Tuesday, January 21, 2014

How to Enable .. Windows 8 Sidebar Gadgets


ထင်ပါတယ် Blog ကို ပြစ်ထားတာ ၁ နှစ်နီးပါးလောက်ရှိရောပေါ့ .. ကျွန်တော်က အရူးဆိုတော့ ရေးချင်တဲ့ စိတ် အကူအညီတောင်းတဲ့သူတွေရှိမှ ကိုယ်သိချင်တာရှိမှ ရှာဖြစ်တင်ချင်စိတ်ဖြစ်တာဆိုတော့ မတင်ဖြစ်တာတွေလည်းပါတယ် ။ အဲ့တော့ ဒီနေ့ အသိ ၁ ယောက်က Window 8 မှာ 7 လို Gadget လေးထားချင်တယ်တဲ့ အထိက လူတော်တော်များများ ကြည့်ချင်တာ Meter တွေပေါ့ CPU တို့ Network တို့ ကြည့်ရတာ အဆင်ပြေတယ်လေ ။ ရိုးရိုး မပြချင်လို့ Enable လုပ်ထားတယ် ထင်လို့ ဘယ်လိုဖွင့်ရမလဲ ရှာကြည့်တော့ .. Window 8 မှာ Microsoft ကိုက ဖြုတ်ပလိုက်တာတဲ့ ။

ဘာလို့ ဖြုတ်လိုက်လဲဆိုတော့ Gadgets တွေက Security ကို ထိခိုက်စေတယ် စက်ကို harm စေတယ် ။ Gadgets တွေကနေ Computer အတွင်းပိုင်းထိ access လုပ်သွားနိုင်တယ်တဲ့ .. ဘာလို့လဲ ဆိုတော့ Gadgets တွေက ဘယ်သူရေးရေး အဆင်ပြေအောင်လုပ်ထားပီး အဆင်ပြေမယ်ထင်ရင်ပေးရတယ် access တွေလုပ်ပေးရတာကို ။ Window 8 မှာက သိတဲ့အတိုင်း Security ကို ဦးစားပေးထားတဲ့အတွက် လက်မခံတာလည်းဖြစ်နိုင်တယ် ။ ပီးတော့ Window တတ်လာရင်စပေါ်လာတဲ့ Screen မှာ Gadgets လိုမျိုးတွေ ထည့်ထား အသုံးပြုလို့ရတယ် ။ ထည့်သွင်းလို့ရတယ်ဆိုတော့ မလိုအပ်ဘူး ။ Version အဟောင်း မလိုအပ်ဘူးဆိုတာတွေ ကို ဖြုတ်ချပလိုက် တာပါတဲ့ ။
အဲ့တော့ Window 7 မှာ ရခဲ့တဲ့ ဘေးမှာ ပေါ်ခဲ့တဲ့ Gadgets တွေရဖို့က ဒီတိုင်း Window 8 မှာမပါတော့တဲ့အတွက် Software ၁ ခုခု သုံးမှ ရတော့မှာပါပဲ ။ အဲ့အတွက် Desktop Gadgets Software လေးရယ် Gadgets လေးတွေရယ် ဖိုင် ၂ ခုတင်ပေးလိုက်ပါတယ် ။ ပထမဆုံး Software Install လုပ် ပီးရင် Gadgets Package လေးသွင်းပီးရင် Window 7 လို Gadgets လေးတွေသုံးလို့ရပါပီ။ Microsoft ကပြောထားတဲ့အတိုင်းပဲနော် Security ၁ခုခု ဖြစ်နိုင်တာ ကိုတော့ သတိထားပေးပေါ့ ။ တခြား Developer တွေ လုပ်ထားတဲ့ Gadgets လေးတွေ မသုံးပဲ ပါတဲ့ဟာလေးပဲ သုံးရင်တော့ အတော်အသင့် အန္တရယ်ကင်းနိုင်ပါတယ် ။ သုံးချင်ရင်သုံးလို့ရအောင် Share ပေးလိုက်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေဗျာ ။



No comments:

Post a Comment