
Wednesday, July 10, 2013
မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၂)

Labels:
Knowledge
Tuesday, July 9, 2013
မသိသူ ကို မတတ်သူဖောခြင်းအား တတ်ယောင်ဝါးကပြန်ဖောခြင်း (၁)

ခုနောက်ပိုင်း Developer တွေပဲ အရမ်းကိုတော်လာတာလား ။ ရှာဖွေ မျှဝေသူတွေပဲ အရမ်းတော်လားလား ။ နည်းပညာပဲ အရမ်းမြင့်လာလား မပြောတတ်ဘူး ။ မဖြစ်နိုင်တဲ့ အလန်းစား App တွေ အမိုက်စား App တွေ တွေ့တွေ့နေရတတ်တယ် ။ ဟို ၁ ခါကလည်း ဖုန်းထဲကို application လေးထည့်ထားတာနဲ့ webcam ဘယ်နားမှာ ရှိလည်းသိနိုင်တဲ့ application မျိုးပေါ့ ။ ဟော .. ခုလည်းတွေ့ပြန်ပါပီဗျာ ။ Call Locater တဲ့ ။ ဟို ကြေညာထဲက ပြောသလိုဆိုရင်တော့ ... သူ့အရသာက ဘယ်လိုပြောရမလဲ .. ဘယ်လိုပြောရမလဲပေါ့နော် ။ End User တွေကိုတော့ အပြစ်မပြောလိုပါဘူး ။ User ဆိုတာကတော့ သုံးချင်တယ် သုံးလို့အဆင်ပြေတယ်ဆိုသုံးကြမှာပဲလေ ။ ပြောချင်တာက မျှဝေသူတွေပါ ။ ကျွန်တော့်လို ငပေါမျိုးပေါ့ ။ အားလုံးကိုစော်ကားသလိုဖြစ်သွားဦးမယ် Sorry ဗျာ ။ အမှန်ကျွန်တော်ပြောချင်တာက ကိုယ်မျှဝေတာက ကိုယ်စမ်းသပ်ဖူးရမယ် ။ အဆင်ပြေမပြေသိရမယ် ။ ကိုယ့်မျှဝေတဲ့ အရာရဲ့ Knowledge ကိုသိရမယ် ။ လူတိုင်းမှားတတ်ကြပါတယ် ။ အမှားနဲ့မကင်းပါဘူး ကျွန်တော်ဆို မှားလိုက်တာမှ သောက်သောက်လဲ ။ ဒါပေမယ့် ကိုယ် Share လုပ်လိုက်တာ မှားနေတယ်ဆိုရင် တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဗျ ။ ဒါ့အပြင် သိတဲ့အတိုင်း ခုခေတ်ကြီးကလည်း ဟေလား ဟားလားနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိဖွတတ်ကြတာ ပိုဆိုးတယ်ဗျာ ။ ဖောနေတာများပီ ။ ခုနက App လေး ၂ ခုကို သိသလောက် အနည်းငယ်ရှင်းပြပါ့မယ် ။
Labels:
Knowledge
Monday, July 8, 2013
စိတ်ညစ်ညူးမှု (၁)

ကျွန်တော် စာအုပ်မျက်နှာပေါ် လျှောက်သွားနေတုန်း အမည်းစက်လေး ၁ ခုပုံမှာ ဘာမြင်လည်းဆိုပီး မေးထားတယ် ။ ဖြေတဲ့သူက အမည်းစက်လေး မြင်တယ်ဆိုတော့ ဘေးက အဖြူရောင်တွေ ကို ဘာလို့မမြင်လဲတဲ့ ။ အဖြူကို မမြင်တဲ့သူအမှားလား ။ အနက်စက်ကို မမြင်တဲ့သူအမှားလား ။ မေးခွန်းသေချာမေးတဲ့သူအမှားလား ။ ဘယ်သူမှန်မယ်ထင်လည်း (ကျွန်တော် ၁ ယောက်ထဲ မှားနေတာဖြစ်ကောင်းဖြစ်နိုင်တယ်) ။ ဖြစ်တည်နေတဲ့ အခြေအနေ ၁ ခုမှာ ထူးဆန်းမှုကို အာရုံစိုက်ဖို့ ပိုမလိုဘူးလား ။ အားလုံးကို မြင်နိုင်စွမ်းရှိပေမယ့် အရေးကြီးတဲ့ Short Point တွေကိုပဲ လိုအပ်ကြတာမဟုတ်ဘူးလား ? ဥပမာဗျာ - မှဲ့ခပ်ကြီးကြီး မျက်နှာပေါ်မှာ ရှိတဲ့သူကို ပြပီး ဘာမြင်လည်းမေးလို့ မျက်စိမြင်ပါတယ် ပါးစပ်မြင်ပါတယ် နှာခေါင်းမြင်ပါတယ် စရှိသဖြင့်ဖြေရမှာလား ? ဘုရင့်သားခွေးကြည့်ခိုင်းတာထက်ဆိုးတယ် ဆိုတာမျိုးပြောချင်လား ။ ရပါတယ် ။ ကိစ္စမရှိပါဘူးဗျာ - မင်းခိုက်စိုးစံ ဝတ္ထု ထဲကလို အမွှေးနှုတ်ထားတဲ့ ကြက် ၁ ကောင်ယူလာပီး Charles Darwin ရဲ့ လူလို့ ပြောပေးပါ့မယ် ။
Labels:
Emotion
Thursday, July 4, 2013
Ardfry PSD Codec

အလုပ်က သိပ်မရှိပဲ ကို ရှုပ်တတ်တယ် ။ PSD ဖိုင်တွေကို Design လုပ်ဖို့တဲ့ အထဲမှာ ပုံတွေပါတယ်တဲ့ .. အများကြီးရယ် ။ ကြည့်ဖို့က ပုံမှန်ဆို Adobe Bridge သုံးမလား ၁ ခုခုသုံးရတော့မယ် ။ အဲ့တော့ လွယ်လွယ်နဲ့ အထဲဖိုင်က ပုံကို သိချင်လာတော့ ထုံးစံအတိုင်း ရှာရဖွေရပီပေါ့ ။ Window 7 မှာတော့ လွယ်တယ် psicon.dll လေးကိုယူ ထားရမယ့်နေရာထား Register ကိုပြင်လိုက် မြင်ရကရော ။ Window 8 ကျတော့ မရဘူး ။ * ကျွန်တော် ၁ ခုခု လုပ်တဲ့အဆင့်မှားတာလည်းဖြစ်နိုင်ပါတယ် ။ အဲ့တော့ လူပိန်းနည်းဖြစ်တဲ့ Software ရှာပီပေါ့ ။
Subscribe to:
Posts (Atom)