Monday, September 3, 2012

ကျွန်တော် သဘောကျသော Animation ( How ParaNorman used 3D printing )

Animation ပိုင်းတွေ ကျွန်တော် တော်တော်လေးကို စိတ်ဝင်စားပါတယ် ။ သိသလား ဆို မသိဘူးလို့ပြောရမှာပဲ .. နားလည်လားဆိုလည်း မနားလည်ပါဘူး ။ အေးအေးတွေးမယ်ဆို ရေးရေးပေါ်လောက်အောင် ပဲ သိပါတယ် ။ Cartoon Animation တွေက ပုံပေါင်းများစွာ ဆွဲပီး Frame ပေါင်းများ စွာ ပေါင်းစပ်လိုက်တဲ့အချိန်မှာ Smooth ဖြစ်တဲ့ ကြည့်လို့အလွန်ကောင်းတဲ့ Tom & Jerry လို ကားမျိုးတွေ ဖြစ်လာပါတယ် ။ ခုနောက်ပိုင်း Animation တွေ မှာ Special Effect လိုဟာတွေ အများကြီး ထည့်နိုင်လာနဲ့ အမျှ လူနဲ့ ကာတွန်းပေါင်းရိုက်တာတွေ တောင်ပေါ်လာပါတယ် .. ဒါတွေကျတော့လည်း Computer မှာ Cartoon တွေ Frame ချ Effect တွေထည့် Animation အတွက် Guide Line တွေ နဲ့ အများကြီးပါပဲ .. တချို့ Animation တွေကျတော့လည်း 3D ဇာတ်ကောင်တွေ ဆောက် .. Body Line တွေနဲ့ လူတွေမှာ Censor တွေတပ် .. လူတွေ နဲ့ အရုပ်တွေနဲ့ Action လုပ်တဲ့ နေရာတွေ Computer မှာ Join ပီး Animation လုပ်တာတွေ အများကြီးမှ အများကြီးပါပဲ ။

၁ခါ က ( ၇ တန်း နှစ်လောက်က ဖြစ်မယ်ထင်တယ် ) penguin ကားလေး TV မှာ ပြဖူးတယ် ။ penguin လေးတွေနဲ့ နောက်ခံပုံတွေက တော်တော်လေး 3D ဖြစ်တယ် ။ Animation ကျတော့ ထစ်ထစ်ကြီးရယ် ။ သိပ်မကြိုက်ဖူးပေါ့ .. မသိရင် အခွေထစ်နေသလိုပဲ .. Frame နည်းလို့လေ ။အဲ့တုန်းက Computer ပိုင်းတွေ Technology ပိုင်းတွေ အားနည်းလို့ ဖြစ်မယ်လို့ တွေးခဲ့ပါတယ် ။ အဲ့လိုလည်းထင်ခဲ့တာပဲ ..
 ဒီလိုနဲ့ လွန်ခဲ့တဲ့ ၁ လက Pirate Animation ကား ၁ ကား ကြည့်တော့ အဲ့လို မျိုး နည်းနည်း ထစ်နေပြန်ရော ။ ခု ခေတ် ခု ချိန်နဲ့ဆို Technology ပိုင်း အရအားနည်းတာ လုံးဝ မဖြစ်နိုင်တော့ဘူး ။ ဒါပေမယ့် အဲ့လို ဖြစ်နေတော့ ဘာကြောင့်လဲ လို့တွေးမိပါတယ်။ သူတို့ပဲ အချိန်မပေးနိုင်လို့များလား ။။ အစရှိသဖြင့်ပေါ့ ။ မဖြစ်နိုင်တာတွေ လျှောက်တွေးရင်းနဲ့ပဲ အချိန်ကုန်သွားခဲ့ပါတယ် ။
ခု ParaNorman ဆိုတဲ့ ကားလေး Poster တွေ့တော့ ကောင်းမလားဆိုပီး ဝင်လေ့လာတော့မှ သြော် ဒီလိုပါလားဆိုတာတွေ နဲ့ အံ့အားသင့်စရာ တွေ များစွာ ကြုံမိပါတယ် ။ ကျွန်တော်ရဲ့ လေ့လာမှုအား ညံ့ဖျင်းမှုကို သေချာ သိစေတဲ့ အရာတွေ အများကြီး ဖြစ်ပါတယ် ။

အမှန် တော့ ဒီဇာတ်လမ်းတွေက 3D stop-motion animated ပဲ ဖြစ်ပါတယ် ။

ဇာတ်လမ်း ၁ခုဖြစ်ဖို့ ဇာတ်ကောင်တွေကို အပြင်မှာ တည်ဆောက်ရပါတယ်။ ပါဝင်တဲ့ ဇာတ်ကောင်ပါင်း များစွာ လုပ်ရပါတယ် ။ နောက်ခံ Background တွေ ပြုလုပ်ရပါတယ် ။ Action တွေ အကြောင်း နားလည်ရပါမယ်။ ပညာရှင်ပေါင်းများစွာ လိုပါတယ် ။ ပုံပေါင်းများစွာ ရိုက်ရပါတယ် ။ Frame ပေါင်းများစွာ ပေါင်းစပ်ရပါတယ် ။  နောက်ဆုံး ဇာတ်ကောင် ၁ ကောင်အတွက် မျက်နှာက ပြုံးတဲ့ Action ၁ ခုအတွက်တောင် များစွာသော အစိတ်အပိုင်းတွေ တည်ဆောက်ရပါတယ် ။
 ဇာတ်ကောင်လေးတွေ Action အတွက် သေချာတဲ့ အပိုင်းလေတွေ တိကျတဲ့ အပိုင်းလေးတွေ သုံးရပါတယ် ။






အပေါ်မှာ တွေ့ရတဲ့ ပုံတွေဟာဆိုရင် ဘယ်လို တည်ဆာက်ထားတယ်ဆိုတာကို သိလာနိုင်တဲ့ ပုံတွေပဲဖြစ်ပါတယ် ။ Frame ပေါင်းများစွာ အချိုးချပြေပြစ်အောင် အချိန်ပေါင်းများစွာ ယူပီးပြုလုပ်ရပါတယ်။ ဒါလေးတွေက သိပီးသားတွေလည်း ဖြစ်နိုင်ပါတယ် ။ ကျွန်တော် လိုမျိုး မသိတဲ့ သူတွေများ သိသွားမယ် သဘောကျမယ် ဆိုရင် ပျော်မိမှာပါ ။ ပီးတော့ ဒါလေးက Animation စိတ်ဝင်စားခဲ့ပေမယ့် ကျွန်တော့် အသက် ၂၄ (တော်တော်လေးကို လေ့လာမှုအား ညံ့ဖျင်းသောကျွန်တော်)သိခဲ့ရတဲ့ အတွက်  မှတ်တမ်းမှတ်ရာလေး ၁ ခုလည်း ဖြစ်ပါတယ် ။ အားလုံးပျော်ရွှင်နိုင်ကြပါစေ ။ သေချာတာကတော့ ကျွန်တော် 3D Animation တို ၁ ခုကို ပြုလုပ်ဖြစ်အောင် ကြိုးစားဦးမှာ သေချာပါတယ် ။။ :)
* ကြည့်ချင်တယ်ဆို ဇာတ်ကား Link လေး  ...
*  ParaNorman (2012) *


ဒါလေးကိုကြည့် ကြည့်ပါဦးလား .. ဘယ်လိုတွေ လုပ်ထားလဲ ဆိုတာပေါ့ ..


ParaNorman - Faces of ParaNorman from Grow Film Company on Vimeo.

No comments:

Post a Comment