Post ၁ ခုလောက်လည်း တင်ချင်တယ် ။ ဘာတင်ရမလဲ ဆိုတာလည်းမသိ ။ အပျင်းကလည်းတစ်နေသေးတယ် ။ ဘော်ဒါ ၁ ယောက်က သူ့ စက်မှာ Usb port တွေကို ပေးမသုံးချင်လို့တဲ့ ။ မကူးစေချင်တာလည်း ဖြစ်မှာပေါ့ ။ အဲ့ဒါဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုလို့ Software တွေလည်း မပေးချင်တာနဲ့ Register မှာ ဝင်ပြင်တဲ့ ဟာလေးနဲ့ Command ကနေ ပြောင်းတဲ့ ဟာလေးကို တွေ့လို့ပြန် Share ပေးလိုက်ပါတယ် ။ ၁ ခုခု ဆို Software ဆိုတာကြီး ကိုတန်းတ နေရတာ အလုပ်ရှုပ်တယ်လို့ ခံစားမိလာလို့ပါ ။ တတ်နိုင်သလောက် ကိုယ့် PC ထဲက ဟာနဲ့ ပဲ လုပ်လို့အဆင်ပြေရင် ကောင်းတယ်လို့ထင်တာပဲ ။ ၁ ခုတော့ ရှိတယ် ကိုယ့်စက်ကို ဝင်ကိုင်ခွင့်ပေးလိုက်ပီ ဆိုကတည်းက ပြန်ပီး hack သွားလို့ရနိုင်တယ် ဆိုတာတော့ မမေ့နဲ့ပေါ့ဗျာ ။ ဘာလို့လဲ ဆိုတော့ ကိုယ့် စက်၁ခုလုံးတောင် သုံးခွင့်ပေးထားမိတာကိုး ။ ထားပါတော့ ခု ကတော့ Admin Right ကနေလုပ်ရမယ့် ဟာလေးတွေဖြစ်ပါတယ် ။
Thursday, March 28, 2013
Sunday, March 24, 2013
You have been denied permission to access this folder.

Network မှာ Folder တွေကို Share ပေးတဲ့အခါမှာ ကိုယ်ပေးလိုက်တဲ့ အပိုင်း Folder ထဲမှာမှ ကိုယ်မပေးချင်တဲ့ Folder တွေ ကို Permission ပိတ်ထားတတ်ကြတယ် ။ ဒါမှမဟုတ်လည်း User အများကြီးသုံးတဲ့ စက်မှာ ကိုယ်ကပဲ ဝင်လို့ရအောင် Security ပိုင်းအရ Permission တွေပိတ်ထားလို့ရတယ် ။ ဒီ User နဲ့ ဝင်မှပဲ ရမယ် ။ တခြားသူကို မရအောင်ပေါ့ ။ အဲ့အချိန်မှာ Window Version တင်တာပဲ ဖြစ်ဖြစ် Window ထပ်တင်တာပဲ ဖြစ်ဖြစ်လုပ်လိုက်တဲ့ အချိန်မှာ ကိုယ် Permission တွေ ပေးထားခဲ့တဲ့ Folder တွေက ဝင်မရပဲ ဖြစ်သွားတတ်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ Owner ပြောင်းသွားတဲ့အတွက် သူက ကိုယ့်ကို ပိုင်ရှင်မှန်းမသိတော့တဲ့ အတွက် Security အရ ပေးဝင်ခွင့်မပေးတော့တာပဲ ဖြစ်ပါတယ် ။ အဲ့လိုမျိုး ကျွန်တော့်အသိ ၁ ယောက် ဖြစ်တော့ အလွယ်ဆုံး ဘယ်လို ဖြေရှင်းရမလဲ လိုက်ရှာရင်း တွေ့တာလေး Share ပေးလိုက်ပါတယ် ။ ကိုယ်ဖြစ်ခဲ့ရင်ပဲ ဖြစ်ဖြစ် အသိမိတ်ဆွေတွေ ဖြစ်ခဲ့ရင်ပဲ ဖြစ်ဖြစ် အသိပညာအနေနဲ့ မှတ်ထားချင်ပဲ ဖြစ်ဖြစ် အဆင်ပြေအောင်ပါ ။
Wednesday, March 20, 2013
MyLanViewer Network/IP Scanner

Network scan တွေကို တွေ့လိုက် ကြိုက်လိုက် တင်ပေးလိုက်နဲ့ တော်တော်လေးကို များလာပီ ။ :P
ကိုယ့် Network မှာ သုံးနေတဲ့ စက်တွေရဲ့ Detail လေးတွေ တော်တော်လေးကို တွေ့နိုင်ပါတယ် ။ဒါလေးလည်း တော်တော်လေးကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်တဲ့ IP scanner လေးပဲ ဖြစ်ပါတယ် ။ သုံးရတာလည်း လွယ်ပါတယ် ။ ပြထားတဲ့ Detail လေးတွေကလည်း တော်တော်လေးကို ပြည့်စုံတာတွေ့ရပါတယ် ။ UI လေးကလည်း မဆိုးဘူးဗျ ။
Auto Power-on & Shut-down

