Friday, September 7, 2012

ကျွန်တော် သိသော Torrent ( 4 Download )


ကျွန်တော် သိသလောက်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ 2012 March လောက်မှာ စပီးသုံးလို့ရပါတယ် ။ စပီးသုံးလို့ရတယ်ဆိုလို့ ၁ မျိုးလည်း မထင်နဲ့ဦး .. Port တွေ ပိတ်ထားတာတွေ ပြန်ဖွင့်ပေးလိုက်လို့ သုံးလို့ရသွားတာကို ပြောပါတယ် ။ :)  Torrent ဆိုတာ Download လုပ်လို့ရတဲ့ Technology လို့ပြောရမလား မသိဘူး ။ သူက အထိက Download လုပ်ဖို့အတွက်ပါ ။ ဒါပေမယ့် သူက သူ့နည်းလမ်းလေးတွေ နည်းပညာ ၁ မျိုးပေါ့ ။ ပုံမှန် Download လုပ်တယ်ဆိုရင် Online Server ၁ ခုမှာ Data တွေ သိမ်းထားတယ် ။ ကိုယ်လိုချင်တယ်ဆို တန်ပီး Download လုပ်တယ်။ Server က Data ကိုယ့်စက်ထဲ ရောက်ပီဆိုရင် လုပ်ဆောင်မှု ပီးသွားပီ ။ Server မှာ လှမ်း ဒေါင်းတဲ့ အချိန် Request များနေရင် Server Traffic ဖြစ်တာတို့ Download Speed လေးသွားတာတို့ဖြစ်ပါတယ် ။ ဒီ Torrent ကျတော့ ဒီလို Server ကနေ သွားမ Down ဘူးလားဆိုရင် သွားပီး Down ပါတယ် ။ ပီးတော့ ထပ်ပီး လုပ်ဆောင်တဲ့ အချက်တွေလည်း ရှိပါသေးတယ် ။

