Thursday, February 7, 2013

How can i download Photo Album from FACEBOOK (facepaste Firefox Extension)


Facebook မှာ သူများတင်ထားတဲ့ ပုံတွေ လိုချင်တာပဲ ဖြစ်ဖြစ် ။ ကိုယ်တင်ထားတဲ့ ပုံတွေလိုချင်တာပဲ ဖြစ်ဖြစ် ပုံတွေ များနေပီဆို ၁ ပုံခြင်းစီ ဖွင့် ပီးရင် Save မှတ် နဲ့ အချိန်တော်တော်လေးပေးရပါတယ် ။ တအားများလာရင် ပြန်ယူဖို့ကို အခက်အခဲ တွေ့တတ်ပါတယ် ။ အဲ့လိုဖြစ်ပီဆိုရင် ဘယ်လိုလုပ်မလဲ ?
Facebook ထဲကနေပုံတွေကို ပြန်ယူဖို့အတွက်က Facebook မှာလည်း Auto App တွေ လည်းရှိတယ် ။ ကိုယ့်စက်မှာ Install လုပ် ။ ပီးရင် အဲ့အထဲကနေ Facebook Login ဝင်ပီးယူလို့ရတဲ့ App တွေလည်း အများကြီးကို ရှိပါတယ် ။ ကျွန်တော်က တချို့ App တွေ ဆို သိပ်မသုံးချင်ဘူး ။ အထိက ကတော့ Security ကြောင့်ပေါ့ဗျာ ... Software ကို Run > အဲ့ထဲကနေ Facebook ကို Login ဝင်ရတယ်ဆိုကတည်းက ကျွန်တော်တော့ စိတ်မသန့်တော့ဘူး ။ အမှန်က Save ဖြစ်နေလို့လည်း သုံးတဲ့ သူတွေ ရှိတာပါ ။ မသုံးချင်တာက ကျွန်တော့်ရဲ့ သီးသန့်စိတ်ပါ ။ (ကိုယ်တိုင် App ရေးနိုင်တယ် ဆိုရင်တော့ ကိုယ့်ဘာသာရေးပီး လုပ်တာပိုကောင်းတာပေါ့နော် )  အဲ့တော့ တခြားဘာသုံးမလဲ တွေးတော့ Browser တွေမှာ သုံးတဲ့ Add on (Extension) တွေကို ပြန်သတိရတယ် ။ Browser တွေ မှာ Add on တွေ သုံးတယ်ဆိုရင်လည်း ကျွန်တော်က နည်းနည်း ရွေးတယ် ။ ဘာလို့လဲ ဆိုတော့ Server ကို တဆင့် ပြန်သွား .. အဲ့ကနေ ပြန်ဝင် .. တော်တော်အလုပ်ရှုပ်တယ်လို့ ခံစားရသလို Save လည်းမဖြစ်ဘူး လို့ ထပ်ခံစားရပြန်တယ် ။ (ဒါ ကျွန်တော့်ရဲ့ရူးကြောင်ကြောင်နိုင်မှုပါ) အဲ့တော့ အကောင်းဆုံး အသင့်တော်ဆုံး Add on သုံးတော့မယ်ဆိုတော့ Add on များစွာ ပိုင်ဆိုင်ထားတဲ့ Add on ဘုရင် Morzilla Firefox ကိုပဲ ပြေးမြင်တယ် ။ အဲ့ထဲကနေ သုံးလို့ အဆင်ပြေမယ့် Add on ရှာရင်းနဲ့ နောက်ဆုံး Facepaste ဆိုတဲ့ ဟာလေးကို တွေ့ပါတယ်။
သုံးကြည့်ချင်တယ်ဆိုရင်တော့ https://addons.mozilla.org/en-US/firefox/addon/facepaste/?src=search မှာ ရှိပါတယ် ။ firefox browser နဲ့ဖွင့် ပီးရင် အပေါ်က Link ကို သွား Install လုပ်လိုက်ပါ ။ Install လုပ်ပီးသွားပီ ဆိုရင်တော့ Firefox ကို Restart ချမလားမေးပါမယ် ။Browser ကို restart ချလိုက်မှလည်း ခုဏက Install လုပ်ထားတဲ့ Add on လေး သုံးလို့ရမှာဖြစ်ပါတယ် ။ ပြန်ပီး ပွင့်လာပီဆိုရင်တော့ စပီးသုံးလို့ ရပါပီ ။

