Wednesday, February 27, 2013

Power ISO


ကြာလှပီ .. Share ပေးမလို့ Online ပေါ်တင်ထားတာ ။ လူက ငပျင်းဆိုတော့ Post တင်ရမှာ ပျင်းနေတာနဲ့ ပဲ ခုမှ ရေးဖြစ်တော့တယ် ။
ကော်နက်ရှင်တွေပဲ ကောင်းလာကြလား ? ISO တွေပဲ ရွေး Down ကြလားတော့မသိဘူး ။ ISO ဖိုင်တွေ Down ပီးမှ ဘယ်လိုဖွင့်ရမလဲ ? ဘယ်လို Burn ရမလဲ ဆိုတာ တွေ တွေ့တွေ့နေရလို့ပါ ။ ISO ဖိုင်အနေနဲ့ ပေးပီး အဲ့ Image ဖိုင်းအတိုင်း ကူးမှဖြစ်တာမျိုးတော်တော်များများက Boot ဖိုင်တွေ ပါတာတွေဖြစ်ပါတယ် ။
သုံးတဲ့ ISO Burn တဲ့ ဖွင့်တဲ့ အထဲမှာ အကြိုက်ဆုံး ၁ ခုဖြစ်ပါတယ် ။ Power Iso လေးကို Install လုပ်လိုက်ပီဆိုရင် Virtual Drive လုပ်ဖို့အတွက်ပါ ပါလာပီးသားပါ ။ Virtual Drive အများကြီး လုပ်ထားလို့လည်းရပါတယ် ။ Virtual Drive ဆိုတာက ရှိနေတဲ့ ISO (Image) ဖိုင်လေးတွေကို Mount ဆိုပီး Virtual Drive ထဲကို ထည့်ပီး ဖွင့်ကြည့်လို့ရတဲ့ Drive လေးတွေပဲ ဖြစ်ပါတယ် ။ ပီးတော့ ISO ဖိုင်တွေကို Burn တဲ့ နေရာမှာလည်း Image ဖိုင်ကို ဖွင့် .. ပီးရင် အဲ့အထဲကို ကိုယ်ထပ်ထည့်ချင်တာလေးတွေပါ ထည့်ပီး Burn လို့ အဆင်ပြေပါတယ် ။ လေဖောတာလည်းများသွားပီ ။ အမြဲပြောခဲ့သလိုပဲ ကိုယ်တတ်နိုင်တယ်ဆိုရင် ဝယ်သုံးကြပါ ။ လိပ်ပြာလုံတာပေါ့ ။ ဒါကတော့ Crack ဆိုတဲ့ သူခိုး Version ပါပဲ . အားလုံးအဆင်ပြေကြပါစေ ။


No comments:

Post a Comment