ပုံမှာ ပြထားသလိုပဲ Server ကနေ ဒေါင်းတယ် ။ ကိုယ့်လိုပဲ Server ကနေ DownLoad လုပ်နေတဲ့ တခြား စက်တွေက နေလည်း လှမ်းပီးတော့ ဆွဲတယ် ။ ဒီ့ထက်ပိုတာက ကိုယ်ကနေ လည်း သူများ ပြန်ရဖို့အတွက် ပြန်ပို့ပေးတယ် ။ အဲ့တော့ ဘယ်လိုလဲ ဆိုတော Traffic မဖြစ်နိုင်ဘူး ။ ကိုယ်လို့ပဲ ယူနေတဲ့ စက်တွေများရင် သူတို့ကလည်း ပြန်ပို့ပေးနေတဲ့အတွက် ကိုယ်လည်း ပိုပီး Down နိုင်တယ် ။
ဖိုင်အပြည့်ရနေတဲ့ စက်တွေက ပြန်ပီးပဲ ပို့တယ် ။ ဖိုင်မပြည့်သေးတဲ့ စက်တွေက ယူလည်းယူတယ် ပို့လည်း ပြန်ပို့တယ် ။ ကိုယ်က ယူနေတယ်ဆိုလည်း အဲ့လိုပါပဲ ။ သူက Resume လည်း အလုပ်လုပ်ပါတယ် ။ Internet connection ရှိနေတယ်ဆို သူကိုယ်လိုတာ ဆွဲထားတယ်ဆို သူအလုပ်လုပ်ပုံအတိုင်း Auto ဆွဲတယ် ပြန်ပို့တဲ့ အလုပ်လုပ်ပါတယ် ။ အေးအေးဆေးဆေးဆွဲလို့ရတယ်ပေါ့ ။ Torrent ဖိုင် ၁ ခု ဒေါင်းတော့မယ်ဆို Down Speed မြန်မမြန် အဆင်ပြေနိုင်မနိုင်သိနိုင်ပါတယ် ။ ဘယ်လိုလဲဆိုတော့ သူက အပေါ်က ပြောခဲ့သလို ကိုယ့်လို Down နေတဲ့ တခြား သူတွေမှာ ဖိုင် Size ပြည့်နေသွားတဲ့ သူ ဆွဲနေဆဲ သူတွေကို ပြထားတတ်လို့ပါပဲ ။ အပေါ်က Torrent အလုပ်လုပ်တဲ့ ပုံမှာလိုပါပဲ  .. ဖိုင် အပြည့်ရနေတဲ့ သူတွေကို Seed ခေါ်ပါတယ် ။ ဖိုင်ဆွဲနေဆဲ သူတွေကို Leech (မျှော့ ပါ ဘာဖြစ်လို့လဲဆိုတော့ Server ကနေ ဒေတာတွေ စုပ်နေလို့ ဖြစ်နိုင်ပါတယ် :D ) လို့ခေါ်ပါတယ် ။ အဲ့လို Seed တွေ Leech တွေ များတယ်ဆို သူတို့ဆီကနေလည်း download တွေရနိုင်တဲ့ အတွက် ပို ပီး Down speed များသွားခြင်းဖြစ်ပါတယ် ။ ပိုပီး အဆင်ပြေမယ်ထင်တဲ့အတွက် အကြံပေးခြင်းဖြစ်ပါတယ် ။ Download လုပ်မယ်ဆို Torrent Software တော့ သွင်းထားရပါမယ် ။ တချို့ကျတော့ လည်း .exe ကနေ တခါတည်း Run ပီး ဒေါင်းပေးပါတယ် ။ Torrent ယူလို့ရတဲ့ နေရာတွေ အများကြီးပါ ။ ဥပမာ
http://www.utorrent.com/
http://www.bittorrent.com/
စတဲ့နေရာတွေမှာ Torrent Software ကို ရယူနိုင်ပါတယ် ။ (ကျွန်တော်ကတော့ Bit Torrent သုံးပါတယ်) ရယူပီးပီဆို ကိုယ့်စက်ထဲသွင်း ရပါမယ် ။ ပီးပီ ဆိုရင် Torrent ရနိုင်တဲ့ Link တွေ ရှာပီး အဲ့ကနေ Torrent ကနေ ဒေါင်းမယ်ဆိုပီး တန်းပြောလို့ရသလို Torrent Link ကိုလည်း ကိုယ့်စက်ထဲ Down ထားပီး အဲ့ကနေ ချိတ်ပီး လှမ်း Down လည်းရပါတယ် ။
Torrent လင့်တွေ ဘယ်လိုရမလဲ ဆိုတော့ Torrent လင့်တွေ ရှာတဲ့ Site တွေ အများကြီးရှိပါတယ် ။ ဥပမာ Piratebay (အောက်က ပုံလေး နှိပ်ပီးလည်း သူ့ရဲ့ Site ကို သွားနိုင်ပါတယ်)
ရှာရတာလည်း လွယ်ပါတယ် ။ Check Box လေးတွေနဲ့ ။ ဘာကို ရှာချင်လည်း ဆိုတာ ရွေးပီး ရှာလိုက်တယ်ဆိုရပါတယ် ။။ အဲ့မှာ SE / LE လေးတွေပါတယ် ဘေးနားမှာ ။ ကိုယ် Down ချင်တာတွေ အများကြီးရှိနေတယ် Link တွေများနေတယ်ဆို SE များတာလေးတွေ ကိုရှာပီး အဲ့ Link ကို Down လိုက်မယ်ဆို အဆင်ပြေပါလိမ့်မယ် ။

* ကျွန်တော် သိသလောက် ပြန်လည် Share လုပ်ခြင်း ဖြစ်ပါတယ်။ အမှား အယွင်းများ ရှိနိုင်ပါတယ်။ ပြန်လည် Share မယ် ထောက်ပြ ပေးမယ်ဆို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာမှ သိပ်မသိပါ။ အဲ့အတွက် အမှားများ ရှိခဲ့ရင် အရင်တောင်းပန်ပါတယ်။ Knowledge Share လုပ်ခြင်းသာဖြစ်ပါတယ်။ ၁ ယောက်ယောက် သိခဲ့လို့ အသိဥာဏ်တိုးမယ် အဆင်ပြေသွားမယ်ဆို ကြေနပ်မိမှာပါ။ အားလုံး အဆင်ပြေကြပါစေ။

No comments:

Post a Comment