Thursday, July 4, 2013

Ardfry PSD Codec


အလုပ်က သိပ်မရှိပဲ ကို ရှုပ်တတ်တယ် ။ PSD ဖိုင်တွေကို Design လုပ်ဖို့တဲ့ အထဲမှာ ပုံတွေပါတယ်တဲ့ .. အများကြီးရယ် ။ ကြည့်ဖို့က ပုံမှန်ဆို Adobe Bridge သုံးမလား ၁ ခုခုသုံးရတော့မယ် ။ အဲ့တော့ လွယ်လွယ်နဲ့ အထဲဖိုင်က ပုံကို သိချင်လာတော့ ထုံးစံအတိုင်း ရှာရဖွေရပီပေါ့ ။ Window 7 မှာတော့ လွယ်တယ် psicon.dll လေးကိုယူ ထားရမယ့်နေရာထား Register ကိုပြင်လိုက် မြင်ရကရော ။ Window 8 ကျတော့ မရဘူး ။  * ကျွန်တော် ၁ ခုခု လုပ်တဲ့အဆင့်မှားတာလည်းဖြစ်နိုင်ပါတယ် ။ အဲ့တော့ လူပိန်းနည်းဖြစ်တဲ့ Software ရှာပီပေါ့ ။

Computer မှာ ဖိုင် ၁ ခုခုဖွင့်မရ Codec လေးထည့်လိုက်ရရောဆိုတော့ ရှာလိုက်တာပေါ့ ။ PSD တွေ အတွက် သိပ်မပေါဘူး ။ လက်ပေါက်ကပ်တယ် ။ 15 trail ဆိုတာကြည်းပဲ ။ ညစ်တာပေါ့ ။ ဝယ်မှ မဝယ်နိုင်ပဲ ။ အဲ့တော့ Full လည်းဖြစ် အဆင်လည်းပြေတဲ့ Ardfry PSD Codec လေးကိုတွေ့ပါတယ် ။ ဒီကောင်လေးက တော်တော်လေးကိုအဆင်ပြေပါတယ် ။ Activate လုပ်တာရောပေါ့ ။ နောက်ဆုံး Version တော့ ရှိတယ် ။ တင်ထားတာလည်းမဟုတ် ။ စမ်းမကြည့်ရသေးတော့ ခုလောလောဆယ် window 8 မှာ တင်ပီး စမ်းထားတာလေးပဲ Share လိုက်ပါတယ် ။ Ardfry.PSD.Codec.v1.4.3.0 ပါ ။  Photoshop သမားတွေ AI သမားတွေ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ။ ဘာလို့လဲ ဆိုတော့ Codec လေးကလည်း Size သေးလို့လေ ။ တတ်နိုင်တဲ့သူတွေ ဝယ်သုံးကြပေါ့ဗျာ ။ လွယ်တဲ့ နည်းတွေရှိတယ်ဆိုလည်း Share သွားပေးပါဗျာ ။ အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ ။


No comments:

Post a Comment