Sunday, September 2, 2012

K-lite Codec Pack



.mkv, .flv, .mp4, .avi, 3gp, ... .. . Video Format တွေ Online ပေါ်မှာ အများကြီးပါပဲ ။ သုံးတဲ့နေရာတွေလည်း ကွဲကြတယ်။ PC သုံးတဲ့ သူတွေ အတွက်ကတော့ ပါလာတဲ့ Window Media Player က စိတ်ပျက်ဖွယ် Player ၁ ခုပါပဲ ။
ဘာဖြစ်လို့လဲဆိုတော့ များပြားလှ တဲ့ Video Format တွေကို သိနိုင်စွမ်းမရှိအောင် ညံ့ဖျင်းပီး ဖွင့်လို့ မရအောင်ဖြစ်နေတာပဲ ဖြစ်ပါတယ် ။ အဲ့တော့ PC ရဲ့ သဘောအတိုင်း Software တွေ သုံး Plugin တွေ သုံးပီး အဆင့်မြှင့်တင်ခြင်းပဲ ဖြစ်ပါတယ်။
ခု ပေးမယ့် Video Format များစွာကို ဖွင့်ပေးမယ့် အရာကတော့ Player လို့လည်း ပြောလို့ရ ။ WMP အတွက် Plugin သဘောမျိုး WMP ကို အားလုံး ဖွင့်လို့ ရအောင်ပြုလုပ်ပေးမယ့် K-Lite Codec Pack ပဲ ဖြစ်ပါတယ်။

K-Lite Codec Pack က Free Ware နော် ။ တော်တော် အသုံးဝင်ပီး အလကား ရယူနိုင်တဲ့ Software လေးပဲ ဖြစ်ပါတယ် ။ Software Install လုပ်ချိန်မှာတော့ ဘယ် Format တွေ ဖွင့်ရနိုင်လည်း ဖွင့်မလည်းမေးတာတွေတော့ သေချာလေးရွေးပေးပါ။
K-Lite Player ထည့်လို့ရသလို WMP ကိုလည်း ထပ်မြှင့်ပီး တိုးလို့ရအောင် လုပ်ရမယ့် ရွေးချယ်မှုလေးတွေလည်း လုပ်ပေးမယ်ဆိုရင် K-Lite ဟာ သင့်ရဲ့ Window Media Player ကို Video Format မျိုးစုံနီးပါး ဖွင့်လို့ရမယ့် Special Player ကြီး ဖြစ်လာနိုင်ပါတယ်။ သူရဲ့ Web Site လေးကတော့
http://www.free-codecs.com ပါ ။ လိုချင်တယ်ဆိုရင် သူ့ Official ကနေ  ရယူ လို့ရနိုင်ပါတယ် ။ အားလုံး ပျော်ရွှင်နိုင်ကြပါစေ။

No comments:

Post a Comment