်းလှမ်းဆက်တဲ့သူ ကို သိဖို့ ဘာတွေ လိုလောက်ပါသလဲ ? ဖုန်း ၁ လုံးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကရော ဘယ်လောက်ထိ ရှိပါသလဲ ? ဖုန်း ၁ လုံးမှာ ပုံမှန် လွယ်ကူစွာ တည်နေရာ ပြနိုင်တဲ့ GPS လို Function ပါရပါမယ် ။ နောက် ၁ ခု Wifi နဲ့ ချိတ်မယ်ဆိုရင်လည်း Wifi ကဘယ်နားက ဖမ်းနေလည်းဆိုတာကို အကြမ်းဖြင်း ပြနိုင်ပါတယ် ။ ဒီနည်း ၂ ခုလုံးကလည်း ဖွင့်မထားသ၍ ကိုယ့် စက် (or) Phone ကတောင် မသိနိုင်ပါဘူး ။ ဒါကလည်း ခုနောက်ပိုင်း မျိုးဆက်သစ်ဖုန်းတွေမှာမှ အတော်အဆင်ပြေလာတာပါ ။ နောက် GPS လိုမျိုး အလုပ်လုပ်နိုင်မယ် ထင်ရတာက ဖုန်းလိုင်းပါ ။ လိုင်းတွေမှာ ကြိမ်နှုန်းတွေ ဆက်သွယ်မှုတွေကနေ ပတ်သက်ပီးတော့ ဘယ် ပတ်ဝန်းကျင်မှာ ရှိမယ် ဆိုပီးခန့်မှန်းတာပါ ။ ကျွန်တော်ထင်ပါတယ် ။ GPS လို Function မျိုး ဖြစ်ခဲ့မယ်ဆိုရင် တာဝါတိုင် ၁ ခုတည်းမိနေတဲ့ နေရာမျိုးမှာ တည်နေရာကို ခန့်မှန်းခြေတောင် ပြနိုင်စွမ်းမရှိလောက်ပါဘူး (GPS အကြောင်းရှင်းနေတာမဟုတ်တဲ့အတွက် အကျယ်မရှင်းပြတော့ပါဘူး) ။ ဘယ် ၂ မိုင်း ဘယ် ၂ ကီလို မီတာ အတွင်းမှာ ရှိနေတယ်ဆိုတာပဲ သိနိုင်ပါလိမ့်မယ် ။ ဥပမာ - ခု ဆက်နေတဲ့ဖုန်းက မန္တလေးက ဆက်နေတာပါ ။ ဘယ် Tower တိုင်က နေလှမ်းပီး Connection လှမ်းယူနေပါတယ်ဆိုတာလောက်ကို သိတာပါ ။ ဒါကလည်း Operator တွေလောက်ပဲ လုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ် ။ ခုပြောပြတာတွေက တည်နေရာကို စစ်ထုတ်နိုင်တဲ့ ကျွန်တော်မှတ်မိတဲ့ နည်းတွေပါ။
ခု တည်နေရာပြနိုင်နေတဲ့ App တွေ ။ ဟုတ်ပါတယ် ပြနိုင်ပါတယ် ။ အပေါ်မှာ ပြောထားတဲ့ GPS ဖွင့်ထားမယ်ဆိုရင် ကိုယ့်တည်နေရာကို ကိုယ်သိနေနိုင်ပါတယ် ။ အဲ့ဒါကို တခြားလူက ဘယ်လို သိနိုင်မလဲ ? သိနိုင်စရာ အကြောင်းမရှိပါဘူး ။ ဘယ်နေရာရောက်နေတယ် ဘယ်မှာရှိနေတယ်ဆိုတာကို ဘယ်လို Data ပို့ပေးနိုင်မလဲ ? ပုံမှန်အားဖြင့် ဒီဘက်က ဘယ်နေရာ ရောက်နေလဲ ။ ဟိုဘက်က ဘယ်နေရာရောက်နေလည်းဆိုတာ ကို နှစ်နေရာလုံးက Connection ၁ ခုခု နဲ့ ဆက်သွယ်ထားလို့ပဲ သိနိုင်တာ ဖြစ်ပါတယ် ။ GPS ဖွင့် Wifi သုံးနေပါစေ app ၁ ခုခု ဒါမှမဟုတ် Hacking နည်းပညာမပါပဲ လွယ်လွယ်ကူကူ ကိုယ့်က ဘယ်နေရာ ရောက်နေလည်း ဆိုတာကို တခြားဖက်က သိနိုင်ဖို့ မလွယ်ကူပါဘူး ။ ခု ပေါ်နေတဲ့ Call Locater