Thursday, May 30, 2013

မရဲသည့်ငါ

မရဲသည့်ငါ

ငါ့ကောင်းကင် တိမ်မပါဘူး
ငါ့ဘာသာ မလိမ်ပါဘူး
အလွမ်းရင်မှာ မဆူးစေဖို့
မလှမ်းခင် ရင်ကိုနှိုးခိုက်
လျှောက်လှမ်းရမည့် ခရီး
ကြောက်လွန်းလှ တဲ့ကိုယ်
သတ္တိမရှိဘူး ဆိုချင်ဆို
ခံနှိုင်ရည်စွမ်း ပျောက်နေသည်မို့
မနမ်းရှိုက်ဝံ့သည့်
ဆူးများသည့် ပန်း

==================
အရိပ်စူး
==================

No comments:

Post a Comment