ပုံတွေကို Album လိုက် Down ဖို့အတွက် ပထမဆုံး ကိုယ် လိုချင်တဲ့ Album တွေ ရှိတဲ့နေရာကို သွားရပါမယ် ။ (ကိုယ့်ရဲ့ Album လည်းရသလို ။ တခြား ၁ ယောက်ရဲ့ Album တွေ လည်းရပါတယ်)

Albums တွေ ပြနေတဲ့ ထဲမှာ Right-Click ကို နှိပ် ပီးရင် Download Facebook albums ဆိုတာကို နှိပ်လိုက်ပါ ။

အောက်မှာပြထားသလိုမျိုး Album ဘယ် ၂ ခု ရှိလည်း ဆိုတာကို ရှာနေပါလိမ့်မယ် ။ Connection နဲ့ Album အရေအတွက်ပေါ်မူတည်ပီး စောင့်ရတဲ့ အချိန် ကြာနိုင်ပါတယ် ။


ပီးသွားရင် Albums ဆိုတဲ့ နေရာ (1) မှာ ရှိသမျှ Album တွေကို ပြပါလိမ့်မယ် ။ အဲ့ဒီမှာ Album ၁ ခု ထပ်ပီးပီး ရွေးချင်တယ်ဆိုရင် Ctrl လေး တွဲနှိပ်ပီး ရွေးလို့ရပါတယ် ။ အပေါ်မှာလည်း (Ctrl/command-click for multiple) ရေးထားပါတယ် ။
? (2) ဆိုတဲ့ နေရာလေးကို နှိပ်ပီး ဘယ်နားမှာ သိမ်းမလဲ ဆိုတာရွေးပေးရပါမယ် ။ ရွေးပေးလိုက်တယ်ဆို Save photos to ဆိုတဲ့ အောက်မှာ သိမ်းမယ့် Path လေးပေါ်လာပါပီ ။ 
အားလုံး ရွေးပီးသွားပီဆိုရင် Start ဆိုတာလေးနှိပ်ပီး စလိုက်ပါ ။



သူ့ဘာသာ Album တွေကို စစ်ပါမယ် ။ Album ထဲမှာ Photos တွေ ဘယ်လောက်ပါလဲ စစ်ပါလိမ့်မယ် ။ ပီးသွားပီဆိုရင် သူ့ဘာသာ ဒေါင်းလုပ်ဆွဲသွားပီး အောက်ကပြထားတဲ့ ပုံလေး အတိုင်း Finish ဖြစ်သွားရင် ကိုယ် သိမ်းချင်တဲ့ ပေးထားတဲ့ နေရာထဲမှာ Folder လေးတွေနဲ့ ပုံလေးတွေ ရောက်နေပါလိမ့်မယ် ။


 ၁ ဆင့်ချင်းစီ လုပ်ပြထားတယ်ဆိုတာကလည်း ခုမှ စပီး သုံးတဲ့သူတွေ အတွက်ပါ ။ မပြလည်း လုပ်တတ်မယ့် သူတွေ အများကြီး ရှိမယ်ဆိုတာလေး သိပါတယ် ။ ခုပြထားတဲ့ နည်းထက် ပိုကောင်းတဲ့ Add on တွေ Software တွေ App တွေ လည်း အများကြီးရှိပါလိမ့်မယ် ။ ဒါကတော့ ကျွန်တော်လွယ်မယ်ထင်လို့ ရွေးပီး Share လိုက်တဲ့ သဘောပါ ။ အမှားအယွင်းရှိတယ်ဆို တောင်းပန်ပါတယ် ။ အားလုံးပဲ အဆင်ပြေကြပါစေ ။ 

No comments:

Post a Comment