
Thursday, August 30, 2012
WritePad (Android)

Wednesday, August 22, 2012
WiFi File Explorer Pro (Android)

Monday, August 20, 2012
Unlocker 1.9.0 32x64 (Portable)

The Expendables 2 (2012)

The Expendables 2 (2012) - Action | Adventure - ၁၇ ရက်နေ့မှာ ထွက်တာပါ ။ The Expendables ပထမကား အတိုင်းပါပဲ ။ နာမည်ကြီး မင်းသားတွေ အများကြီးနဲ့ ရိုက်ထားတဲ့ Action ကား ၁ ကား ဖြစ်ပါတယ် ။ တချို့တချို့ပြောသလိုပါပဲ မည်သို့ မည်ပုံ ပြုလုပ်လိုက်သည်မသိ လူဆိုးများ မြေပေါ်တွင် လဲလှောင်းသွားလေတော့သည် လိုမျိုးပါပဲ :) // ပစ်လိုက် ချလိုက်တာ အလွန့်အလွန် ပါပဲဗျာ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ရှင် ဝါသနာပါသူတွေ ကြည့်သင့်တဲ့ ကား ၁ကားပဲပေါ့ ။ ကြည့်မယ်ဆို Link ကတော့ ....
*************** >>> Watch <<< ***************
Sunday, August 19, 2012
ဖုန်းဝယ်မယ်ဆိုရင် စစ်ဆေးသင့်တဲ့အချက်လေးတွေ

ပထမဦးဆုံးတော့ Call Quality ဆိုတဲ့ ဖုန်းခေါ်ဆိုမှု အရည်အသွေးကို စစ်သင့်ပါတယ်။ တချို့ဖုန်းတွေက ဖုန်းကောင်းဖြစ်ပေမယ့် အသံအရည်သွေး ညံ့တယ်ဗျ။ တစ်ခါတစ်လေတော့ အသံတိတ်တဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်းကြားရပေမယ့် အပြင်ထွက်လိုက်ပြီးတော့ ဆူညံတဲ့ပတ်ဝန်းကျင်မှာကျင် ကောင်းကောင်းမွန်မွန် မကြားရတော့ဘူးဗျ။ ဒါကြောင့်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဖြစ်စေ ဆူညံတဲ့ပတ်ဝန်းကျင်ဖြစ်စေမှာ ကောင်းကောင်းကြားရဖို့ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။
USB Disk Security 6.2

USB Stick တွေ အသုံးများတယ် သုံးတယ်ဆိုရင် ရှိထားသင့်တဲ့ Software လေး ၁ ခုပါ။ တော်ရုံတန်ရုံ လောက်တော့ Computer ထဲ မလိုတာတွေ မရောက်တော့ဘူးပေါ့။ သူက Stick မှာ ပါလာတဲ့ Autorun လို ဖိုင်တွေကို စစ်ပေးပါတယ် ။ Auto Delete လုပ်ပေးတယ် ။
IDM 6.12 Beta build 5 - FULL (Silent Install)

Friday, August 17, 2012
Revo Uninstaller Pro 2.5.8 (Portable)

