Tuesday, July 9, 2013

မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၁)


ခုနောက်ပိုင်း Developer တွေပဲ အရမ်းကိုတော်လာတာလား ။ ရှာဖွေ မျှဝေသူတွေပဲ အရမ်းတော်လားလား ။ နည်းပညာပဲ အရမ်းမြင့်လာလား မပြောတတ်ဘူး ။ မဖြစ်နိုင်တဲ့ အလန်းစား App တွေ အမိုက်စား App တွေ တွေ့တွေ့နေရတတ်တယ် ။ ဟို ၁ ခါကလည်း ဖုန်းထဲကို application လေးထည့်ထားတာနဲ့ webcam ဘယ်နားမှာ ရှိလည်းသိနိုင်တဲ့ application မျိုးပေါ့ ။ ဟော .. ခုလည်းတွေ့ပြန်ပါပီဗျာ ။ Call Locater တဲ့ ။ ဟို ကြေညာထဲက ပြောသလိုဆိုရင်တော့ ... သူ့အရသာက ဘယ်လိုပြောရမလဲ .. ဘယ်လိုပြောရမလဲပေါ့နော် ။ End User တွေကိုတော့ အပြစ်မပြောလိုပါဘူး ။ User ဆိုတာကတော့ သုံးချင်တယ် သုံးလို့အဆင်ပြေတယ်ဆိုသုံးကြမှာပဲလေ ။ ပြောချင်တာက မျှဝေသူတွေပါ ။ ကျွန်တော့်လို ငပေါမျိုးပေါ့ ။ အားလုံးကိုစော်ကားသလိုဖြစ်သွားဦးမယ် Sorry ဗျာ ။ အမှန်ကျွန်တော်ပြောချင်တာက ကိုယ်မျှဝေတာက ကိုယ်စမ်းသပ်ဖူးရမယ် ။ အဆင်ပြေမပြေသိရမယ် ။ ကိုယ့်မျှဝေတဲ့ အရာရဲ့ Knowledge ကိုသိရမယ် ။ လူတိုင်းမှားတတ်ကြပါတယ် ။ အမှားနဲ့မကင်းပါဘူး ကျွန်တော်ဆို မှားလိုက်တာမှ သောက်သောက်လဲ ။ ဒါပေမယ့် ကိုယ် Share လုပ်လိုက်တာ မှားနေတယ်ဆိုရင် တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဗျ ။ ဒါ့အပြင် သိတဲ့အတိုင်း ခုခေတ်ကြီးကလည်း ဟေလား ဟားလားနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိဖွတတ်ကြတာ ပိုဆိုးတယ်ဗျာ ။ ဖောနေတာများပီ ။ ခုနက App လေး ၂ ခုကို သိသလောက် အနည်းငယ်ရှင်းပြပါ့မယ် ။

