
ကျွန်တော် စာအုပ်မျက်နှာပေါ် လျှောက်သွားနေတုန်း အမည်းစက်လေး ၁ ခုပုံမှာ ဘာမြင်လည်းဆိုပီး မေးထားတယ် ။ ဖြေတဲ့သူက အမည်းစက်လေး မြင်တယ်ဆိုတော့ ဘေးက အဖြူရောင်တွေ ကို ဘာလို့မမြင်လဲတဲ့ ။ အဖြူကို မမြင်တဲ့သူအမှားလား ။ အနက်စက်ကို မမြင်တဲ့သူအမှားလား ။ မေးခွန်းသေချာမေးတဲ့သူအမှားလား ။ ဘယ်သူမှန်မယ်ထင်လည်း (ကျွန်တော် ၁ ယောက်ထဲ မှားနေတာဖြစ်ကောင်းဖြစ်နိုင်တယ်) ။ ဖြစ်တည်နေတဲ့ အခြေအနေ ၁ ခုမှာ ထူးဆန်းမှုကို အာရုံစိုက်ဖို့ ပိုမလိုဘူးလား ။ အားလုံးကို မြင်နိုင်စွမ်းရှိပေမယ့် အရေးကြီးတဲ့ Short Point တွေကိုပဲ လိုအပ်ကြတာမဟုတ်ဘူးလား ? ဥပမာဗျာ - မှဲ့ခပ်ကြီးကြီး မျက်နှာပေါ်မှာ ရှိတဲ့သူကို ပြပီး ဘာမြင်လည်းမေးလို့ မျက်စိမြင်ပါတယ် ပါးစပ်မြင်ပါတယ် နှာခေါင်းမြင်ပါတယ် စရှိသဖြင့်ဖြေရမှာလား ? ဘုရင့်သားခွေးကြည့်ခိုင်းတာထက်ဆိုးတယ် ဆိုတာမျိုးပြောချင်လား ။ ရပါတယ် ။ ကိစ္စမရှိပါဘူးဗျာ - မင်းခိုက်စိုးစံ ဝတ္ထု ထဲကလို အမွှေးနှုတ်ထားတဲ့ ကြက် ၁ ကောင်ယူလာပီး Charles Darwin ရဲ့ လူလို့ ပြောပေးပါ့မယ် ။
No comments:
Post a Comment