WinRAR 4.20 Final (x86-x64)
WinRar ဆိုတာ ကွန်ပျူတာ ၁ လုံးမှာ ရှိသင့်တဲ့ Software ၁ ခုထဲမှာ အပါအဝင်ဖြစ်ပါတယ် ။ Online ပေါ်မှာ File တွေ Share တယ်ဆိုရင်လည်း Rar လုပ်ပီး Share ကြပါတယ် ။ Password ပိတ်ထားတယ်ဆိုရင်လည်း အထဲက Data တွေ File တွေ Virus ရန်က ကင်းဝေးစေပါတယ် ။ တချို့ဖိုင်တွေကိုလည်း တော်တော်လေး ကျုံ့သွားအောင်လုပ်ပေးနိုင်ပါတယ် ။ File Size တအားကြီးနေတယ်ဆိုလည်း ကိုယ်လိုချင်တဲ့ Size ဖြစ်အောင်ခွဲလို့ရပါတယ် ။ ဥပမာ- 7 GB လောက်ရှိတဲ့ ရုပ်ရှင်ဖြစ်ဖြစ် .. Data တွေ ဖြစ်ဖြစ် DVD Burn မယ်ဆို ပြဿနာရှိလာပါပီ ။ ခွဲသယ်လို့မရတာလေးတွေပေါ့ ။ အဲ့ဒါဆို File Size 4 GB လောက် File ခွဲလိုက်မယ်ဆို File ၂ File ခွဲထွတ်လာပီး ကူးသွားလို့အဆင်ပြေပါတယ် ။ လိုရင်လိုသလို အသုံးချလို့ Software လေး ၁ ခုလည်းဖြစ်ပါတယ် ။
Wednesday, August 15, 2012
Sign Into Multiple Same-Service Accounts
၁ ခါ ၁ လေ အကောင့် ၂ ခု .. ဒါမှ မဟုတ် ၂ ခုထက်ပိုရှိနေတတ်တဲ့ Accounts တွေ ရှိနေတတ်တယ် .. အဲ့လိုမျိုးဆို Gmail ဆိုရင်တော့ Add Account လိုမျိုး သူ့မှာ ပါလာတဲ့ Function သုံး ဖြေရှင်းလိုက်လို့ရပါတယ် ။ တခြား Service တွေ မှာ အဲ့လို Function တွေ မပါခဲ့ဘူးဆို Browser ၂ ခု ၃ ခု ဖွင့်ပီး သုံးရမလိုဖြစ်နေတတ်ပါတယ် .. အဆင်မပြေဘူးပေါ့ဗျာ .. အဲ့တော့ Browser ၁ ခု ထဲမှာ အကောင့် တွေ ခွဲတွေ သုံးလို့ရအောင်လုပ်တဲ့ နည်းလေးတွေ ရှိပါတယ် ။ အများဆုံး သုံးဖြစ်တဲ့ Browser ၃ ခု ဖြစ်တဲ့ ကျွန်တော်လည် သုံးနေကျ (1) Chrome (2) Mozillz (Firefox) (3) Internet Explorer (IE) တို့ မှာ ဘယ်လိုသုံးလို့ရလည်း ဆိုတာပါ ။

Sunday, August 12, 2012
The Lorax (2012)

The Lorax (2012) - Animation | Comedy | Family - မနေ့ ညကမှ ကြည့်ဖြစ်လိုက်တဲ့ ကာတွန်းကားလေး ဖြစ်ပါတယ် .. ဇာတ်ကားလေးက ပညာပေးလေးတွေပါ ပါနေတယ် .. ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ ရှိတဲ့ သင်ပင်တွေရဲ့ တန်ဖိုးလေးတွေကိုပါ ပြချင်တာလည်း ပါမယ်ထင်ပါတယ် .. သီချင်းလေးတွေနဲ့ ခပ်မြူးမြူး ဇာတ်ကားလေးဖြစ်တယ် .. မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် .. ဇာတ်ကောင်လေးတွေက အစ ချစ်ဖို့ကောင်းပါတယ် .. ကြည့်မယ်ဆို Link ကတော့ ....
******************* >>> Watch <<< *******************
Postal Codes Of Yangon

Labels:
Knowledge
Thursday, August 9, 2012
Traktor Digger (Android)

ဒါလည်း ဥာဏ်ကစားရတဲ့ Game လေး ၁ ခုပါပဲ .. ကိုယ်ကတော့ စက်ကြီးတွေ နေရာကနေ ဝင်ကစားပေးရမှာပေါ့ .. သူလိုချင်တဲ့ ရွှေတုံးလေးကို တင်ရမယ့်ကားပေါ် ရောက်အောင်ပို့ပေးရမှာဖြစ်ပါတယ် ..
One touch Drawing (Android)

