
ခုနောက်ပိုင်း Developer တွေပဲ အရမ်းကိုတော်လာတာလား ။ ရှာဖွေ မျှဝေသူတွေပဲ အရမ်းတော်လားလား ။ နည်းပညာပဲ အရမ်းမြင့်လာလား မပြောတတ်ဘူး ။ မဖြစ်နိုင်တဲ့ အလန်းစား App တွေ အမိုက်စား App တွေ တွေ့တွေ့နေရတတ်တယ် ။ ဟို ၁ ခါကလည်း ဖုန်းထဲကို application လေးထည့်ထားတာနဲ့ webcam ဘယ်နားမှာ ရှိလည်းသိနိုင်တဲ့ application မျိုးပေါ့ ။ ဟော .. ခုလည်းတွေ့ပြန်ပါပီဗျာ ။ Call Locater တဲ့ ။ ဟို ကြေညာထဲက ပြောသလိုဆိုရင်တော့ ... သူ့အရသာက ဘယ်လိုပြောရမလဲ .. ဘယ်လိုပြောရမလဲပေါ့နော် ။ End User တွေကိုတော့ အပြစ်မပြောလိုပါဘူး ။ User ဆိုတာကတော့ သုံးချင်တယ် သုံးလို့အဆင်ပြေတယ်ဆိုသုံးကြမှာပဲလေ ။ ပြောချင်တာက မျှဝေသူတွေပါ ။ ကျွန်တော့်လို ငပေါမျိုးပေါ့ ။ အားလုံးကိုစော်ကားသလိုဖြစ်သွားဦးမယ် Sorry ဗျာ ။ အမှန်ကျွန်တော်ပြောချင်တာက ကိုယ်မျှဝေတာက ကိုယ်စမ်းသပ်ဖူးရမယ် ။ အဆင်ပြေမပြေသိရမယ် ။ ကိုယ့်မျှဝေတဲ့ အရာရဲ့ Knowledge ကိုသိရမယ် ။ လူတိုင်းမှားတတ်ကြပါတယ် ။ အမှားနဲ့မကင်းပါဘူး ကျွန်တော်ဆို မှားလိုက်တာမှ သောက်သောက်လဲ ။ ဒါပေမယ့် ကိုယ် Share လုပ်လိုက်တာ မှားနေတယ်ဆိုရင် တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဗျ ။ ဒါ့အပြင် သိတဲ့အတိုင်း ခုခေတ်ကြီးကလည်း ဟေလား ဟားလားနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိဖွတတ်ကြတာ ပိုဆိုးတယ်ဗျာ ။ ဖောနေတာများပီ ။ ခုနက App လေး ၂ ခုကို သိသလောက် အနည်းငယ်ရှင်းပြပါ့မယ် ။
မရှင်းခင်ကတည်းက ကျွန်တော်အရမ်းမသိပါဘူး ။ သိတဲ့ Knowledge လေးနဲ့ တွေးပီးစဉ်းစားမိတာလေးကို ပြန် Share လုပ်ပေးတာပါ ။ အဲ့တော့ မှားနေတာလေးတွေ ထောက်ပြပေးပါ ။ ပြောဆိုပေးပါ ။
ပထမဆုံး ပြောချင်တာကတော့ ဟို ၁ ခါက ခေတ်စားသွားတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ Webcam လေးတွေဘယ်မှာ ရှိလဲဆိုတာ သိတယ်ဆိုတဲ့ App လေးပါ ။ Google Store တတ်ရှာကြည့်ပါတယ် ။ Webcam ဘယ်နားမှပြလဲ သေချာသိနိုင်တဲ့ App လေးတွေ အများကြီးပါ ။ လူတွေလည်း အရမ်းသဘောကျ သုံးကျပါတယ် ။ တကယ်လည်း အသုံးဝင်လို့ သဘောကျကြိုက်ကြတာပါ ။ ဒီနေရာမှာ ၁ ခု ဖြတ်ပြောပါရစေ ။ Webcam ဆိုတာ ဘာလဲ ? ဘယ်နေရာတွေမှာသုံးတာလဲ ? ဘာအတွက်သုံးတာလဲ ? ပုံမှန်ဆို ဒီမှာက Webcam ဆိုရင် Computer မှာ တပ်တဲ့ Webcam ပြေးမြင် ။ ဒါမှမဟုတ် ခိုးရိုက်တတ်တဲ့ Webcam ကို ပြေးမြင်မှာပါ ။

Call Locater အတော်များများရဲ့ အလုပ်လုပ်ပုံ ကို နောက် ၁ ပိုင်းမှာ ထပ်ရှင်းပါမယ် ။ အဲ ထပ်ဖောပါမယ် ။ :D အားလုံးပဲ ၁ ခုခု သိတယ်ဆို ကြေနပ်မိမှာပါ ။ အားလုံးအဆင်ပြေကြပါစေ ။
No comments:
Post a Comment