Shut-down ကတော့ Schedule နဲ့ ပေးတာ Command လောက်နဲ့တင်အဆင်ပြေပေမယ့် Schedule နဲ့ Power On ဖို့အတွက်တော့ ခေါင်းစားဖူးတယ် ။ (ကျွန်တော်တော့ Command နဲ့ Power On ကို Schedule မပေးတတ်ဘူး ) ဒါလေးကတော့ Power On / Shut down တွေကို Schedule နဲ့ အလွယ်တကူပေးထားလို့ရတဲ့ Software လေး ၁ ခုပဲ ဖြစ်ပါတယ် ။
Tuesday, March 19, 2013
Connectify Hotspot Pro

Tuesday, March 12, 2013
Wireless Network Watcher

ကိုယ်ရဲ့ Network က လေးနေလို့လား ။ ဒါဆိုဘယ်သူတွေ သုံးနေလဲ ? ကိုယ့် သုံးနေတဲ့ Network ထဲမှာ ဘယ် ၂ ယောက်သုံးနေလဲ ဆိုတာမျိုးသိချင်တယ်ဆိုရင် Command ကနေ net view ဖြစ်ဖြစ်ကြည့်လို့ရတယ်ဆိုတာ သိပီးသားဖြစ်မှာပါ ။ ဒါပေမယ့် net view က အပြည့်အစုံ မဖော်ပြနိုင်ပါဘူး ။ Ping Request ပိတ်ထားတဲ့ စက်တွေလိုမျိုးပေါ့ ။ ထားလိုက်ပါတော့ ခုပြောချင်တာကတော့ ကိုယ့် Network ထဲမှာ သုံးနေတဲ့ စက်တွေ အားလုံးကို သေချာ သိနိုင်တဲ့ Software လေး ၁ ခုပဲဖြစ်ပါတယ် ။
Convert FAT32 to NTFS With Command (Without Formatting or Losing Data)

Fat 32 ကနေ Ntfs ကို ချိမ်းဖို့ လိုလာတဲ့ အချိန်တွေက 4GB ထက်ကြီးတဲ့ File ကို Copy လုပ်ပီးထည့်တော့မယ်ဆိုမှ ပြဿနာက စတော့တာပါပဲ ။ ပုံမှန်အားဖြင့် Pen Drive တွေ စပေါ်တုန်းက 4GB လောက်တုန်းက 4GB ထက်ကြီးတဲ့ File ကူးဖို့ဆိုတာလည်းမရှိပါဘူး ။ နောက်ပိုင်း 16GB တို့ 32GB တို့ ပေါ်လာတဲ့အချိန်ကျမှ ISO ပဲ ဖြစ်ဖြစ် Mp4 လို ဖိုင် Size အကြီးတွေကူးတော့မှ သိသာလာတာပါပဲ ။ Window တွေ စတုန်းကတော့ Fat သုံးလာပေမယ့် နောက်ပိုင်းမှာ Window က ntfs system ကိုပြောင်းသုံးလာပါတယ် ။ Mac ကတော့ ကျွန်တော်သိသလောက် ခုချိန်ထိ fat သုံးတုန်းလို့ပဲ သိပါတယ် ။ ထားပါတော့ ဖောတာလည်း နည်းနည်းများသွားပီ ။ အဲ့လို ကိုယ် Data သိမ်းမယ့် System က Fat လည်းဖြစ်နေပီ ။ Data တွေလည်း မပျက်ချင် ။ သိမ်းရမယ့်နေရာလည်းမရှိ ။ Software ကလည်း ဘာသုံးရမှန်း မသိဘူးဆိုရင်တော့ စိတ်ညစ်စရာ အခြေအနေ ကိုရောက်သွားပါပီ။ ခုပြောမယ့် fat32 to ntfs ကတော့ convert command လေးပဲ ဖြစ်ပါတယ် ။
Friday, March 8, 2013
IObit Unlocker 1.0

အရှေ့ Post ၁ ခုမှာ Folder တွေကို Delete လုပ်လို့မရအောင် ။ Delete လုပ်လို့ရအောင် bat file လေးတွေနဲ့ ဆေးထိုးထားတယ် ။ :D ဒါလေးကတော့ Delete လုပ်လို့ မရအောင်လုပ်ထားတာမဟုတ်ပဲ ဒီတိုင်းဘယ်လိုမှ ကို ဖျက်လို့ နာမည်ပြင်တာတို့ လုပ်လို့မရဘူးဖြစ်နေတာ ။ တခြား System file ထဲမှာ အလုပ်လုပ်နေလို့ Delete / Rename စသဖြင့် Permission ပိတ်နေတာကိုကို Unlock လုပ်ပေးတဲ့ Software လေး ၁ခုပဲ ဖြစ်ပါတယ် ။ Window xp လောက်တုန်းကတော့ i locker လေး သုံးဖြစ်ပေမယ့် 7 / 8 တို့ကျတော့ အဆင်မပြေတော့ဘူး ။ ဒီကောင်လေးကတော့ window xp ကအစ 8 အထိ အဆင်ပြေပါတယ် ။ ကျွန်တော်ကတော့ ခု Window 8 နဲ့ စမ်းတာအဆင်ပြေပါတယ် ။
How To Lock and Unlock (Without Software)