My Way (2011)
My Way (2011) <KOREA> - Action | Drama | History - Korea ကားပါ .. တော်တော်လေးကို ကောင်းတဲ့ ဇာတ်လမ်း ၁ ခု ဖြစ်ပါတယ် .. ကိုရီးယား ကောင်လေး နဲ့ ဂျပန်ကောင်လေး ၂ ယောက်ရဲ့ ငယ်စဉ်ဘဝက စပီး ပြိုင်ဆိုင်လာတာကို ရိုက်ပြထားတာပါ ... အပြေးသန်တဲ့ ကောင်လေးတွေဖြစ်သလို အပြေးပြိုင်ပွဲတွေမှာ အပြိုင်အဆိုင် ၂ ယောက်လည်း ဖြစ်ပါတယ် .. စစ်ကားလေး ဆိုလည်းမမှားပါဘူး .. ၂ ယောက်က နိုင်ငံ ၃ နိုင်ငံ အတွက် စစ်မှုတောင် ထမ်းလိုက်ရပါသေးတယ် .. နောက်ဆုံး အချိန်ထိ အသက်ရှင်ဖို့ ဘယ်လို ကြိုးစားရုန်းကန်ရတယ်ဆိုတာ ကို ရိုက်ပြထားတဲ့ ဇာတ်ကား ၁ ခုလည်း ဖြစ်ပါတယ် .. ကြည့်မယ်ဆိုရင် Link ကတော့ ...
************* >> Watch (Part-1) << *************
************* >> Watch (Part-2) << *************
Brain Cube HD - Premium (Android)

နာမည်ကိုက Brain Cube .. ခေါင်းသုံးပီး ဆော့တာတွေ ကြိုက်တဲ့ သူတွေ အတွက်နောက်ထပ် ဂိမ်းလေး ၁ ခုပါပဲ .. ဒီလိုပုံစံ Idea တူ ဂိမ်းတွေ အများကြီးလည်း ထွက်ဖူးပါတယ် .. ဒါက HD လို့ ဆိုထားတော့ ပိုလည်း ကြည်တာပေါ့ .. အေးဆေး ခေါင်းသုံးပီး ဆော့တဲ့ သူတွေ အကြိုက်တွေ့မယ့်ဂိမ်း ၁ မျိုးပဲ ဖြစ်ပါတယ် ။
Wednesday, August 8, 2012
Sprinkle (Android)

ကာတွန်း နှင့် ကောမစ် ရေးဆွဲနည်း (ကာတွန်း- အောင်ရှိန်)
Tuesday, August 7, 2012
Step Up Revolution (2012)
Step Up Revolution (2012)- Drama | Music | Romance- Dance ကား ကြိုက်တဲ့ သူတွေ အတွက်ပေါ့ .. အထူးသဖြင့် Underground Dance ပေါ့ .. လမ်းဘေးအက လို့လည်း ပြောကြတာပဲ .. ခု အပတ်အတွက် ရုံတင်နေတဲ့ ကားလည်းဖြစ်ပါတယ် ..ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေး ၁ ခုဖြစ်မယ်ထင်တာပါပဲ .. အရင် Set Up ကားတွေလိုပဲ ကောင်းမယ်လို့ထင်ရတာပဲလေ .. ကြည်တော့မကြည်သေးပါဘူး .. ကြည့်မယ်ဆို Link ကတော့ ....
***************** >>> Watch <<< *****************
Unblock Me Free
အေးအေးဆေးဆေး နဲ့ ဦးနှောက် သုံးပီးဆော့ရတာကို ဝါသနာပါလား?

