Tuesday, February 18, 2014

Sony Xperia Z (C6602-C6603) - [ CWM & ROOT ] ** Unlock **


Sony Xperia Z ကို CWM တင်ပီး Root လုပ်တဲ့ နည်းလေးပါ ။ ဒီ Page လေးက ကိုယ့်အတွက် ကိုယ်မှတ်ထားသလားအောက်မေ့ရတယ် ။ ၁ခုခု မေ့နေပီဆိုပြန်ကြည့် ပြန်လုပ်နဲ့ အဆင်တော့ပြေသား ။ Online မှတ်ထားတဲ့နေရာလေး ကိုဖြစ်ရော ။
Xperia Z မှာ [4.3]  10.4.B.0.569 - 10.4.1.B.0.101 က စပီး Unlock လုပ်ပီးမှာ Root လုပ်ဖို့အဆင်ပြေပါတယ် ။ ကျွန်တော်သိသလောက်အခုအချိန်ထိပေါ့ ။
*#*#7378423#*#* > Service info > Configuration > Rooting Status မှာ
_Bootloader unlock allowed မှာ Yes ဆိုရင် Unlock မလုပ်ရသေးပါဘူး ။ 
_Bootloader unlock မှာ Yes ဆိုရင် Unlock လုပ်ပီးသားပါ ။
Xperia Z ကို Root လုပ်ဖို့ Unlock မလုပ်ရသေးဘူးဆိုရင် ပထမဆုံး Unlocking The BootLoader လုပ်ရပါမယ် ။

Unlocking The BootLoader လုပ်နည်းကို   ဒီမှာ   လေ့လာနိုင်ပါတယ် ။
CWM တင်ဖို့အတွက် CWM Install For Xperia Z
Root (SuperSu) အတွက် UPDATE-SuperSU-v1.86

အပေါ်က ၂ ခု ဒေါင်းပီးရင် စလုပ်လို့ရပါပီ ။

၁ ။ CWM တင်ဖို့အတွက် CWM Install For Xperia Z.zip ကိုဖြည်ပါ ။ ဖြည်လို့ရလာတဲ့ Folder ထဲက boot.img ကို Copy ကူးပါ ။ ပီးရင် fastboot Folder ထဲထည့်ပါ ။ (* fastboot Folder က Unlock လုပ်တုန်းက အသုံးပြုခဲ့တဲ့ Folder လေးပါ)

၂ ။ UPDATE-SuperSU-v1.86.zip လေးကို ဖုန်းရဲ့ SD card ထဲထည့်ထားပါ ။ CWM တင်ပီးရင် Run ဖို့အတွက်ပါ ။

၃ ။  unknown sources ရယ် Usb debugging ကို On ထားလားစစ်ပါ ။ ပုံမှန်အားဖြင့် Unlock ခုမှလုပ်ပီးသားဆို On ပီးသားဖြစ်နေမှာပါ ။

၎ ။ မိမိ ဖုန်းကို (Shutdown) ပါဝါ ပိတ်လိုက်ပါ ။

၅ ။ Computer မှာ တပ်ထားတဲ့ Usb ကြိုးနဲ့ ဖုန်းကို Volume - (down) နှိပ်ထားပီး ထိုးလိုက်ပါ ။ မီးအပြာလေး လင်းလာပါလိမ့်မယ် ။ မီးအပြာလေး မလင်းဘူးဆို ပြန်လုပ်ပါ ။

၆ ။ fastboot Folder ထဲက နေရာလွတ် ၁ နေရာမှာ Shift+Mouse Right Click >Open command window here ကို ရွေးလိုက်ပါ ။ Command Prompt ၁ ခု တတ်လာပါလိမ့်မယ် ။ (Shift+Mouse Right Click >Open command window here ကိုဘာလို့ သုံးလည်းဆိုတော့ အခုဖွင့်ထားတဲ့ Fastboot Folder တည်နေရာကို တန်းရောက်ချင်လို့ပါ ။ Command သုံးနေကျမဟုတ် တဆင့်ချင်း သွားရင် အမှားများပီး ကြာနိုင်လို့ပါ )

၇ ။ Command Prompt ပေါ်လာပီ ဆိုရင် fastboot flash boot boot.img ဆိုတာ ရိုက်ပီး Enter နှိပ်ပါ ။

၈ ။ Finished ဆိုတဲ့ Message လေး ပေါ်လာပီ ဆိုရင် CWM တင်တာ အောင်မြင်စွာ ပြီး ဆုံးသွားပြီ ဖြစ်ပါတယ် ။

၉ ။ ဖုန်းကို Usb ကြိုးကနေဖြုတ်ပါ ။ Power ဖွင့်ပါ ။ Sony Logo လေးပေါ်တဲ့အချိန် မီးခရမ်း ရောင်လေး ပေါ်လာပါလိမ့်မယ် ။ မီးခရမ်း ရောင်လေး ပေါ်လာလာခြင်း Volume - (down) ကိုနှိပ်ထားပါ ။ CWM ထဲဝင်သွားပါလိမ့်မယ် ။


၁၀ ။ အပေါ်က ပုံလေးလို CWM ထဲရောက်သွား ပီဆိုရင် Install zip from sdcard ကိုဝင်ပါ 
(* Volume + (Up) Volume - (down) နဲ့အပေါ်အောက်ရွှေ့တာပါ ။ Power Button နဲ့ အထဲကို ဝင်တာပါ )

