Thursday, October 16, 2014

Android 5.0 ( Lollipop ) မှာ တိုးလာတဲ့ Feature တွေထဲမှာ စိတ်ဝင်စားစရာကောင်းတာက Language မှာ Burmese ပါလာတာပဲ ။ အရင်က Myanmar Unicode Font ကိုပဲ Support ပေးခဲ့တာပါ ။ ခု ကျတော့ Language အနေနဲ့ ပါလာတယ်ဆိုတော့ Device ၁ ခုလုံး Burmese လို ချိန်းလို့ရမယ်လို့ မျှော်လင့်မိပါတယ် ။

တကယ်ချိန်းလို့ရမယ်ဆိုရင် မြန်မာ Language ကို Google က ကောင်းကောင်းစပီး Support လုပ်တဲ့အတွက် Translate မှာလည်း မကြာခင် အချိန်အတောအတွင်းမှာ Support ဆက်လုပ်လာမယ်လို့ ထင်ရပါတယ် ။ ဒါဆိုရင် နိုင်ငံတကာက Web Page တွေ သတင်းတွေ နည်းပညာတွေက အရင်ကထက် ပိုပီး ကျွမ်းဝင်ရင်းနှီးလာမှာပါ ။ ဒါဟာ အရမ်းကိုကောင်းတဲ့ အရမ်းကို မျှော်လင့်ထားတဲ့ အခြေအနေ ၁ ခုပါ ။ Google Nexus ကိုင်တဲ့သူတွေက စပီး Lollipop Version ကို စရမယ်ဆိုတော့ Nexus ကိုင်တဲ့သူတွေ အရင်သိရမှာပေါ့ ။ ဒါတာ တကယ်ပါလာရင် ဦးဇော် ၁ ဖြေးဖြေး ပျောက်ကွယ်ရမှာ အသေအချာပါပဲ ။ အဲ့အတွက် ခုချိန်မှာ ဦးနီရော ဦးဇော်ရောကို Convert လုပ်နိုင်တဲ့ Function တွေ Tools တွေ .. ၂ ခုလုံးကို မြင်နိုင်တဲ့ Fonts တွေ ပေါ်လာရင်တော်တော်ကောင်းမှာပါ ။ ဘာပဲ ဖြစ်ဖြစ် အရင်ကတည်းက မျှော်လင့်ခဲ့ရတဲ့ Google Translator လေး မြန်မြန်ရပါစေလို့ ဆုတောင်းလျက် ။

https://www.android.com/versions/lollipop-5-0/

No comments:

Post a Comment