Folder တွေ ကို ဘာ Software မှ မပါပဲ Lock / Unlock လုပ်တာလေးပါ ။ ဒီ Lock / Unlock ဆိုတာက Folder ကို ပိတ်ထားတာမဟုတ်ပဲ ဖျက်လို့မရအောင်လုပ်ထားတာ ဖျက်လို့ ပြန်ရအောင်လုပ်တာ ကို ပြောချင်တာပါ ။ ဘယ်နေရာမှ အသုံးဝင်လဲဆိုရင်တော့ ကိုယ်မဖျက်စေချင်တဲ့ Folder တွေ ရှိတယ် မှားဖျက်မိမှာ ဆိုးတဲ့အချိန်မှာ သုံးထားရင် အသုံးဝင်ပါတယ် ။ Lock လုပ်လိုက်ရင် Control Panel ထဲမှာ သွားမှတ်ထားမယ် ။ Unlock လုပ်လိုက်ရင်တော့ Control Panel ထဲက နေပြန်ဖျက်ပေးလိုက်တာပါ ။ ဒါလေး စမ်းတုန်းက Lock လုပ်တာကတော့ အဆင်ပြေပါရဲ့ ။ Unlock ပြန်လုပ်ရင် ချက်ချင်းကြီး ပြန်ဖျက်လို့မရတာမျိုးဖြစ်ပါတယ် ။ Window explorer ကို Restart ပြန်လုပ်မှ အဆင်ပြေပါတယ် ။ ကလိချင်တဲ့သူတွေ ကလိလို့ရအောင်နဲ့ သတိထားလို့ရအောင်ပါ ။
folder lock 7.1.8

File တွေ Folder တွေ Drives တွေ ပိတ်ထားချင်တယ် တခြားသူ ဖွင့်မကြည့်စေချင်ဘူးဆို သုံးလို့ ကောင်းတဲ့ Software လေး ၁ ခုပဲ ဖြစ်ပါတယ် ။ Drives တွေ ကို ပိတ်ချင်တယ်ဆိုရင် Window Vista နောက်ပိုင်းကနေ Window မှာ ကိုယ်ပိုင် ပါလာပီးသားဖြစ်တဲ့ Bitlocker ကို သုံးလို့တော့ရပါတယ် ။ ဒါပေမယ့် Encrypt လုပ်တာတော့ တော်တော်ကြာတယ်လို့ထင်တာပဲ ။ ဒါလေးကတော့ Lock တွေ Encrypt တွေ လုပ်တဲ့အထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ Software လေး ၁ ခုပဲ ဖြစ်ပါတယ် ။
Text to Voice ( Use Notepad )

ဒါလေး ကတော့ Computer ကနေ ကိုယ်ရေးလိုက်တဲ့ စာသားကို အသံပြန်ထွက် ပေးအောင် Notepad ကိုအသုံးပြုတဲ့ နည်းပဲ ဖြစ်ပါတယ် ။ Notepad ကနေ တခါတည်း ပုံသေရေးထားတဲ့ Text ကို Run လိုက်တာနဲ့ အသံထွက်ပေးတဲ့ နည်းနဲ့ ကိုယ်ကြိုက်တာ ရေးထည့်ပီး ပြန်အသံထွက်ပေးတဲ့ နည်း ၂ မျိုးကိုလုပ်ပြပါ့မယ် ။ ကျွန်တော်လည်း ဒီ နည်း ၂ ခုပဲ သိလို့ပါ ။ သိတယ်ဆိုရင် ပြန် Share ပေးပါဦး ။ :D
Thursday, March 7, 2013
Text To Speech # Voice # -- (Balabolka)

ဒါလေးကတော့ Text to speech ပြောင်းပေးနိုင်တဲ့ software လေးပဲ ဖြစ်ပါတယ် ။ အသံထွက်ကိုလည်း Voice အနေ နဲ့ သိမ်းထားလို့ရပါတယ် ။ Eng စာအုပ်တွေကို ဖတ်ခိုင်းပီး နားထောင်းတာမျိုး အသံထွက် ဘယ်လိုထွက်မလဲ ဆိုတာမျိုးကို ကြမ်းဖြင်း အသံထွက်ပေးနိုင်တဲ့ App လေးပဲ ဖြစ်ပါတယ် ။ Window ကနေ ဘာ Software မှ မလိုပဲ script ရေးပီး အသံထွက်ခိုင်းလို့ ရပေမယ့် End User တွေအတွက် Software လေးတွေက ပိုအဆင်ပြေတတ်ပါတယ် ။ voice အနေနဲ့ သိမ်းဖို့အတွက် ကျတော့ ဒါလေးတွေက ပိုအဆင်ပြေတာပေါ့ ။
Subscribe to:
Posts (Atom)