Friday, July 27, 2012

ဖုန်းရေထဲလွတ်ကျခြင်း


မနေ့က ညနေက မိုးတွေ အရမ်းရွာတယ် .. မိုးရေထဲ ထွက်တဲ့ ကျွန်တော်က ဖုန်းကို ခါးကြားထဲ ထိုးတာ အကျင့် ၁ ခုလိုဖြစ်နေတယ် ..
 အဲ့လိုနဲ့ လမ်းလျှောက်ရင်း ဖုန်းက ခါးကြားကနေ ရေအိုင်ထဲကို ခုန်ဆင်းသွားလေရဲ့ .. ကျတယ်ဆိုတာ နဲ့ ချက်ချင်းကြီး ရေအိုင်လေးထဲက ဖုန်းကို ကောက်တယ် ..
ပီးတော့ ဖုန်း Battery ကို ဆွဲဖြုတ်လိုက်တယ် ... မိုးလုံးတဲ့ နေရာကို ရောက်တော့မှ ဖုန်းကို ကြည့်တော့ ရေ နည်းနည်းပဲ စိုတယ် .. အဲ့တော့ ရေကို ခြောက်အောင်သုတ် .. အသိတွေက ဖုန်းကို မဖွင့်ဖို့ပြောပေမယ့် ဖုန်းကို Battery တတ်တယ် .. ပြန်ဖွင့်လိုက်တယ် .. Sony >> Xperia ဆိုတာ ပေါ်ပီး ပြုတ်ကျသွားတယ် .. နောက် ၁ ခါ ထပ်ဖွင့်တော့ Safe Mode ကနေတတ်တယ် .. ပီးတော့ ပြန်ပြုတ်ကျသွားတယ် .. ဖုန်းကလည်းတော်တော်ပူနေပီ .. ရှော့စ် ဖြစ်ရင်ပြဿနာဆိုပီး အိမ်ရောက်မှ စမ်းတော့မယ်ဆိုပီး တွေးလိုက်တယ် .. ဖုန်းကို ရေ သိပ်မဝင်ဘူးပဲ ထင်တာပါပဲ ..
အိမ်ရောက်တော့ Hair Dryer နဲ့ မှုတ်တော့ Camera မှာ ရေငွေ့လေးတွေ တွေ့တယ် ဖွင့်တော့ အဲ့လိုပဲ ပြုတ်ကျကျသွားတာပဲ .. ပါဝါ ကျွေးကြည့်တယ် မထူးခြားနားပဲ .. အဲ့တော့ အသိ ၁ ယောက်ပြောဖူးတဲ့ အတိုင်း ဒီတိုင်းထားမယ့်အစား .. ဆန်ပုံးထဲ ကို ထည့်ထားလိုက်တယ် .. အဲ အဲ့မှာ မေးစရာရှိတယ် .. ဘာဖြစ်လို့ ဆန်အိုးထဲ ထည့်လဲဆို .. ဆန်ဆိုတာ ရေငွေ့တွေကို စုပ်လို့ပါ .. အဲ့လိုလဲ သိထားပါတယ် .. မှန်ချင်မှလည်း မှန်မှာပါ .. အဲ့လိုနဲ့ ညက နေလည်းမကောင်းချင်တာနဲ့ စောစော အိပ်လိုက်တယ် ..
မနက်ရောက် တော့ မျက်စိပွင့်တာနဲ့ သတိရတာ ဖုန်းကိုပါ .. အဲ့ဒါနဲ့ချက်ချင်းသွားယူ Battery တပ် ဖုန်းကိုဖွင့် .. .. .. .. Sony >> Xperia ပိတ်သွားပါလေရော .. Screen တတ်တော့ Screen ဘာမှမဖြစ်ဘူး .. လက်နဲ့ ထိရင် အလင်းရောင်အလုပ်လုပ်တယ် .. Touch လည်းမဖြစ်သေးဘူး .. ဖုန်းရဲ့ Logo တွေလည်း တတ်သေးတယ် .. ရှော့စ် အကြီးကြီးလည်းမဖြစ်ဘူး .. Loading ဆွဲမတင်နိုင်ဘူး .. ပြုတ်ပြုတ်ကျတယ် .. Battery အားက ဆွဲတင်မပေးနိုင်တာလား ?? ?? ?? ပါဝါကျွေးလိုက်ပါတယ် .. Battery အားသွင်းနေတဲ့ ပုံလေးပေါ်လာတယ် မဆိုးဘူး မပျက်လောက်သေးဘူး .. ပါဝါဖွင့်လိုက်ပါတယ် .. OK ဗျာ တတ်သွားပါပီ .. အဆင်ပြေသွားပါပီ .. ဖုန်းကဒ်ကိုတော့ အားဖြည့်ပီးမှ ထည့်လိုက်ပါတယ် .. အားလုံး အဆင်ပြေသွားပါပီ .. တော်သေးတာပေါ့ ..လခထုတ်တာနဲ့ ဖုန်းပြင်ခ (ဝါ) ဖုန်း ၁ လုံးထပ်ဝယ်ရမယ့် ဘေးကလွတ်သွားပီလေ .. :) ကျွန်တော်ဖြစ်တဲ့ အကြောင်းလေးလို ခပ်ဆင်ဆင်ဘော်ဒါတွေများ ဖြစ်ခဲ့မယ်ဆိုရင် စမ်းကြည့်ကြပါလားဗျာ ..

No comments:

Post a Comment