Wednesday, June 19, 2013

AirDroid


ဟို တစ်နေ့က ရုံးက အကို ၁ ယောက်နဲ့ ဖုန်းအကြောင်းစကားပြောဖြစ်ရင်း ဖုန်းကို Computer ကနေ sms ပို့တာ ဖုန်းခေါ်တာတို့ လုပ်တာကို အရင် Smart ဖုန်းတွေမှာ လုပ်ဖြစ်တာပြောဖြစ်ပါတယ် ။ အဲ့ဒီတော့ ဖုန်းဝင်လာရင် Computer မှာ လာပြရင် Computer ကနေ sms လှမ်းပို့တာတို့ ဖုန်းခေါ်တာတို့ကို Computer နဲ့ ချိတ်ထားပီး တန်းခေါ်ဖို့တွေးမိပါတယ် ။ အဲ့ဒါနဲ့ ရှာကြည့်တော့ app တွေ အများကြီးတွေ့တာပဲ ။ အဲ့ထဲမှာ မှ ကောင်းတဲ့ app လေး ၁ခုနဲ့ မိတ်ဆက်ပေးပါ့မယ် ။ AirDroid ဆိုတဲ့ apk လေးပဲ ဖြစ်ပါတယ် ။
ဒီကောင်လေးက Computer မှာ ဘာမှသွင်းစရာမလိုပဲနဲ့ Browser ကနေ လှမ်းပီးခေါ်သုံးရတာပါ ။ ဘာမှ သွင်းစရာမလိုဘူးဆိုတော့လည်း တော်တော်လေး အဆင်ပြေတယ်ပေါ့ဗျာ ။ ဖုန်းခေါ်တာ . sms ပို့တာ . File တွေကူးတာ . သီချင်းနားထောင်တာ . apk တွေသွင်းတာ စသဖြင့်တော်တော်များများကိုလုပ်လို့ရပါတယ် ။

 

 ဒီ Apk လေးက Free apk လေး ၁ ခုလည်းဖြစ်ပါတယ် ။ Free apk ပေမယ့် ကြိုက်လောက်အောင် စွမ်းဆောင်ရည်ရှိပါတယ် ။ ကိုယ့်ဖုန်းထဲမှာ ရှိနေလို့ မမှားတဲ့ apk လေး ၁ ခုဆိုရင်လည်းမမှားပါဘူး ။ အောက်က သူ့ Icon လေးမှာ Down ယူနိုင်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ။

No comments:

Post a Comment