Monday, August 6, 2012
2012 August 5 အတွက် .. .. ..
၁ နှစ်ပြည့်မြောက်
၁ နှစ်ပြည့်မြောက်
အလွမ်းမပျောက်
သတိ တရ
ကိုယ်တိုင်တူးဖော်
ကြာသော် မမေ့နိုင်
ခင်သော သူငယ်ချင်းမို့
ရုပ်နမ် ခွာသော်
စိတ်နမ် ကျန်၍
အမှတ်ရမြဲ ရှိခဲ့သည်
Friday, August 3, 2012
မြန်မာ အကြွေစေ့များ
Design ၁ ခုလုပ်နေရင် ၁၀ ပြားစေ့ပုံ လိုချင်လို့ ဘော်ဘော်တွေ ဆီက လိုက်တောင်းရင်း အကြွေစေ့ပုံတွေ တော်တော်များများ ရလိုက်တယ် ။ အချို့ အကြွေစေ့တွေ ဆို မြင်တောင် မမြင်ဖူးဘူး . သူငယ်ချင်းတွေလည်း မြင်ရအောင် ပြလိုက်ပါတယ် .. (၅၀ တန်အကြွေစေ့ပါမလာဘူး .. သိသလောက်ကတော့ ။ ဒီထဲမှာ မပါတာတွေ ရှိရင်လည်း ပို့ပေးစေလိုပါတယ် )
LONGMAN (Dictionary of Contemporary English)
Dictionary ဆိုတာ ကျွန်တော်တို့ အတွက် လိုအပ်နေဆဲ အရာ၁ခုဖြစ်ပါတယ် .. ဖုန်းထဲမှာလည်း တော်တော်များများ Dictionary ထည့်ထားကြပါတယ် .. လိုခြင်ကြပါတယ် .. ဒါပေမယ့် .. Dictionary Applications တွေ တင်ပီး Run ကြည့်တော့မှ လိုချင်တဲ့ စာလုံးမရှိတာရယ် .. Online လိုတာရယ် ဆိုတာတွေက စိတ်ကို ကသိကအောင့် တော်တော်ဖြစ်ပါတယ် .. ဖုန်းတွေမှာ Internet တွေ ရနေပီဆိုတာတောင် Offline Mode ကို ပိုလိုချင်ပီး တောင့်တ မယ်လို့လည်းထင်ပါတယ် .. ခု ကျွန်တော်တင်ပေးမယ် Dictionary ကတော့ LONGMAN ပါ ..

iStund 2 (Android)
I-phone တွေ မှာ လည်းဆော့လို့ရတဲ့ Game ပါ Flash Games လေးတွေ တော်တော်များများ ဆော့လို့ရတဲ့ Miniclip က ထုတ်ထားတဲ့ Game လေးဖြစ်ပါတယ် .. iStund 2 ပါ .. ဖုန်းကို ဘယ်ညာ ယိမ်းပီး ဆော့ရတဲ့အတွက် ဆော့လို့ကောင်းတဲ့ Game ၁ခုပါ ..

File Size က 20.39 MB ဆိုတော့ ပေါ့ပေါ့ ပါးပါးနဲ့ ဆော့လို့ ကောင်းတဲ့ ဂိမ်း ၁ မျိုးလည်းဖြစ်ပါတယ် ..
Ted (2012)
Ted (2012) - Comedy ၊ Fantasy - ဒီ ၁ ပတ်ရဲ့ ဝင်ငွေ အကောင်းဆုံး ကားထဲမှာ ပါပါတယ် .. ဇာတ်လမ်းကတော့ Teddy Bear အရုပ်ကလေးနဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် .. လူနဲ့ အရုပ်တွဲရိုက်ထား တဲ့ ကားလေးပဲပေါ့ ။ Family ကြည့်ကောင်းမယ့် ဇာတ်လမ်းလေး ၁ ကားလည်း ဖြစ်ပါတယ် .. ကြည့်မယ်ဆို Link ကတော့ ......
*************** >> Watch << ***************
MX Player (Android)
.jpg)
Wednesday, August 1, 2012
IM+ Pro (Android)
Facebook, Skype, MSN/Live Messenger, Google Talk, Yahoo!, AIM/iChat .. များလိုက်တာကွာ .. သင့်ရဲ့ များလှစွာသော အကောင့်တွေကို သုံးဖို့ ဖွင့်ဖို့ IM+Pro လေးရှိမယ်ဆို အဆင်ပြေမယ်ထင်ပါတယ် .. :) ..
IM+ Pro မှာ အကောင့် တွေ အများကြီး ၁ ခါတည်းဖွင့်ထားလို့ရတယ် .. လိုတာဖွင့်မယ် မလိုတာ ပိတ်ထားမယ် .. ဖုန်းဖွင့်ပီး IM+ Pro ဖွင့်လိုက်တာနဲ့ တင်အားလုံးကို အကောင့်တွေ ဖွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပါပီ .. Chat ဖို့အတွက်တော့ အဆင်အပြေဆုံးလို့ ပြောရမလိုပါပဲ ..
Subscribe to:
Posts (Atom)