Monday, February 18, 2013

Download Flash Game From MiniClip (http://www.miniclip.com)


Swf .. ဆိုတဲ့ Flash Game လေးတွေ Download လုပ်တာလေးပါ ။ အမှန်က အရမ်းလွယ်ပါတယ် ။ Source ကိုကြည့်တတ်တယ်ဆိုရင် ဘာမှမခက်ပါဘူး ။ မသိတဲ့သူတွေ အတွက် အဆင်ပြေအောင်ပါ ။ ဒါလေးကတော့ Miniclip.com က Game လေးတွေ Down တဲ့ အလွယ်နည်းလေးပေါ့ ။

အရင်ဆုံး www.miniclip.com ကို ဖွင့်ပါတယ် ။ အဲ့ကနေ ကိုယ်ဆော့ချင်တဲ့ Game ကိုရွေးလိုက်ပါ ။ ကျွန်တော်ကတော့ http://www.miniclip.com/games/zombotron/en/ ဖြစ်တဲ့  Zombotron Game လေးကို Down ပြပါ့မယ် ။
(* Flash Game တွေမှာ Online နဲ့ Join ထားတာတွေဆို ဒေါင်းလို့တော့ ရပါလိမ့်မယ် ။ Internet Connection ပြတ်သွားရင်ရမှာမဟုတ်ပါဘူး။ အဲ့တော့ Flash Game အားလုံးရမှာမဟုတ်ပါဘူး ။ အထိကကတော့ Online မှာ Fri တွေနဲ့ ချိတ်ကစားတဲ့ ဟာမျိုးတွေအဆင်မပြေနိုင်ပါဘူး)
ဖွင့်ပီးသွားလို့ စဆော့ လို့ရပီဆို .. လွတ်နေတဲ့ နေရာ ၁ နေရာရာမှာ Right Click > View Page Source ကိုရွေးလိုက်ပါ ။

ခုသုံးနေတဲ့ Browser ကတော့ Firefox ပါ ။ အဲ့တော့ တခြား Browser ဆို ပေါ်တာ ၁ မျိုးဖြစ်နေမှာပါ ။ ဒါပေမယ့် ဘာမှ အရေးမကြီးပါဘူး ။ Source ကိုမြင်ရပီဆို ကိုယ်လိုချင်တဲ့ နေရာလေးကိုရှာဖို့ Find ဖြစ်တဲ့ Ctrl + f ကို နှိပ်လိုက်ပါမယ့် ။ အဲ့ဒါဆို ရှာဖို့အတွက်နေရာလေးရှိလာပါပီ ။ အဲ့မှာ ကိုယ်ရှာချင်တဲ့ Flash File ရဲ့ Extension ဖြစ်တဲ့ .swf ကို ရိုက်ထည့်ပီးရှာပါမယ် ။ အဲ့လိုရှာတဲ့နေရာမှာ .swf နဲ့ ဆုံးတဲ့ နေရာတွေ အားလုံးကိုပြပါလိမ့်မယ် ။ ဖြစ်နိုင်ခြေရှိတဲ့ .swf ကိုရှာပါမယ် ။ ဘယ်လိုဖြစ်နိုင်ခြေရှိလဲဆိုရင် Game ရဲ့ နာမည်နဲ့ ဆင်တာပဲ ဖြစ်ဖြစ် ရှာပါ ။ login.swf လိုဟာမျိုးဆို မဟုတ်တာသေချာပါတယ် ။ အဲ့တော့ ခုတွေ့တဲ့ zombotron.swf လေးကို မှတ်ထားလိုက်ပါတယ် ။

ကိုယ်မှတ်လိုက်တဲ့ zombotron.swf ကို မူးရင်းဖွင့်ထားတဲ့  http://www.miniclip.com/games/zombotron/en/ နောက်မှာ  http://www.miniclip.com/games/zombotron/en/zombotron.swf အဖြစ်ထပ်တိုးပီးတော့ ဖွင့်လိုက်ပါ ။ အဲ့လိုဖွင့်လိုက်လို့ ကိုယ်လိုချင်တဲ့ Flash Game ပဲ ပေါ်လာပီး တခြားဟာတွေပျောက်သွားပီဆို မှန်ပါတယ် ။ ဘာမှမပွင့်ဘူး ဒါမှမဟုတ် Error ၁ ခုခုပြတယ်ဆိုရင် Source File မှားနေတယ် မရှိတာပါ ။

အပေါ်ကလိုပေါ်လာပီဆိုရင် Save Page (Ctrl+s) နဲ့ ကိုယ်လိုချင်တဲ့နေရာမှာ Save မှတ်လိုက်ရင်ရပါပီ ။ တခြား Download ၁ ခုခုနဲ့ Down မယ်ဆိုရင်တော့ အပေါ်က Address bar က စာအကုန်မှတ်လိုက်ပီး အဲ့ဒါလေး ထည့်ပီး Save လုပ်လိုက်တယ်ဆို လိုချင်တဲ့ swf Extension ဖြစ်တဲ့ Flash Game ရပါပီ ။ အားလုံးအဆင်ပြေကြပါစေ ။

No comments:

Post a Comment