မရှင်းခင်ကတည်းက ကျွန်တော်အရမ်းမသိပါဘူး ။ သိတဲ့ Knowledge လေးနဲ့ တွေးပီးစဉ်းစားမိတာလေးကို ပြန် Share လုပ်ပေးတာပါ ။ အဲ့တော့ မှားနေတာလေးတွေ ထောက်ပြပေးပါ ။ ပြောဆိုပေးပါ ။
ပထမဆုံး ပြောချင်တာကတော့ ဟို ၁ ခါက ခေတ်စားသွားတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ Webcam လေးတွေဘယ်မှာ ရှိလဲဆိုတာ သိတယ်ဆိုတဲ့ App လေးပါ ။ Google Store တတ်ရှာကြည့်ပါတယ် ။ Webcam ဘယ်နားမှပြလဲ သေချာသိနိုင်တဲ့ App လေးတွေ အများကြီးပါ ။ လူတွေလည်း အရမ်းသဘောကျ သုံးကျပါတယ် ။ တကယ်လည်း အသုံးဝင်လို့ သဘောကျကြိုက်ကြတာပါ ။ ဒီနေရာမှာ ၁ ခု ဖြတ်ပြောပါရစေ ။ Webcam ဆိုတာ ဘာလဲ ? ဘယ်နေရာတွေမှာသုံးတာလဲ ? ဘာအတွက်သုံးတာလဲ ? ပုံမှန်ဆို ဒီမှာက Webcam ဆိုရင် Computer မှာ တပ်တဲ့ Webcam ပြေးမြင် ။ ဒါမှမဟုတ် ခိုးရိုက်တတ်တဲ့ Webcam ကို ပြေးမြင်မှာပါ ။
အမှန် Play Store မှာရှိတဲ့ Webcam Finder လို app ဆိုတာက သူတို့ နိုင်ငံတွေမှာ အသိပေး ရိုက်တဲ့ Webcam တွေကို ဆိုလိုတာပါ ။ အဲ့ Webcam တွေ ဘယ်လိုသိနိုင်မလဲ ? သိနိုင်ပါတယ် တပ်ထားတာတွေက တနစ်တကျ တပ်ထားတာတွေပါ ။ ဘယ်နား တွေမှာရှိတယ်ဆိုတဲ့ List ထုတ်လိုက်ပီဆိုကတည်းက မြို့၁မြို့မှာ ဘယ်နားတွေတတ်ထားလည်းဆိုတာ သိနေပီပေါ့ ။ ကျွန်တော်တို့ နိုင်ငံမှာ တော့မဟုတ်ဘူးနော်။ မရှိလောက်သေးဘူးထင်တယ် ။ အဲ့ app တွေကလည်း သူတို့ နိုင်ငံအတွက်လေ ။ အဲ့ Webcam Finder app လေးတွေရဲ့ အလုပ်လုပ်ပုံကို ကျွန်တော်သိသလောက် အကြမ်းဖြင်း ရှင်းပြပါ့မယ်။ ကြိုပြောပါရစေ မှားကောင်းမှားနိုင်ပါတယ် ။ ကျွန်တော်သိတဲ့ Knowledge လောက်နဲ့ ရှင်းပြမှဖြစ်တာကြောင့်ပါ ။ Webcam Finder လို app ဖွင့်လိုက်ပီ ဆိုတာနဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ တည်နေကို ထုတ်ပြထားတဲ့ ပုံသေ webcam တွေ ကို သိနေပီးဖြစ်တဲ့အတွက် ဖုန်းက ယူထားတဲ့ Wifi ဒါမှဟုတ် Data ကနေ စစ်ဆေးပီးတော့ ကိုယ် ဘယ်နားရောက်နေလဲ ဆိုတာက စစ်လိုက်ပါတယ် (GPS မဖွင့်လည်း Position ကို သိနိုင်တာကိုပြောပြချင်တာပါ) ။ GPS ဖွင့်ထားပီးလည်းစစ်ဆေးတတ်ပါတယ် ။ ပီးတော့ ပုံသေရှိနေတဲ့ အနီးမှာ ဘယ် Webcam တွေရှိလည်းဆိုတာ တိုက်စစ်ကာ ရှာထုတ်ပြလိုက်တာဖြစ်ပါတယ် ။ အဲ့ဒါကြောင့်လည်း အရမ်းမှန် အရမ်းအလုပ်ဖြစ်တယ်ဆိုတာတွေ မတွေ့ရသေးပါဘူး ။ တခြားနည်းနဲ့ သိနိုင်တာ ရှိနိုင်လား ? ကျွန်တော်သိသလောက်တော့ Electronic Device တွေမှာ ထုတ်လွှင့်မှုတွေရှိပါတယ် ။ ဒါပေမယ့် ဒီလှိုင်းကတော့ဖြင့် Webcam က ထွက်လာတဲ့ လှိုင်းပါဆိုပီး မသိသေးဘူးလို့ထင်ပါတယ် ။ အဲ့တော့ တခြားနည်းနဲ့ သိဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ဆုံးဖြတ်ချက်ချပါတယ် ။ ဘာလို့လဲဆိုတော့ Electronic Device တွေရဲ့ လှိုင်းကို အတိအကျသိကြပီဆိုရင် ။ အိမ် ၁ လုံးအရှေ့ကနေ စစ်နိုင်တဲ့ ပစ္စည်း ၁ ခုနဲ့ စစ်ထုတ်လိုက်ပီး ဘယ်နားမှာ ဘာပစ္စည်းရှိနေတယ်ဆိုပီး သေချာပေါက်သိနေတော့မှာ ဖြစ်ပါတယ် ။ အဲ့လောက်သိနေပီလို့တော့ ကျွန်တော်မကြားဖူးသလို မသိသေးပါဘူး ။ ကျွန်တော့်လေ့လာမှု အားနည်းတာကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။အဲ့ဒါကြောင့် ခိုးရိုက်တဲ့ Webcam လိုမျိုး အသိမပေးထားတဲ့ ကိုယ်ပိုင်အသုံးပြုတဲ့ Device မျိုးကို ဖုန်းလို app လောက်နဲ့ မသိနိုင်ဘူးလို့ ကောက်ချက်ချပါတယ် ။
Call Locater အတော်များများရဲ့ အလုပ်လုပ်ပုံ ကို နောက် ၁ ပိုင်းမှာ ထပ်ရှင်းပါမယ် ။ အဲ ထပ်ဖောပါမယ် ။ :D အားလုံးပဲ ၁ ခုခု သိတယ်ဆို ကြေနပ်မိမှာပါ ။ အားလုံးအဆင်ပြေကြပါစေ ။

No comments:

Post a Comment