
File တွေ Folder တွေ Drives တွေ ပိတ်ထားချင်တယ် တခြားသူ ဖွင့်မကြည့်စေချင်ဘူးဆို သုံးလို့ ကောင်းတဲ့ Software လေး ၁ ခုပဲ ဖြစ်ပါတယ် ။ Drives တွေ ကို ပိတ်ချင်တယ်ဆိုရင် Window Vista နောက်ပိုင်းကနေ Window မှာ ကိုယ်ပိုင် ပါလာပီးသားဖြစ်တဲ့ Bitlocker ကို သုံးလို့တော့ရပါတယ် ။ ဒါပေမယ့် Encrypt လုပ်တာတော့ တော်တော်ကြာတယ်လို့ထင်တာပဲ ။ ဒါလေးကတော့ Lock တွေ Encrypt တွေ လုပ်တဲ့အထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Software လေး ၁ ခုပဲ ဖြစ်ပါတယ် ။
ဒါလေးက Portable လိုမျိုး Stick ထဲမှာ လည်းယူသွားလို့အဆင်ပြေပါတယ် ။ ပီးတော့ USB / CD တွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ် ။ အရင် version 4 လောက်ကသာ သုံးဖူးတာဖြစ်လို့ ခု နောက်ဆုံးထွက် Version 7 ကိုတော့ သေသေချာချာ မစမ်းရသေးလို့ အသေးစိတ်မပြောတော့ပါဘူး ။ လိုတယ်ဆို စမ်းပီး သုံးကြည့်ပေါ့ ။ အဆင်ပြေပါလိမ့်မယ် ။ အားလုံးပျော်ရွှင်နိုင်ကြပါစေ ။
No comments:
Post a Comment