Friday, June 7, 2013

Change System font Style in Window 8


Window 8 မှာက အရင် Window တွေလို System font style တွေ လွယ်လွယ်ကူကူချိန်းလို့ မရတော့ဘူး ။ ဥပမာ - Icon က font style ကို ဇော်ဂျီ နဲ့ ရိုက်ထားလို့ ဇော်ဂျီနဲ့ ပေါ်ချင်တယ်ဆို window 7 မှာ Control Panel -> Personalize -> Window Color -> Advanced -> Icon မှာ Zawgyi-One ဆိုပီး ပြင်လိုက်တာနဲ့ icon တွေမှာ ဇော်ဂျီ နဲ့ ရိုက်ထားတာ မြင်ရပီ ။ ဒါပေမယ့် window 8 ကျတော့ Window Color ထဲဝင်ပီးရော Advanced ပျောက်နေရော ။ လိုက်ရှာတော့လည်း မတွေ့တော့ဘူး ။ လွယ်လွယ်ကူကူ မပြင်စေချင်လို့လား မလိုအပ်ဘူးထင်လို့လားမသိ ဖြုတ်လိုက်တယ် ။ ကျွန်တော်သိသလောက်ပေါ့လေ ။ အဲ့တော့ အဲ့လိုနေရာမျိုးတွေကို ပြင်ဖို့အတွက် Zawgyi သုံးတယ်ဆို လိုအပ်လာပါပီ ။ Window 8 မှာက Default က Myanmar Unicode ပါပီးသားဆိုတော့ မြန်မာစာပေါ်သယောင်နဲ့ - Myanmar Unicode နဲ့ မရိုက်ပဲ Zawgyi နဲ့ ရိုက်မိတယ်ဆို ဘာတွေပေါ်မှန်းမသိဖြစ်သွားတာပဲ ။ Zawgyi Zawgyi ဘာလို့ပြောနေလဲဆိုတော့ ခုချိန်ထိ Zawgyi က Internet font လောက မှာ စိုးမိုးနေဆဲဆိုတော့ ပြောဖြစ်တာပါ ။ အမှန်က ကိုယ်ကြိုက်တဲ့ Font style ပြောင်းပေါ့ဗျာ ။
- Change font in window 8

Registry
Registry ကနေ Manual ပြောင်းတဲ့ နည်းအရင်ဆုံး ပြပါမယ် ။

Window Key+R (Run) > regedit

HKEY_CURRENT_USER\Control Panel\Colors
HKEY_CURRENT_USER\Control Panel\Desktop\Colors
HKEY_CURRENT_USER\Control Panel\Desktop\WindowMetrics


System ထဲက font setting တွေ ဒီနေရာ ၃ ခုမှာ ရှိပါတယ် ။
Icon Font ကို ချိန်းချင်တယ်ဆိုရင် Icon Font ကို


Icon Font ကို ချိန်းချင်တယ်ဆိုရင် Icon Font ကို Right Click > Modify (or) Double Click နဲ့ ဝင်လိုက်ပါ ။

ပုံမှန် အားဖြင့် Default က Segoe UI ပါ ။ Zawgyi-One ကိုပြောင်းကြည့်မှာပါ ။
Font က Native font ဖြစ်ရပါမယ် ။
Bold - Italic  နဲ့ တခြားပြင်ထားတာ မဖြစ်ရပါဘူး ။
Font နာမည်ကို ကြည့်ဖို့က Control Panel \ All Control Panel Items \ Fonts ထဲမှာ သွားကြည့်ရပါမယ် ။ (Font နာမည် မှားလို့ မဖြစ်ပါဘူး ။ အတိအကျဖြစ်ရပါမယ်)
* Zawgyi-One တချို့ font တွေက fonts ထဲမှာ သွားကြည့်ရင် Regular ဆိုတာ ပါနေတတ်ပါတယ် ။ မထည့်ရပါဘူး ။
dot (.) အစက်ကလေးတွေချန်ပီး စာလုံးတွေကို ဖြတ်ပစ်ပါ ။ Space ခြားတဲ့နေရာမှာ အစက်ကလေးတွေကြားမှာ Space ခြားထားတာပါဖြတ်ပါ ။ ပီးရင် ကိုယ်ပြောင်းခြင်တဲ့ Font နာမည်ကို ခုဖြတ်ပစ်လိုက်တဲ့ Font အစ စာလုံးကနေ အစာပြန်သွင်းပါ ။ ဥပမာ - S နေရာမှ Z , e နေရာမှာ a  စသည်ဖြင့် အစားထိုးပါ ။


ပီးရင် OK နှိပ် ထွက်လိုက်ပါ ။
စက်ကို Restart လုပ်လိုက်ပါ ။ ပြန်တတ်လာရင် Zawgyi-One font ပြောင်းပီး မြန်မာလိုရေးထားတာရှိရင်ပေါ်နေပါလိမ့်မယ် ။ တခြား font တွေ သုံးခြင်တယ်ဆိုလည်း တခြားဖောင့်တွေ သုံးနိုင်ပါတယ် ။

* ပုံမှန်အားဖြင့် ပြောင်းတတ်တဲ့နေရာတွေကတော့ -

CaptionFont: font of the window title
IconFont: Font of symbols (icons)
Message Font: Font of popups (message window)
MenuFont: font used in menus
SmCaptionFont: font smaller title bars
Status Font: font of the status bar


ဒါလေးကတော့ Font style တွေကို လွယ်လွယ်ကူကူပြောင်းပေးနိုင်တဲ့ Software လေးပါပဲ ။ Manual ကိုအရင်ပြတာက ကျွန်တော်ကတော့ Software တွေ လုံးဝမသုံးတတ်တော့မှ သုံးစေချင်လို့ပါ ။ Window8 System font တွေ ပြောင်းတဲ့ Software လေးကို အောက်မှာ ဒေါင်းယူနိုင်ပါတယ် ။


--------------------------------------------------------------------------------------

- Change Window 8 default font

Window Key+R (Run) > regedit

Hkey Local Machine\Software\Microsoft\Windows NT\Current Version\Font Substitutes Option\MS Shell DLG
Hkey Local Machine\Software\Microsoft\Windows NT\Current Version\Font Substitutes Option\MS Shell DLG2

ဝင်လိုက်တယ်ဆို Edit String ဆိုတဲ့ Box ကိုတွေ့ရမှာပါ ။ Value data: အောက်က နေရာမှာ ကိုယ်ထားခြင်တဲ့ Font နာမည်ရေးပီး OK နှိပ်ပီး ပြန်ထွက်ပါ ။ စက်ကို Restart ပြန်လုပ်လိုက်ပီး ပြန်တတ်လာပီဆိုရင် ချိန်းထားတဲ့ Font Style လေးနဲ့ တွေ့ရပါလိမ့်မယ် ။ အားလုံး အဆင်ပြေ ပျော်ရွှင် နိုင်ကြပါစေ ။

Credit > ကြည့်မိ လေ့လာ မိတဲ့ Site တွေ ကများပီး ၁နေရာထဲကလည်း မဟုတ် မှတ်လည်း မမှတ်မိတော့တဲ့အတွက် ဘယ်ကိုပေးရမလဲ မသိတော့ပါဘူး ။ :P

No comments:

Post a Comment