တွေက ဘယ်နေရာက ဆက်တယ်ဆိုပီး ပြတယ်ဆိုပီး ပြောချင်ပါသလား ။ ဟုတ်ပါတယ် ကိုယ့် စက်မှာ Internet ရှိယုံနဲ့ သိနိုင်ပါတယ် ။ ဘာတွေသိနိုင်လည်း ထပ်ပြောရပါလိမ့်မယ် ။ ပုံမှန် Hand Phone ၁ လုံး တည်နေရာကို မသိနိုင်ပါဘူး ။ သိတယ်ဆိုပီး ထုတ်ပြနေတာတွေက လိုင်းဖုန်းတွေပဲ ဖြစ်ပါတယ် ။ လိုင်းဖုန်းဆိုတာက ဘယ်နေရာ ဘယ်မှာ သုံးဖို့ ဆိုပီး နာမည် လိပ်စာနဲ့ လျှောက်ထားတာပါ ။ ဖုန်း စာအုပ်တွေလည်း တွေ့ဖူးပါလိမ့်မယ် ။ ရှိပီးသား အတည်အကျဖြစ်နေတဲ့ နေရာတွေကို ဖုန်းနံပါတ်နဲ့ ၁ နေရာရာမှာ ထည့်ထားတဲ့ Data တွေ တိုက်စစ်ပီး ပြန်ထုတ်ပြလိုက်တာပါ ။ အရှင်းဆုံးပြောရရင် Internet မလိုပါဘူး (လိုင်းဖုန်းနံပါတ် တည်နေရာတွေထည့်ထားတဲ့ Data ကိုယ့်စက်ထဲမှာရှိနေတယ်ဆိုရင်ပေါ့) ။
လွယ်လွယ်ကူကူနဲ့သာ ဒီဆက်နေတဲ့ Hand Phone ဟာ ဘယ်နားမှာလည်း သေသေချာချာ လွယ်လွယ်ကူကူသိနိုင်မယ်ဆိုရင် - ခု နိုင်ငံခြား ဇာတ်ကားတွေမှာ ပြတဲ့ FBI တို့ CIA တို့ ဖုန်းဆက်ပီ ဆိုတာနဲ့ ခိုးနားထောင်နေပီး ဘယ် နှစက္ကန့် ကြားထိ စောင့်နေပီး သိရတဲ့ အဖြစ်မျိုးတွေ ရှိလိမ့်မှာမဟုတ်ပါဘူး ။ ကြာတဲ့အချိန်ကို တိုးလိုက်ရင်ရော လွယ်ကူမလား လို့တော့ မမေးပါနဲ့ ။ ဘာလို့လဲ ဆိုတော့ စက်ကောင်းလို့ ကြာတယ် စက်မကောင်းလို့ နှေးတယ်ဆိုတာမျိုးရှိနေမယ်ဆို သူတို့ဆီမှာ ကမ္ဘာ့အမြန်ဆုံး Super Computer တွေ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေမို့ပါ ။ သူတို့ လိုအပ်တဲ့အချိန်က လုပ်ဆောင်ချက်တွေပြုလုပ်ပီး တကယ်ကို အမြန်ဆုံးဖြစ်နိုင်တဲ့ ကြာချိန်ပဲ ဖြစ်နေလို့ပါ ။ ကျွန်တော်ပြောချင်တာက လွယ်လွယ်ကူကူ မသိနိုင်ဘူး ဆိုတဲ့ အချက်ပါ ။ ဒါကလည်း ကျွန်တော် သိသလောက် နည်းပညာပါ ။ နည်းပညာ ဆိုတာ တိုးတတ်ပါတယ် ။ ခု ဒီနေ့ ဒီအချိန်မှာ သိတာ ဖြစ်နိုင်တာနဲ့ နောက်နေ့ ဒါမှမဟုတ် ၁စက္ကန့်လောက်ကြာပီး သိတာ ဖြစ်နိုင်တာ ကွာနိုင်ပါတယ် ။ အဲ့တော့ ကျွန်တာ့်အနေနဲ့တော့ ကျွန်တော်သိသလောက် Sharing လုပ်ခြင်းပါ ။ ကျွန်တော်ထက်များစွာ သိတဲ့သူတွေတပုံကြီးပါ ။ မှားနေတာတွေ ကို ဝင်ရောက်ထောက်ပြ ရှင်းပြနိုင်ပါတယ် ။ ကျွန်တော်က ဖောတယ်ဆိုကတည်းက End User တွေ အတိုင်းအတာ ၁ခု သိသွား နားလည်သွားစေချင်လို့ပါ ။ အားလုံး အဆင်ပြေပျော်ရွှင်နိုင်ကြပါစေဗျာ ။ 

No comments:

Post a Comment