Thursday, July 26, 2012

Shutdown Timer (Command)

ကွန်ပျူတာကို ဖွင့်ထားပီး သီချင်းလေးဖွင့်ထားမယ် .. အိပ်ပျော်သွားတဲ့အချိန်လောက် သက်မှတ်ထားတဲ့ အချိန် ၁ ခုရောက်မှ Auto Shutdown ချချင်တယ် ..  အဲ့လိုမျိုး ဆို ဘယ်လိုလုပ်ရမလဲ တွေးဖူးတဲ့ အချိန် များရှိလား .. ?? ?? ?? အခု Command ထဲက နေ Auto Shutdown လုပ်တဲ့ နည်းလေး ရေးပေးလိုက်ပါတယ် ..
ကျွန်တော် Computer စသုံးတုန်းက Software တွေလည်း ကောင်းကောင်းမသုံးတတ် မရှာတတ် ခင်တုန်းက တော်တော်သိချင်ခဲ့တာလေးပေါ့ ..
ခု ကျွန်တော်တို့ ဘယ်လို Command က နေ Shutdown ချမလဲ ပြောပြပါမယ် ..

ပထမဆုံး ( WindowKey+R ) or ( Start > Run ) or ( Start > cmd ) ကနေ Command Box ပေါ်လာအောင် လုပ်လိုက်ပါမယ် ..



Command Box အမည်းရောင်လေး ( ပုံမှန် ဘာမှ မပြင်ထားရင် အမည်းရောင်ပါ ) ပေါ်လာပီ ဆိုရင်
Command ရိုက်ထည့်ပါမယ် ..

ရိုက်ထည့်လိုက်မှာကတော့ .. shutdown -s -f -t 3000

ပီးရင် Enter ခေါက်လိုက်ပါ။ အဲ့ဒါဆို အသက်ဝင်သွားပါပီ။
(မိနစ် ၅၀ ကြာရင် Shutdown ကျသွားမယ့် commandပါ)
ပီးရင် exit ဆိုပီး ရိုက်ပီး Enter ခေါက်လိုက်ရင်ပဲ ဖြစ်ဖြစ် ဒီတိုင်းပဲ ဖြစ်ဖြစ် ပိတ်လိုက်လို့ရပါတယ် ..
Command ရိုက်ထည့်လိုက်တာ ဘာမှန် မသိ မဖြစ်အောင် ၁ ခုခြင်း ရှင်းပြပေးပါမယ် ..

shutdown
(ရှင်းပါတယ် Shutdown ဆိုတာ Shutdown ချဖို့ စက်က သိတဲ့ Command  ပါ :) )

-s 
(Shutdown မှာ နည်းတွေ ရှိပါတယ် .. လုံးဝ Shutdown ချမှာမို့လို့ -s ပါ ။ -r ဆိုရင် Restart ပြန် ဖြစ်ပါတယ် )

-f 
(force ပေးလိုက်တာပါ .. သဘောက ပိတ်တဲ့အချိန်မှာ Run နေတာတွေကို force ပေးပီး အတင်း ပိတ်လိုက်တဲ့ သဘောပါပဲ )

-t 3000
(Timer ပေးလိုက်တာပါ .. နောက် က စက္ကန့် အရေအတွက် ပေးဖို့အတွက် -t ဆိုတဲ့ command ပေးတာပါ . နောက်က အချိန်ကိုတော့ စက္ကန့်နဲ့ပဲ သွားတာပါ .. ၆၀ ဆိုရင် ၁ မိနစ်ကြာရင် ပိတ်မယ်ပေါ့)

ဒါပါပဲ ... Shutdown command နဲ့ တွဲသုံးလို့ရတာတွေ သိချင်တယ်ဆိုရင်တော့ shutdown /? နှိပ်လိုက်ပါ .. ဘယ်လို တွေ လုပ်လို့ရလည်း ရှင်းပြထားတာတွေ ကျလာပါလိမ့်မယ် ..

* ခုဏက ပေးထားတာကို ပြန်ဖြုတ်ချင်တယ် .. မရပ်စေချင်တော့ဘူးဆိုရင်တော့ shutdown -a ရိုက်လိုက်ရင် Shutdown နဲ့ ပေးထားတဲ့ command တွေ cancel ဖြစ်သွားပါလိမ့်မယ် ..
(Virus ကြောင့် Virus ကနေ ချလိုက်တဲ့ Shutdown တွေကိုလည်း shutdown -a နဲ့ ပြန်ဖြည်လည်းရပါတယ် )

သိပီးသားသူတွေ ရှိပါမယ် .. အများကြီးရှင်းပြထားတာလည်း ကျွန်တော် သိသလောက်ပါ .. မှားတာရှိရင်လည်း ထောက်ပြပေးပါ .. တအားကြီး အကျယ် ချဲ့ရေးတယ်ဆိုတာလည်း Computer နဲ့မနီးစပ်တဲ့ သူတွေ နည်းနည်းလေး သိသွားစေချင်လို့ပါ .. ဘာမှန်းမသိရေးထားတာထက် သိစေချင်တာလေးပါ .. ကျွန်တော်ရေးထားတဲ့ အကြောင်းအရာလေး ၁ ခုက လူ ၁ ယောက်အတွက် အသုံးဝင်တယ်ဆိုလည်း ကျွန်တော်ကျေနပ်မိမှာပါ .. အားလုံး အဆင်ပြေကြပါစေ ...

No comments:

Post a Comment