Thursday, February 21, 2013

How to Hide Text Behind Image (Without any Software)


ပုံတွေရဲ့ အတွင်းထဲမှာ စာလေးတွေ ထည့်ထားတဲ့ နည်းလေးပါ ။ တခြားသူတွေ မသိစေချင်တဲ့ စာတွေကို ပုံလေးနဲ့ တွဲပို့ပေးလိုက်တယ် ဆိုရင် အမှတ်တမဲ့ အနေနဲ့ မြင်မှာ မဟုတ်သလို .. အမှတ်တရလေးတွေကို သူများတွေ မသိအောင် မှတ်ထားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ အသုံးဝင်တာ မဝင်တာထက် သိတာလေး ပြန် Sharing လုပ်ပေးတဲ့ သဘောပါ ။
Text ဝှက်ထားချင်တဲ့ ပုံနေရာကို ရောက်အောင်သွားပါ ။ ပုံကို နာမည်ပေးပါ ။ ဒါမှ မဟုတ်မှတ်ထားပါ ။ ကိုယ့်ဝှက်ချင်တဲ့ ပုံက .Jpg လား .png လား .gif လား စသဖြင့် သေချာအောင်မှတ်ထားပါ ။ ခုစမ်းပြထားတဲ့ အထဲမှာတော့ BKs.jpg ဆိုတဲ့ ပုံလေးနဲ့ စမ်းပြထားပါတယ် ။

ပုံထားတဲ့ နေရာ (Folder ထဲဖြစ်ဖြစ်) ထဲက လွတ်နေတဲ့ နေရာမှာ (ဘာကိုမှ ရွေးမထားပါနဲ့) Shift+Right Click > Open Command window here ကိုရွေးပါ ။
command box ပေါ်လာပီဆိုရင် cmd ထဲမှာ ကိုယ် လုပ်ဆောင်မယ့် ရွေးထားတဲ့ နေရာကို ရောက်နေပါပီ။
ပထမ ၁ ကြောင်းမှာ echo This Logo is Bless Kiss's Logo>> BKs.jpg လို့ ရိုက်ထားပါတယ် ။ အဲ့ဒီ command မှာ Bless Kiss's မှာ  + ' + ပါ သွားတဲ့အတွက် အလုပ်မလုပ်ပါဘူး ။ မှားပီး ရိုက်မိပီး အလုပ်မလုပ် မှာစိုးလို့ စမ်းပြထားတာပါ။
echo This Logo is Bless Kiss Logo>> BKs.jpg
ဆိုပီးရိုက်ပါ ပီးရင် Enter နှိပ်ပါ။
This Logo is Bless Kiss Logo ဆိုတဲ့ နေရာမှာ ကိုယ်ကြိုက်တဲ့ စာသားရိုက်နိုင်ပါတယ် ။
BKs.Jpg  ဆိုတဲ့နေရာမှာ ကိုယ်ဝှက်ထားချင်တဲ့ စားသားထည့်မယ့် ပုံပါ။

ဒါဆို ပုံလေးရဲ အထဲမှာ Text လေးပါသွားပီ ဖြစ်ပါတယ် ။ ဒါကို ဖွင့်ကြည့်မယ်ဆိုရင် Notepad လေးနဲ့ ဖွင့်ကြည့်ရမှာဖြစ်ပါတယ် ။
ပုံမှာ Right Click > Open with > Notepad နဲ့ ဖွင့်လိုက်ပါ ။

Notepad လေးနဲ့ ပွင့်လာပီဆိုရင် Notepad လေးရဲ့ အောက်ဆုံကို အောက်ဆုံးကို သွားလိုက်ပါ ။ ခုဏက ရေးထားတဲ့ စာသားလေးကို မြင်ရမှာဖြစ်ပါတယ် ။

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ ။

No comments:

Post a Comment