Friday, November 23, 2012

စကားကြီး(၁၀)မျိုး ပြောနည်း




“စကားကြီး(၁၀)မျိုး”

ရေကူးညာတင်ပြောနည်း ၊ ကောက်ပင်ရိတ်လှီးပြောနည်း ၊ ရေစီးဖောင်ဆန်ပြောနည်း ၊ အိုးတန်ဆန်ခပ် ၊ ဆီပွတ်ကျည်ပွေ့ ၊ ဆင်ဝှေ့ရန်ရှောင် ၊ တောင်သူယာခုတ် ၊ ကြက်ဆုတ်ခွပ်ပစ် ၊ ရေစစ်ကရား ၊ ခက်တင်မောင်းနင် ၊ ဆိုခြင်းစကား ၊ “ဤဆယ်ပါး”………….

(၁)ရေကူးညာတင်ပြောနည်း --- မြစ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးသည့်အခါ မြစ်ညာဘက်မှစ၍ ကူးမှသာ ၊ လိုရာသို့ရောက်သလိုစကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်ကတင်ကူး၍ ပြောနည်းကို ခေါ်သည်………….။

(၂)ကောက်ပင်ရိတ်လှီးပြောနည်း --- စပါးရိတ်သည့်အခါ တစ်နိုင်စာ ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီးမှ အခြားလက်တစ်ဖက်က တံစဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသကဲ့သို့ ၊ စကား ပြောရာတွင်လည်းတစ်ဖက်လူ၏ စကားကို သိမ်းကျုံးဖမ်းဆုပ်ပြီး ၊ အခြေအမြစ်ကိုင်၍ ပြောနည်းကို “ကောက်ပင်ရိတ်လှီးပြောနည်း”ဟု ခေါ်၏……………။

(၃)ရေစီးဖောင်ဆန်ပြောနည်း --- အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းညင်းသာသာ ဆန်တက်သဖြင့် လိုရာခရီးကိုရောက်သကဲ့သို့ စကားအရာတွင်လည်း ၊ ဥပမာ ဥပမေယျတို့ဖြင့် ၊ ဖြည်းညင်းသာယာစွာလိုရာရောက်အောင် ပြောခြင်းသည် “ရေစီးဖောင်ဆန်ပြောနည်း” ဖြစ်၏……..။

(၄)အိုးတန်ဆန်ခပ်ပြောနည်း --- ထမင်းချက်ရာတွင် သူ့အိုးနှင့် သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာ စားသုံးရသကဲ့သို စကားကို မယုတ်မလွန်နှင့် လိုရာရောက်အောင်ပြောဆိုခြင်းကို “အိုးတန်ဆန်ခပ်ပြောနည်း”   ဟုခေါ်၏…………………..။

(၅)ဆီပွတ်ကျည်ပွေ့ပြောနည်း --- ဆီဆုံထဲတွင် နှမ်း(သို့)မြေပဲထည့်၍ ၊ ကျည်ပွေ့ဖြင့် အထပ်ထပ်ပွတ်မှ ဆီဆွတ်သကဲ့သို့ ကိုယ့်စကားအောင်မြင်အောင် အထပ်ထပ် ပြောဆိုခြင်းကို “ဆီပွတ်ကျည်ပွေ့ပြောနည်း” ဟုခေါ်၏……….။

(၆)ဆင်ဝှေ့ရန်ရှောင်ပြောနည်း --- ဆင်ဝှေ့ရန် အလိုက်ခံရသည့်အခါ လွတ်ရာရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်းေ ဘးအန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွှဲပြောဆိုခြင်းသည်  “ဆင်ဝှေ့ရန်ရှောင်ပြောနည်း”ဟုခေါ်၏……………….။

(၇)တောင်သူယာခုတ်ပြောနည်း --- တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံနွယ်တို့ကို ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲကြသကဲ့သို့ စကားအရာတွင်လည်း စကားအငယ်များကို ဦးစွာပြောပြီးမှ စကားကြီးများပြောလျက် အနိုင်ယူခြင်းကို “တောင်သူယာခုတ်ပြောနည်း”ဟုခေါ်၏……..။

(၈)ကြက်ဆုပ်ခွပ်ပစ်ပြောနည်း --- ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ပြီးမှ စီး၍ ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို ဦးစွာလိုက်လျောပြီးမှ စီးသာသောအခါ စီး၍ပြောခြင်းကို “ကြက်ဆုပ်ခွပ်ပစ်ပြောနည်း”  ဟုခေါ်၏………………..။

(၉)ရေစစ်ကရားပြောနည်း --- ရေစစ်သောအခါ ဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါေ ရမထွက်နိုင်သကဲ့သို့ တစ်ဖက်လူ၏ စကားကို ပိတ်မိအောင် ပြောခြင်းသည် “ရေစစ်ကရားပြောနည်း” ဖြစ်၏……………..။

(၁၀)ခက်တင်မောင်းနင်းပြောနည်း --- တစ်ဖက်လူ၏ စကားကို ဟုတ်၏လည်းမဆို ၊ မဟုတ်၏လည်း မငြင်းပဲ မတင်မကျ ပြောသော စကားသည် “ခက်တင်မောင်းနင်း ပြောနည်း” ဖြစ်၏…………….။


စကားကြီး(၁၀)မျိုး - ten ways of speaking with a meaning or with an intention to gain one’s aim

 ရေကူးညာတင် - tactic used in debate, whereby a point is overstated earlier, so that some concession on it can be made later ( just as,when crossing a river, one starts at some point upriver from the place opposite of where  one wants to land ).

ကောက်ပင်ရိတ်လှီး - way of speaking in which one makes use of an opponent's own words to defeat him, in the manner of a farmer seizing a sheaf of paddy before reaping it with a sickle .

ရေစီးဖောင်ဆန် - gentle but persistent persuasion used as a tactic in debating ( in the manner of warping a raft slowly but surely against the current).

အိုးတန်ဆန်ခပ် - medium-sized earthen pot used for storing water.

ဆီပွတ်ကျည်ပွေ့ - tactic used in debate, whereby a point is made exhaustively, just as sesame seeds are ground repeatedly in an oil-press .

ဆင်ဝှေ့ရန်ရှောင် - speech or action to avoid commitment or blame; evasive speech .

တောင်သူယာခုတ် - tactic used in debate where by only minor points are made earlier so that the decisive point can be made later to clinch the argument (just as a hillside-cultivator clears underbrush and small trees before felling the large trees).

ကြက်ဆုတ်ခွပ်ပစ် - emulation of the tactics of a game-cock in a debate or an argument ie to give ground to the adverse views in the opening round and then pounce upon his words later.

ရေစစ်ကရား - tactic of anticipating and pre-empting any counterpoint that an opponent might make ( comparable to the practice of covering the spout of a vessel before raising it out of water to prevent spillage ).

ခက်တင်မောင်းနည်း - non-committal way of speaking ( likened to a seesaw lever operating the pestle of a rice pounder).  



No comments:

Post a Comment