၁၁ ။ sd card ထဲမှာ ကိုယ်ထည့်ထားတဲ့ UPDATE-SuperSU-v1.86.zip ဆိုတာလေးကို ရှာပါ ။ ပီးရင် အဲ့အပေါ်မှာ Select ရောက်နေပီးဆို ဝင်လိုက်ပါ ။ Run သွားပါလိမ့်မယ် ။ Run ခါနီး Yes - No မေးရင် Yes ထပ်ဖြေပေးပါ ။

၁၂ ။ အောက်မှာ SuperSu ကို System ထဲထည့်နေတာတွေ့ရပါလိမ့်မယ် ။ Finish ဖြစ်သွားပီဆိုရင် SuperSu သွင်းတာပီးသွားပါပီ ။ ပီးရင် Back နဲ့ထွက်ပါ ။ Reboot System Now ကိုဝင်ပီး Reboot လုပ်လိုက်ပါ ။ ဖုန်းပြန်တတ်လာပီဆိုရင် SuperSu လေးပေါ်နေပီး Root ဖြစ်သွားပီဖြစ်ပါတယ် ။

* C 6603 Root လုပ်ပီးရင် Rotate မရတော့ဘူးဆိုတာရယ် 101 တော့ဖြစ်နေတယ် 101 Update ထွက်နေတယ် ဆိုပီး ပေါ်နေတာ အတွက် ဖြေရှင်းနည်း လေး ထပ်ရေးပေးလိုက်ပါတယ် ။

အမှန်ကတော့ Karnel ပြန်သွင်းပေးလိုက်ရင် အာ့တွေ အဆင်ပြေသွားမှာပါ ။ Flash tool နဲ့ Firmware ပြန်တင်တဲ့နည်းအတိုင်းပါပဲ ။ မလိုတာလေးတွေဖြုတ်ပီး လိုတာလေးတွေ ပဲ ရွေးတင်လိုက်ရုံပါ ။

၁။ Flash Tool ကိုဖွင့်ပါ ။ (Flash tool က firmware Folder ထဲမှာ ကိုယ်တင်ခဲ့တဲ့ Firmware ကိုရှိမရှိပြန်စစ်ပါ)

၂။ မိုးကြိုးပုံ Flash ကိုနှိပ်ပါ ။ Flashmode ကိုရွေး OK နှိပ်ပါ ။

၃။ ကိုယ်တင်ထားတဲ့ Firmware ကိုရွေးပါ ။
---- Wipe ထဲက - APPSLOG   - CACHE    - DATA ကို အမှန်ခြစ်ဖြုတ်ပါ   
---- Exclude ထဲက - KERNEL - FOTA က လွဲရင် ကျန်တာ အမှန်ခြစ်ပါ 
---- Misc ထဲက - No final verification ကို အမှန်ခြစ်ပါ ။
ပီး Flah လုပ်လိုက်ပါ ။ 

၎။ ဖုန်းမှာ Back ခလုပ်နှိပ် USB တပ်နေတဲ့ ပုံလေးပြပီ ဆို ရင် ပိတ်ထားတဲ့ဖုန်းကို Volume down (Vol  - ) နှိပ်ပီး ကြိုးထိုးလိုက်ပါ ။ စက္ကန့်ပိုင်းအတွင်း Finish ဖြစ်သွားပါမယ် ။ ပီးရင် USB ကြိုးကိုဖြုတ်ပီး ဖုန်းပါဝါပြန်ဖွင့်ပီးသုံးကြည့်လိုက်ပါ အဆင်ပြေနေပါလိမ့်မယ် ။ :)

------------------------

ဖုန်း ပြန်တတ်လာချိန် ၁ နေရာရာမှ ထစ်ပီး Boot loop ပတ်နေတာမျိုးတော့ ဖြစ်တတ်ပါတယ် ။ Boot loop ဖြစ်နေလို့ power off လုပ်မယ်ဆို Power button+ Volume Up ကိုနှိပ်ထားပါ ။ ၃ ခါ တုန်ပီးရင် လွှတ်လိုက်လို့ရပီး power off ဖြစ်နေပါပီ ။ အာ့ဆိုရင် Karnel ကို Flash ကနေ ပြန် Run ရပါတယ် ။ Sony ကိုင်ရင်တော့ ကလိရဲမယ်ထင်ပါတယ် ။ နောက်ဆုံးအဆင်မပြေရင် ဖုန်းကို ပြန်ပီး Flash ကနေပြန်ပီး firmware ပြန်တင်လိုက်ရုံပေါ့ ။ ကလိနိုင်လေ ကိုယ့်အတွက်အကျိုးရှိလေပဲ ။ ကျွန်တော် ကလိသမျှ Sony ထဲမှာ Boot သေတာ IMEI ချိန်းသွားတာတော့ မဖြစ်သေးဘူးဗျ . ကံကောင်းတာလားတော့မသိဘူး ။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ ။ :)

5 comments:

  1. တချို.ဆိုင်တွေမှာ xperia z6603 update 4.4.4kitkat မရဘူးလို.ပြောတယ် ဆရာတို. ဆိုဒ်မှာ ရေးထားတဲ. အတိုင်း လိုက်လုပ်တာ ရသွားပါပြီ ကျေးဇူးအများကြီးတင်ပါတယ်..... အရမ်းတော်ပါတယ် ဆရာ

    ReplyDelete
  2. sony c6602 v5.0.2 မှာသုံးလို့ရမရသိချင်ပါတယ်ဗျာ

    ReplyDelete